BREAKING
October 20, 2025

ရုပ်သံ

ထားဝယ်တွင် စတင်ဆန္ဒပြ

diz_admin

February 5, 2021

အာဏာသိမ်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ယနေ့ နံနက်ပိုင်းတွင် ထားဝယ်တွင် စတင်ပြုလုပ်ခဲ့သည်။ ဒေါင်းအလံအချို့ကိုင်ဆောင်ထားသူများအပါအဝင် လူဦးရေ ငါးဆယ်ခန့်က ထားဝယ်မြို့ ရှမ္မလည်ဆွဲ လမ်းဆုံမှ စတင်၍ အာဇာနည်လမ်း တစ်လျှောက် အထက (၃) အထိ အသွားအပြန် ချီတက်ဆန္ဒပြခဲ့ကြသည်။ အချိန် ၁၅ မိနစ်ခန့် ဆန္ဒပြပြီးနောက် လူစုခွဲလိုက်ကြသည်။ 

ကိုဗစ်မုန်တိုင်းမိ တံငါရွာ

diz_admin

December 30, 2020

ကိုဗစ်ကပ်ဘေးထဲမှာ ရေလုပ်သားအချို့ဟာ အကြွေနွံထဲနစ်နေကြပါတယ်။ ရေထွက်ကုန်ဈေးတွေ ထိုးကျနေတာကြောင့် မိသားစုစားဝတ်ရေးအတွက် ရှာသမျှ မလုံလောက်ဖြစ်ပြီး အကြွေးတင်လာကြတာပါ။ အဲဒီအကြောင်းကို ထားဝယ်ခရိုင် ရေဖြူမြို့နယ် ပသျှူးရေရွာက ရေလုပ်သာတွေကို မေးမြန်းတင်ဆက်ထားပါတယ်။

ကိုဗစ် နှင့် စက်ချုပ်

diz_admin

December 25, 2020

ကိုဗစ်ရိုက်ခတ်မှုကြောင့် ကျား၊ မ လူတန်းစား မရွေးထိခိုက်မှု ရှိပါတယ်။ အဲဒီမှာ အမျိုးသမီးတွေလည်း မလွတ်ပါဘူး။ တနင်္သာရီတိုင်းက ကျေးလက်တောရွာတွေမှာ အမျိုးသမီးတော်တော်များများဟာ စက်ချုပ်၊ အဝတ်ချုပ် အလုပ်လုပ်ကြပါတယ်။ ကိုဗစ်ကြောင့် သူတို့ ဘယ်လို ထိခိုက်မှု ရှိတယ်ဆိုတာကို တင်ပြထားပါတယ်။ မိတ်ဆွေစစ် အဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့ Dawei Watch က တင်ဆက်ထားတာပါ။

“ဖေးမတွဲယှက် ဒို့ရွှေလက်” အွန်လိုင်းဖျော်ဖြေပွဲ

diz_admin

December 22, 2020

“ဖေးမတွဲယှက် ဒို့ရွှေလက်” အွန်လိုင်းဖျော်ဖြေပွဲ အွန်လိုင်းဖျော်ဖြေပွဲကို ထားဝယ်မြို့နယ်၊ သဘင်အစည်းအရုံးဝင် သဘင်အနုပညာမောင်နှမတွေ ပူးပေါင်းတင်ဆက်ထားပါတဲ့ “ဖေးမတွဲယှက် ဒို့ရွှေလက်” အစီအစဉ်ဒုတိယအပိုင်းကို တင်ဆက်လိုက်ပါတယ်။

တစ်ပူပေါ်နှစ်ပူဆင့်နေတဲ့ ထားဝယ်အိုးလုပ်ငန်း

diz_admin

December 17, 2020

နဂိုကတည်းက ယိုင်နဲ့နဲ့ဖြစ်နေတဲ့ ထားဝယ်ကအိုးလုပ်ငန်းဟာ ကိုဗစ်ကပ်ရောဂါကြောင့် နောက်ထပ်စိန်ခေါ်မှုအသစ်တစ်ခုနဲ့ ရင်ဆိုင်လာရပြန်ပါတယ်။ဒါကြောင့် အိုးလုပ်ငန်းကိုလုပ်ကိုင်နေသူအချို့ဟာ လုပ်ငန်းစွန့်ခွာတဲ့အထိ ဖြစ်လာနေပါတယ်။

ကိုဗစ်ကပ်ဘေးကြောင့် ရောင်းအားကျဆင်းလာတဲ့ သင်္ကန်းပရိက္ခရာ

diz_admin

December 7, 2020

ကိုဗစ်ကာလမှာ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်ကျင်းပခွင့်တွေကို ပိတ်ထားဆဲဖြစ်ပါတယ်။ အလှူပွဲတွေ မကျင်းပနိုင်တာမို့ သင်္ကန်းပရိက္ခရာဈေးကွက်မှာ ထိခိုက်မှုတွေရှိလာပြီး ရောင်းအားတွေလည်း ကျဆင်းသွားပါတယ်။ သင်္ကန်းပရိက္ခရာရောင်းအား ကျဆင်းလာတာနဲ့ အလှူပွဲတွေ ဘာကြောင့် မကျင်းပနိုင်တာလဲဆိုတာကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးလိုက်ရပါတယ်ရှင်။

စစ်ပွဲအလွန် ပြန်ထူထောင်စ ရွာလေးရဲ့ ရုန်းကန်သံ

diz_admin

December 5, 2020

ခါးသီးတဲ့ စစ်ပွဲတွေရဲ့အလွန် ကင်း‌ချောင်းရွာလေးဟာ နဂိုအတိုင်းပြန်ဖြစ်လာဖို့ အားယူလို့နေပါတယ်။ သစ်တောကြိုးဝိုင်းထဲက ရွာတစ်ရွာဆိုတော့ အခက်အခဲတွေနဲ့ ရုန်းကန်နေရဆဲပါ။ ဒီလိုပဲ အဲဒီရွာက လောကအလင်းတီးဝိုင်းအဖွဲ့သားတွေဟာလည်း အောင်မြင်မှုတစ်ခုရဖို့ သူတို့ကြိုးစားရုန်းကန်နေကြပါတယ်။

တန်နဲ့ချီတဲ့ ငါးတွေ ပင်လယ်ပြင်မှာ ပေါလောပေါ်သေဆုံးနေမှု အဖြရှာဆဲ

diz_admin

November 18, 2020

ကော့သောင်းပင်လယ်ပြင်မှာ ကျောက်ငါးမျိုးစိတ်တွေ ရေပေါ်ပေါ်လာတာရှိတဲ့အတွက် အဲဒီငါးနဲ့ ရေနမူနာကို ရန်ကုန်မှာရှိတဲ့ ငါးရောဂါဌာနစုဓာတ်ခွဲခန်းနဲ့ အခြားဓာတ်ခွဲခန်းတစ်ခုထံ ပေးပို့ထားတယ်လို့ ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနကနေသိရပါတယ်။ ဒီလိုငါးတွေရေပေါ်ပေါ်လာတာဟာ အဆိပ့်ကြောင့်လား၊ ငါးဗုံးခွဲမှုကြောင့်လား၊ ရောဂါတစ်ခုခုကြောင့်လားဆိုတာကို သေသေခြာခြာသိရဖို့အတွက် ဓာတ်ခွဲစစ်ဆေးထားတာဖြစ်ပါတယ်။ ကျောက်ငါးတွေဟာ စက်တင်ဘာလ ၂၀ ရက်လောက်ကစပြီး ရေပေါ်ပေါ်လာနေတာဟာ အခုဆိုရင် ၂ နီးပါးခန့်ရှိပြီဖြစ်ပါတယ်။ ကော့သောင်းခရိုင် ညောင်ဝီးကျွန်း၊ ဘိုချိုကျွန်း၊ လန်ပိကျွန်း၊ လငန်းကျွန်း၊ ပုလဲကျွန်းတွေမှာ ပေါ်လာတာကို တွေ့လာရတယ်လို့ ကျွန်းအနီးနေထိုင်တဲ့ ဒေသခံရေလုပ်သားတွေက ပြောပါတယ်။