ဥတုဒဏ်သင့် လယ်သမား
diz_admin
December 10, 2022အမှည့်လွန်နေပြီဖြစ်တဲ့ စပါးတွေ အချိန်မီမရိတ်သိမ်းနိုင်ရင် ဆုံးရှုံးတာတွေ များနိုင်သလို အရည်အသွေးလည်း ကျဆင်းလေ့ရှိပါတယ်။ တနင်္သာရီတိုင်းမှာ ရွာသွန်းနေတဲ့ အခါမဲ့မိုးကြောင့် တောင်သူတွေ ဘာတွေကြုံတွေ့နေရလဲ
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါအမှည့်လွန်နေပြီဖြစ်တဲ့ စပါးတွေ အချိန်မီမရိတ်သိမ်းနိုင်ရင် ဆုံးရှုံးတာတွေ များနိုင်သလို အရည်အသွေးလည်း ကျဆင်းလေ့ရှိပါတယ်။ တနင်္သာရီတိုင်းမှာ ရွာသွန်းနေတဲ့ အခါမဲ့မိုးကြောင့် တောင်သူတွေ ဘာတွေကြုံတွေ့နေရလဲ
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဒီဇင်ဘာ ၃ ရက်နေ့ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် ဒီနေ့မှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ဒုတိယနေ့ပွဲစဉ်တွေကို ဆက်လက် ယှဉ်ပြိုင်ကစားတော့မှာပဲဖြစ်ပါတယ်။ သီအိုရီအရဆိုရင်တော့ မနေ့တုန်းက ကွာတားဖိုင်နယ်ပွဲစဉ် နှစ်ပွဲမှာ ပင်နယ်တီအဆုံးအဖြတ်တွေအထိ ရောက်ခဲ့တာကြောင့် ဒီနေ့ နှစ်ပွဲမှာ အဲ့ဒီလိုတွေ ပြန်ဖြစ်လာဖို့ မလွယ်နိုင်လောက်ပါဘူး။ အနိမ့်ဆုံးအဖြစ် ဒီနေ့ပွဲစဉ် နှစ်ပွဲမှာ တစ်ပွဲက မိနစ် ၉၀ အတွင်း အဖြေပေါ်မယ်လို့ ယုံကြည်ထားပါတယ်။ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲထဲမှာ အရှုံးရလဒ် လုံးဝမကြုံတွေ့သေးတဲ့ အသင်းသုံးသင်း ကျန်နေပါသေးတယ်။ အဲ့ဒီသုံးသင်းအနက်က နှစ်သင်းဟာ ဒီနေ့ညမှာတော့ ကွာတားဖိုင်နယ်ပွဲစဉ်တွေ ယှဉ်ပြိုင်ကြတော့မှာပါ။ ဒီနှစ်သင်းကတော့ မော်ရိုကိုနဲ့ အင်္ဂလန်တို့ပဲ ဖြစ်ပါတယ်။ ဒီနေ့ည မြန်မာစံတော်ချိန် ည ၉ နာရီခွဲအချိန်မှာ မော်ရိုကိုနဲ့ ပေါ်တူဂီတို့ အားပြိုင်ဖို့ ရှိနေပြီး နောက်တစ်နေ့ကို ကူးပြောင်းပြီးလို့ […]
Dawei Watch ရဲ့ ‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ်ကို စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက သတင်းအကြောင်းအရာတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Dawei Watch Podcast အစီအစဉ်မှာတော့ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်သတင်းတွေ၊ အားကစားသုံးသပ်ချက်တွေအပြင် ဓလေ့ သမိုင်း အစီအစဉ်တွေကို ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်ပါရစေ။ ဒီအစီစဉ်လေးကို လူများများသိရှိဖို့ မျှဝေပေးကြပါလည်း တိုက်တွန်းအပ်ပါတယ်။ အောက်ဖော်ပြပါ လင့်တွေကနေ နားဆင်နိုင်ပါပြီ။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဥ်တွေ စတင်ကစားပါတော့မယ်။ ဒီညမှာတော့ ခရိုအေးရှား Vs ဘရာဇီးလ်က မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ ကန်မှာဖြစ်ပြီး နယ်သာလန် Vs အာဂျင်တီးနား ပွဲကတော့ (ဒီဇင်ဘာ ၁၀) နံနက် ၁ နာရီခွဲမှာ ကစားမှာဖြစ်ပါတယ်။ ဒီနှစ် ကမ္ဘာ့ဖလားမှာ ရေပန်းစားနေတဲ့ အသင်းကြီးတွေ ထိပ်တိုက်တွေ့တဲ့ပွဲမို့ စိတ်လှုပ်ရှားဖွယ် ပွဲကောင်းတွေ ဖြစ်လာဖို့ရှိနေပါတယ်။ ဘယ်အသင်းတွေ နိုင်သွားမလဲဆိုတာ သုံးသပ်ထားတာကို ကြည့်ရှု့အားပေးနိုင်ပါပြီ။ Dawei Watch Podcast တွင်လည်း ဝင်ရောက်နားဆင်နိုင်ပါတယ်။https://anchor.fm/dawei-watch/episodes/ep-e1s0alm Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။https://youtu.be/snNYI4LByZo
ဆောင်းအဝင်ဖြစ်ပေမယ့် မိုးကာလလို နိုဝင်ဘာလအတွင်း တနင်္သာရီတိုင်းမှာ မကြာခဏ မိုးသည်းထန်စွာ ရက်ရှည် ရွာတာတွေကြောင့် ဆားလုပ်တောင်သူတွေ အခက်အခဲ အကြီးအကျယ် ကြုံနေကြရပါတယ်။ ရေငန်မွေးလိုက် မိုးဖျက်လိုက်၊ ရေငန်မွေးလိုက် မိုးဖျက်လိုက်နဲ့ အစကနေ ပြန်ပြန်လုပ်နေရတာကြောင့် လုပ်ငန်းကြန့်ကြာသလို အလုပ်သမား စရိတ်တွေလည်း ပိုမိုကုန်ကျနေတယ်လို့ ဆိုပါတယ်။
Dawei Watch ရဲ့ ‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ်ကို စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက သတင်းအကြောင်းအရာတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Dawei Watch Podcast အစီအစဉ်မှာတော့ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်သတင်းတွေ၊ အားကစားသုံးသပ်ချက်တွေအပြင် ဓလေ့ သမိုင်း အစီအစဉ်တွေကို ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်ပါရစေ။ ဒီအစီစဉ်လေးကို လူများများသိရှိဖို့ မျှဝေပေးကြပါလည်း တိုက်တွန်းအပ်ပါတယ်။ အောက်ဖော်ပြပါ လင့်တွေကနေ နားဆင်နိုင်ပါပြီ။
အခုဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးက ခရီးတစ်ဝက်ဆီ ရောက်ရှိလို့နေပါပြီ။ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ တတိယနေရာလုပွဲ၊ ဗိုလ်လုပွဲ ဆိုတာတွေက ပြိုင်ပွဲကို အဆုံးအဖြတ်ပေးတော့မယ့်အဆင့်တွေပါပဲ။ ကွာတားဖိုင်နယ်အဆင့် အတွဲအဖက်တွေလည်း ထွက်ပေါ်လာခဲ့ပြီဖြစ်လို့ နောက်ဆုံးအဆင့် ပြိုင်ပွဲလမ်းကြောင်းက ဘယ်လိုဖြစ်လာနိုင်သလဲဆိုတာကို အားလုံးက စိတ်ဝင်တစားရှိနေကြပြီလည်းဖြစ်ပါတယ်။ တကယ်တော့ အခု ကွာတားဖိုင်နယ်လမ်းကြောင်းဟာ ဖီဖာ လိုချင်တဲ့အတိုင်းကို ဖြစ်လာခဲ့တာပါ။ အတိမ်းအစောင်းတွေ လုံးဝမရှိဘဲ ဖြစ်ပေါ်လာခဲ့တဲ့ ကွာတားဖိုင်နယ်လမ်းကြောင်းလို့တောင် ပြောလို့ရပါတယ်။ ဒီတော့ ဖိုင်နယ်ချီတက်ရာလမ်းဟာ ဖီဖာ အသက်ဝင်စေချင်တဲ့အတိုင်း ဖြစ်လာလေမလားကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရတော့မှာပါပဲ။ Dawei Watch Podcast တွင်လည်း ဝင်ရောက်နားဆင်နိုင်ပါတယ်။https://anchor.fm/dawei-watch/episodes/ep-e1rug28 Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။https://youtu.be/hWZJB2HZ2CI