ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

သရက်ချောင်း ကျေးရွာသပိတ်

diz_admin

June 26, 2021

သရက်ချောင်းမြို့နယ်ရှိ သင်းကျွန်းရွာနဲ့ သရက်နှစ်ခွကျေးရွာတွေမှာ ဇွန်လ ၂၆ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

ဆလိုင်းတင်မောင်ဦး ကြိုးပေး အသတ်ခံရတဲ့ ၄၅ နှစ်ပြည့် သပိတ်

diz_admin

June 26, 2021

ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဆလိုင်းတင်မောင်ဦး ကြိုးပေးအသတ်ခံရတဲ့ ၄၅ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ထားဝယ်မြို့မှာ ဇွန်လ ၂၆ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။ ဒီလို ဆန္ဒပြရာမှာ ထားဝယ်ပင်မစစ်ကြောင်းနဲ့ ကျောင်းသားသပိတ်စစ်ကြောင်းတို့ ပါဝင်ခဲ့တာပါ။ ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်မှာ လမ်းစဉ်ပါတီ အစိုးရက ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို အင်းစိန်ထောင်မှာ ကြိုးပေးခဲ့ပါတယ်။

လောင်းလုံးကျေးလက် ညနေသပိတ်

diz_admin

June 25, 2021

လောင်းလုံးမြို့နယ်ထဲမှာရှိတဲ့ ထိန်တွင်း၊ဂေါ့အင်း၊ကညုံကျွန်း၊ကထောင်းနီ၊လေးသွန်းခံ စတဲ့ကျေးရွာတွေမှာ ဇွန်လ ၂၄ ရက် ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

လောင်းလုံးကျေးလက် ညသပိတ်

diz_admin

June 25, 2021

လောင်းလုံးမြို့နယ်ထဲက အောက်ကျောက်ဝပ်၊ညောပြင်၊ဝေဒီ စတဲ့ကျေးရွာတွေမှာ ဇွန်လ ၂၄ ရက်ညက စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ပါတယ်။

မိုးစက်ကြားက ကျေးလက်အရုဏ်ဦးသပိတ်

diz_admin

June 25, 2021

လောင်းလုံးမြို့နယ်မှာရှိတဲ့ မောင်းမကန်၊ ရေဖြူ၊ ညင်းမော်နဲ့ စစ်ပြဲရွာတွေမှာ ဇွန်လ ၂၅ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

မိုးစက်ကြားက လောင်းလုံးကျေးလက်သပိတ်

diz_admin

June 24, 2021

လောင်းလုံးမြို့နယ်ထဲမှာရှိတဲ့ ရေဖြူ၊ကဒက်ငယ်ဆိပ်၊ ညင်းမော်၊ စစ်ပြဲ စတဲ့ ကျေးရွာတွေမှာ ဇွန်လ ၂၄ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

‘အားတင်းထားပါ မန္တလေး’ ကြွေးကြော်သံနဲ့ ထားဝယ်သပိတ်

diz_admin

June 24, 2021

ကျောင်းသားသပိတ်စစ်ကြောင်းဟာ ဇွန်လ ၂၃ ရက် မွန်းလွဲက ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။ ဒီလိုလှည့်လည်ဆန္ဒပြရာမှာ ‘အားတင်းထားပါ မန္တလေး’ လို့ ကြွေးကြော်ခဲ့ကြပါတယ်။

လောင်းလုံးကျေးလက် ညနေသပိတ်

diz_admin

June 24, 2021

လောင်းလုံးမြို့နယ်ထဲက ရေဖြူ၊ ကဒက်ငယ်ဆိပ်၊ ဝေဒီ၊ အောက်ကျောက်ဝပ်၊ ရာဟောင်းဝ၊ လေးသွန်းခံ၊ ကုန်းဇရပ်၊ ကဒက်ကြီး စတဲ့ကျေးရွာတွေမှာ ဇွန်လ ၂၃ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။