ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါတနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
လောင်းလုံးမြို့နယ်ရှိ အမျိုးသမီးတွေဟာ အောက်တိုဘာလ ၂ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
လောင်းလုံးမြို့နယ်ရှိ လူငယ်တွေ စုပေါင်းပြီး အောက်တိုဘာလ ၁ ရက်နေ့က လောင်းလုံးမြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
လောင်းလုံးမြို့နယ်ရှိလူငယ်တွေ နဲ့ အမျိုးသမီးတွေ ပူပေါင်းပြီး စက်တင်ဘာလ ၃၀ ရက်နေ့ က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
ထားဝယ်လူထုလှုပ်ရှားမှုသပိတ် ဖြိုခွင်းခံရပြီး ၄ ဦး ကျဆုံးခဲ့ရတဲ့ ၇ လပြည့်တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ လောင်းလုံးမြို့နယ်ရှိ လူငယ်တွေက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
လောင်းလုံးမြို့နယ်ရှိလူငယ်တွေဟာ စက်တင်ဘာလ ၂၅ ရက်ညနေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
ထားဝယ်ခရိုင် ကံပေါက်ဒေသမှာ စက်တင်ဘာလ ၂၄ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။