ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

နှစ်သစ်ကိုလည်းကြိုမယ်၊ ဖက်ဆစ်ကိုလည်းဖြိုမယ်

diz_admin

January 1, 2022

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသူ၊ ကျောင်းသားများနှင့် လူငယ်များက ယနေ့ (ဒီဇင်ဘာ ၃၁) နှစ်သစ်ကူးညတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ကြပါသည်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း

diz_admin

January 1, 2022

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

အိုမီခရွန် ဆူနာမီ

diz_admin

December 31, 2021

အသစ်တွေ့ထားတဲ့ အိုမီခရွန် ဟာ အရင် ဒယ်တာ ကိုဗစ်မျိုးကွဲထက်တော့ အားပျော့တယ်၊ ဆေးရုံတက်ရနိုင်ခြေ၊ ရောဂါပြင်းထန်နိုင်ခြေ နည်းတယ်လို့ တွေ့ထားပါတယ်။ ဒါပေမဲ့ လူမှုစီးပွား ထိခိုက်မှု ကြီးကြီးမားမား ရှိနိုင်ပါသေးတယ်။ ဒါကြောင့်ပဲ သူ့ကို ဆူနာမီ အိုမီခရွန်လို့ တင်စားကြပါတယ်။ အဲဒီ အကြောင်း ရုပ်သံကို တင်ဆက်ထားပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း

diz_admin

December 26, 2021

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

မီးသဂြိုဟ်စည်းကမ်း ဖြေလျော့လိုက်တဲ့ ထားဝယ်

diz_admin

December 23, 2021

ထားဝယ်သုသာန်မှာ အလောင်းမီးသဂြိုဟ်ချိန် ကန့်သတ်ချက်တွေ ဖြေလျော့လိုက်ပါပြီ။ အရင်ကဆိုရင် သုသာန်မှာ သရဏဂုံတင်ခွင့်မပြုတာ၊ အရိုးကောက်ခွင့်မပြုတာ စတဲ့ အချက်တွေကိုကန့်သတ်ထားတာပါ။ အလောင်းမီးသဂြိုဟ်ချိန်မှာ ဘယ်လိုအချက်တွေ ဖြေ‌လျှော့လိုက်လဲဆိုတာကို Dawei Watch က တင်ဆက်ထားပါတယ်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း

diz_admin

December 18, 2021

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

မိသားစု ဝမ်းရေးတိုက်ပွဲ

diz_admin

December 16, 2021

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကျပ်ငွေဈေးကျပြီး အခြေခံစားသောက်ကုန် အပါအဝင် ကုန်ဈေးနှုန်းတွေ မြင့်တက်သွားပါတယ်။ အထွေထွေကုန်ဈေးနှုန်းမြင့်တက်လာတဲ့အတွက် လူတန်းစားအလွှာစုံက ပြည်သူတွေ အခက်တွေ့ကြရ ပါတယ်။ ကိုဗစ်ကပ်ဘေးစဖြစ်ကတည်းက စားဝတ်နေရေးအခက်ကြုံနေရတဲ့ လက်လုပ်လက်စား အခြေခံလူတန်းစားတွေက ကုန်ဈေးနှုန်းတက်တဲ့ဒဏ်ကို ပိုမိုထိခိုက်ခံစားကြရတယ်လို့ ဆိုရမှာပါ။ အခြေခံလူတန်းစားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို Dawei Watch က တင်ဆက်ထားပါတယ်။

၀မ်းရေးခက်တဲ့ သဘင်သည်တို့ဘဝ

diz_admin

December 15, 2021

ပရိသတ်တွေကို ရယ်တစ်လှည့် ငိုတစ်ခါ အသုံးတော်ခံလေ့ရှိတဲ့ ဇာတ်သဘင်သည်တွေဟာ ဘဝရှင်သန်ရပ်တည်ရေးအတွက် အခက်ခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။ ကိုဗစ်ကပ်ဘေးစဖြစ်ချိန်ကတည်းက ဇာတ်ကခွင့်မရတော့တဲ့ သူတို့တစ်တွေဟာ ရရာအလုပ်လုပ်ရင်း ဝမ်းစာရေးအတွက် ရုန်းကန်ခဲ့ကြရပါတယ်။ အခုဆိုရင် ဝမ်းစာရေးအပြင် ကျောတစ်ခင်းစာ နေစရာအတွက်ပါ စိတ်ပူပန်နေရပါတယ်။ ကိုဗစ်ကပ်ဘေးအပြင် စစ်အာဏာသိမ်း ဂယက်တွေအကြား သဘင်သည်တွေ ဘယ်လိုရှင်သန်ရုန်းကန်နေရတယ်ဆိုတာကို Dawei Watch က တင်ဆက်ထားပါတယ်။