ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ် (ဇန်နဝါရီလ ၂)

diz_admin

January 2, 2023

Dawei Watch ရဲ့ ‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ်ကို စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက သတင်းအကြောင်းအရာတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Dawei Watch Podcast အစီအစဉ်မှာတော့ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်သတင်းတွေ၊ အားကစားသုံးသပ်ချက်တွေအပြင် ဓလေ့ သမိုင်း အစီအစဉ်တွေကို ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်ပါရစေ။

ထားဝယ်နယ်သား မီးပုံးပျံ ဦးကျော်ရင်ဆိုတာ

Dawei Watch

January 1, 2023

မီးပုံးပျံ ဦးကျော်ရင်လို့ ပြောလိုက်ရင် မသိသူမရှိကြပါဘူး။ ဒါပေမဲ့ ကျောင်းဖတ်စာအုပ်ထဲ ပါသလောက်ထဲကမှ အနည်းအကျဉ်းလောက်သာ မှတ်မိနေကြတာပါ။ တစ်ကယ်တော့ မြိတ်အရေးပိုင် ကမ္ဘာကျော် စာရေးဆရာကြီး မောရစ်ကောလစ် ( Maurice Collis ) ကတောင် မီးပုံပျံစီး မြန်မာသူရဲကောင်း ထားဝယ်နယ်သား ဦးကျော်ရင်အကြောင်း ကိုယ်တွေ့မှတ်တမ်းတင်ခဲ့တဲ့အထိ နာမည်ကျော်သူဖြစ်ပါတယ်။ ၁၉၃၄ ခုနှစ်က မြိတ်မြို့မှာ ဦးကျော်ရင် မီးပုံပျံ စီးပြသွားတာကို မြိတ်အရေးပိုင် မောရစ်ကောလစ်က သူ့မှတ်တမ်းမှာ ထည့်ရေးထားပါတယ်။ ဂုဏ်ယူဖွယ်ကောင်းတဲ့ မြန်မာသူရဲကောင်း မီးပုံးပျံဦးကျော်ရင်အကြောင်းကို Dawei Watch ရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ တင်ဆက်လိုက်ရပါတယ်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဒီဇင်ဘာလ ၂၆ ရက်ကနေ ဇန်နဝါရီလ ၁ ရက်နေ့အထိ)

diz_admin

January 1, 2023

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

နှစ်သစ်ကူးပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အကောင်းဆုံး ၄ ပွဲ

diz_admin

December 31, 2022

Dawei Watch ပရိသတ်များအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအပြီးမှာ တက်သုတ်ရိုက်သဘောမျိုးနဲ့ ပြန်လည်စတင်လာခဲ့တာကတော့ ပရီးမီးယားလိဂ်ပါပဲ။ ပရီးမီးယားလိဂ်ရဲ့ရိုးရာအစဉ်အလာမပျက် ဘောက်ဆင်းဒေးနေ့ ပွဲစဉ်တွေကို ဖြတ်သန်းအပြီးမှာ ပရိသတ်တွေကို ဆက်လက် စောင့်ကြိုနေတာက နှစ်သစ်ကူးပွဲစဉ်တွေပဲဖြစ်ပါတယ်။ ဘောက်ဆင်းဒေးနေ့ ပွဲစဉ်တွေအပြီးမှာ နားရက်တွေ အများကြီး မရရှိဘဲ ဆက်တိုက်သဘောမျိုး ကစားရတာကြောင့် အသင်းအားလုံး ပွဲပန်းနေနိုင်တဲ့အချက်တစ်ခုကို ထည့်တွက်ထားရပါလိမ့်မယ်။ နှစ်သစ်ကူး ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အကောင်းဆုံးဖြစ်လာနိုင်တဲ့ ပွဲစဉ်လေးပွဲကို Dawei Watch ပရိသတ်တွေအတွက် ရွေးချယ်သုံးသပ် တင်ဆက်ပေးလိုက်ပါတယ်။

လှေလုပ်သားတချို့ ဒဏ်ရာတဲ့ မြိတ်က ငါးဖမ်းလှေမီးလောင်မှု

diz_admin

December 31, 2022

မြိတ်မြို့ဆိပ်ကမ်းအနီး ပင်လယ်ပြင်မှာ ငါးဖမ်းလှေတစ်စီး ဒီကနေ့ နေ့လယ် ၁၂နာရီလောက်က မီးလောင်ခဲ့လို့ အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်ခဲ့ရပြီး မီးလောင်ဒဏ်ရာရသွားတဲ့ လှေလုပ်သားတွေကို ဆေးရုံသို့ ပို့ဆောင်ထားရပါတယ်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

diz_admin

December 31, 2022

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဒီဇင်ဘာ ၂၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ် (ဒီဇင်ဘာလ ၃၀)

diz_admin

December 30, 2022

Dawei Watch ရဲ့ ‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ်ကို စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက သတင်းအကြောင်းအရာတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Dawei Watch Podcast အစီအစဉ်မှာတော့ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်သတင်းတွေ၊ အားကစားသုံးသပ်ချက်တွေအပြင် ဓလေ့ သမိုင်း အစီအစဉ်တွေကို ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်ပါရစေ။ ဒီအစီစဉ်လေးကို လူများများသိရှိဖို့ မျှဝေပေးကြပါလည်း တိုက်တွန်းအပ်ပါတယ်။ အောက်ဖော်ပြပါ လင့်တွေကနေ နားဆင်နိုင်ပါပြီ။

ဟာလန်း သို့မဟုတ် တစ်ခြမ်းပဲ့လတစ်စင်း

diz_admin

December 30, 2022

နော်ဝေ ဟာ စကင်ဒီနေးဗီးယန်းနိုင်ငံတစ်နိုင်ငံပါ။ ဒါပေမဲ့ နော်ဝေ ရေမမြင့်တာက ဘောလုံးရပ်ဝန်းပဲဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါတုန်းက ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့်ကို ရရှိခဲ့ပေမယ့် ဒီနေ့ ဒီအချိန်မှာတော့ ကမ္ဘာ့အဆင့် ဘောလုံးပြိုင်ပွဲကြီးတွေနဲ့ နော်ဝေ ဝေးကွာနေခဲ့တာဟာ ကာလတစ်ခု ရှိလာခဲ့ပါပြီ။ ဒီအချိန်မှာ နော်ဝေဘောလုံးရပ်ဝန်းဆီက ကမ္ဘာ့အဆင့် လတစ်စင်းထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီလမင်းကတော့ ဟာလန်း ဆိုတဲ့ လူငယ်လေးပါပဲ။ မက်ဆီဟာ လုံးဝကို ပြီးပြည့်စုံတဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတွက် နိုင်ငံအဆင့်အောင်မြင်မှုကို မရသေးခင်အချိန်အထိ အဲ့ဒါဟာ သူ့ရဲ့ချို့ယွင်းချက်တစ်ခုပမာ ဝေဖန်ခံခဲ့ရတာပါပဲ။ အခုမှပဲ မက်ဆီဆိုတာ ပြီးပြည့်စုံတဲ့ ကစားသမားတစ်ယောက်လို့ အားလုံးက လက်ခံလာခဲ့ကြတာပါ။ ဒါကြောင့်လည်း နိုင်ငံတစ်နိုင်ငံရဲ့ပုံရိပ်ဆိုတာက အရမ်းကို အရေးပါတယ်လို့ သတ်မှတ်ကြတာဖြစ်ပါတယ်။ လက်ရှိဘောလုံးလောကမှာ ထွန်းတောက်လာတဲ့ နော်ဝေသားလေး ဟာလန်း ရင်ဆိုင်ရမယ့်အရေးက အဲ့ဒီအတိုင်းပဲ […]