ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

ဂျာမနီအတွက် နိုင်ပွဲတစ်ပွဲ ရောက်လာပါတော့မယ်

diz_admin

December 1, 2022

ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် ဒီနေ့မှာတော့ အုပ်စု(E) နဲ့ အုပ်စု (F) တို့က အုပ်စုနောက်ဆုံးပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားစေတော့မှာပါ။ အုပ်စု(F) က ပွဲစဉ်နှစ်ပွဲကို မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ ယှဉ်ပြိုင်စေဖို့ ရှိနေပြီး အုပ်စု(E)က ပွဲစဉ်တွေကတော့ နောက်တစ်နေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ ကစားရမှာဖြစ်ပါတယ်။ အုပ်စု(F)မှာ ခရိုအေးရှားနဲ့ ဘယ်လ်ဂျီယံတို့ရဲ့ပွဲစဉ်က အုပ်စုကို အဆုံးအဖြတ်ပေးတာမျိုး ဖြစ်သွားနိုင်ပါတယ်။ အခြေအနေတွေအရတော့ ဒီနှစ်သင်းထဲက တစ်သင်းဟာ အုပ်စုအဆင့်နဲ့တင် ကျေနပ်လိုက်ရဖို့ ကျိန်းသေသလောက်ရှိနေပါတယ်။ အုပ်စု(E)ကတော့ စပိန်ရဲ့ဖန်တီးမှုလမ်းကြောင်းအတိုင်း အဖြေထွက်လာမှာပါ။ ဂျာမနီကတော့ ကော်စရီကာကို အနိုင်ကစားပြီး နောက်တစ်ဆင့်ဆီ တက်ရောက်နိုင်ရေးအတွက် လုံးပန်းရပါလိမ့်မယ်။ Dawei Watch ရဲ့ YouTube […]

‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ် (နိုဝင်ဘာလ ၃၀)

diz_admin

November 30, 2022

Dawei Watch ရဲ့ ‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ်ကို စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက သတင်းအကြောင်းအရာတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Dawei Watch Podcast အစီအစဉ်မှာတော့ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်သတင်းတွေ၊ အားကစားသုံးသပ်ချက်တွေအပြင် ဓလေ့ သမိုင်း အစီအစဉ်တွေကို ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်ပါရစေ။ ဒီအစီစဉ်လေးကို လူများများသိရှိဖို့ မျှဝေပေးကြပါလည်း တိုက်တွန်းအပ်ပါတယ်။ အောက်ဖော်ပြပါ လင့်တွေကနေ နားဆင်နိုင်ပါပြီ။

ပြင်သစ်ဟာ နိုင်ပွဲနဲ့အတူ ဆက်လက် ရောက်ရှိလာပါလိမ့်မယ်

diz_admin

November 30, 2022

ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် ဒီနေ့မှာတော့ အုပ်စု(C) နဲ့ အုပ်စု(D) တို့ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ အုပ်စု(C) ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာ ပိုလန်နဲ့ အာဂျင်တီးနား၊ ဆော်ဒီအာရေဗျနဲ့ မက္ကဆီကိုတို့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။ ဒီအုပ်စုမှာ အသင်းလေးသင်းလုံးက မျှော်လင့်ချက်ကိုယ်စီ ရှိနေသေးတဲ့အတွက် နှစ်ပွဲလုံးက ပွဲကောင်းတွေ ဖြစ်လာမှာပါ။ အုပ်စု(D)ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာတော့ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ တူနီးရှား၊ ဩစတြေးလျနဲ့ ဒိန်းမတ်တို့ ကစားရဖို့ ရှိနေပါတယ်။ ပွဲစဉ်ရေးဆွဲထားမှု အချိန်ဇယားအရ အုပ်စု(D)က ပွဲစဉ်တွေဟာ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ တပြိုင်တည်း ယှဉ်ပြိုင်ကစားရမှာပါ။ အုပ်စု(C)ရဲ့ ပွဲစဉ်နှစ်ပွဲကတော့ ဒီဇင်ဘာလ ၁ ရက်နေ့ မနက် ၁ နာရီခွဲအချိန်မှာ Sweet December […]

‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ် (နိုဝင်ဘာလ ၂၉)

diz_admin

November 29, 2022

Dawei Watch ရဲ့ ‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ်ကို စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက သတင်းအကြောင်းအရာတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Dawei Watch Podcast အစီအစဉ်မှာတော့ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်သတင်းတွေ၊ အားကစားသုံးသပ်ချက်တွေအပြင် ဓလေ့ သမိုင်း အစီအစဉ်တွေကို ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်ပါရစေ။ ဒီအစီစဉ်လေးကို လူများများသိရှိဖို့ မျှဝေပေးကြပါလည်း တိုက်တွန်းအပ်ပါတယ်။ အောက်ဖော်ပြပါ လင့်တွေကနေ နားဆင်နိုင်ပါပြီ။

လိမ္မော်ရောင်ကမ္ဘာထဲမှာ နယ်သာလန်တေးကို ဆိုမယ်

diz_admin

November 29, 2022

ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် ဒီနေ့မှာတော့ အုပ်စုတစ်ခုချင်းအလိုက် အဆုံးအဖြတ်ပေးမယ့် ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်တွေ စတင်ပါပြီ။ အုပ်စုနောက်ဆုံးပွဲစဉ်တွေဖြစ်တဲ့အတွက် ပွဲချိန်တူညီ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။ အုပ်စု(A)က အဆုံးအဖြတ်ပွဲစဉ် နှစ်ပွဲကိုတော့ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ယှဉ်ပြိုင်စေမှာပါ။ အုပ်စု (A)မှာ နောက်ဆုံးပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့နေတဲ့အတွဲအဖက်တွေကတော့ အိမ်ရှင် ကာတာနဲ့ နယ်သာလန်၊ အီကွေဒေါနဲ့ ဆီနီဂေါတို့ပဲ ဖြစ်ပါတယ်။ နောက်တစ်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကို ကူးပြောင်းပြီးရင်တော့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ အုပ်စု(B)က ပွဲစဉ်နှစ်ပွဲကို အချိန်တူ ယှဉ်ပြိုင်စေမှာပါ။အုပ်စု(B)ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာတော့ အင်္ဂလန်နဲ့ ဝေလ၊ အီရန်နဲ့ အမေရိကန်တို့ တွေ့ဆုံနေပါတယ်။

ဘယ်သူတွေ နောက်တစ်ဆင့် တက်သွားမလဲ

diz_admin

November 29, 2022

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ အရှိန်မြင့်သထက် မြင့်တက်လို့ လာခဲ့ပါပြီ။ အုပ်စုဒုတိယပွဲစဉ်တွေ ပြီးဆုံးသွားချိန်မှာ တချို့အသင်းတွေလည်း အိမ်ပြန်ဖို့ လေယာဉ်လက်မှတ်ဖြတ်လိုက်ရပြီဖြစ်သလို တချို့အသင်းတွေကတော့ နောက်တစ်ဆင့်တက်နိုင်ရေးအတွက် အုပ်စုနောက်ဆုံးပွဲစဉ်ကို ဘယ်လိုကစားမလဲဆိုတာ ပြင်ဆင်နေရပြီဖြစ်ပါတယ်။ တကယ်တော့ အုပ်စုအများစုဟာ ပြတ်ပြတ်သားသား မဖြစ်သေးပါဘူး။ ဘယ်အသင်းတွေက နောက်တစ်ဆင့်ဆီကို ကျိန်းသေပေါက် တက်ရောက်လာနိုင်တယ်ဆိုတာ မှန်းဆလို့ ရနေပြီဖြစ်ပေမယ့် အုပ်စု ပထမနေရာကို ရရှိလေမလား၊ အုပ်စုဒုတိယနဲ့ပဲ တက်လာလေမလားကတော့ တွက်ဆရခက်ခဲနေဆဲပဲဖြစ်ပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခုကို ထည့်သွင်းပြောပြပေးချင်ပါတယ်။ အဲ့ဒါကတော့ ပွဲလမ်းကြောင်းတွက်ဆမှုပါပဲ။ အသင်းကြီးအများစုဟာ ပွဲလမ်းကြောင်းကို ချိန်ဆနေကြပါတယ်။ ဘယ်လ်ဂျီယံက မော်ရိုကို,ကို အရေးနိမ့်တဲ့နေ့မှာ စပိန်က ဂျာမနီကို အပြတ်မကန်ဘဲ သရေထိန်းကန်သွားတာဟာ ပွဲလမ်းကြောင်းကြောင့်ပါပဲ။ တစ်ဖက်မှာ ဘယ်လ်ဂျီယံက အုပ်စုပထမဖြစ်မလား၊ ဒုတိယဖြစ်မလားကို ကြည့်မယ်၊ အုပ်စုဗိုလ်လမ်းကြောင်းကနေ သွားရင် ပွဲကျပ်နိုင်လား၊ […]

ထားဝယ်ကို အောက်မေ့သတိရခြင်း

diz_admin

November 28, 2022

အော့မေ့ဖွယ် ထားဝယ်(We Miss Dawei)ပွဲတော်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီနေ့ (နိုဝင်ဘာ ၂၈) ကျင်းပခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးနဲ့ အာဏာသိမ်းဂယက်ကြား ရပ်ရွာကို မပြန်နိုင်တဲ့ အခြေအနေမှာ အောက်မေ့သတိရတဲ့ အထိမ်းအမှတ်အနေနဲ့ ကျင်းပခဲ့တာပါ။ အဲဒီပွဲမှာ ထားဝယ်အစားအသောက်တွေ ရောင်းချတာ၊ ထားဝယ်ရိုးရာအကတွေနဲ့ ဖျော်ဖြေတာအပြင် စကားဝိုင်းဆွေးနွေးပွဲတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ယခင်က ထားဝယ်မြို့မှာ We Love Dawei ပွဲစီစဉ်ကျင်းပခဲ့ဖူးတဲ့ အဖွဲ့တွေက ဦးစီးပြုလုပ်တာ ဖြစ်ပြီး ထိုင်းနိုင်ငံရောက် ထားဝယ်တိုင်းရင်းသား‌တွေ၊ မြန်မာ‌တွေနဲ့ ထိုင်းပြည်သူ အချို့လည်း ဆင်နွှဲခဲ့ပါတယ်။