တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဇန်နဝါရီလ ၉ ရက်ကနေ ၁၅ ရက်နေ့အထိ)
diz_admin
January 15, 2023တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါတနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇန်နဝါရီ ၈ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
Dawei Watch ပရိသတ်တွေအတွက် အပတ်စဉ် စီစဉ်တင်ဆက်ပေးနေတဲ့ အကောင်းဆုံးပွဲစဉ်တွေ ရွေးချယ်သုံးသပ်တင်ဆက်ပေးခြင်းကဏ္ဍကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာလည်း အကြိတ်အနယ် ပွဲကောင်းတွေ အများအပြားရှိနေတဲ့အတွက် အားပြိုင်မှုပြင်းထန်တဲ့ပွဲတွေကို ကြည့်ရှုကြရဦးမှာပါ။ ပွဲဆက်တွေ များပြားလာတာကြောင့် အသင်းအားလုံးဟာ ပွဲပန်းမှုဒဏ်တွေကို ရင်ဆိုင်နေရပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေဘက်ကို ကြည့်လိုက်မယ်ဆိုရင်လည်း အားပြိုင်မှုပြင်းထန်တဲ့ ဒါဘီပွဲစဉ်တွေရှိနေတာကို မြင်ကြရပါတယ်။ အဲ့ဒီလို ပွဲကောင်းများစွာအနက်က အကောင်းဆုံးဖြစ်နိုင်တဲ့ ပွဲစဉ် ၄ ပွဲကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု၊ အမှတ်(၄)လမ်းမကြီးရှိ Grand Royal အရက်ချက်စက်ရုံမှာ ယနေ့ညနေ ၃ နာရီ မိနစ် ၃၀ ခန့်မှစတင်ကာ မီးလောင်မှုဖြစ်ပွားနေပြီး ည ၈ နာရီကျော်သည်အထိ လောင်ကျွမ်းနေဆဲဖြစ်သည်။ ရုပ်သံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
Dawei Watch ရဲ့ ‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ်ကို စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက သတင်းအကြောင်းအရာတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Dawei Watch Podcast အစီအစဉ်မှာတော့ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်သတင်းတွေ၊ အားကစားသုံးသပ်ချက်တွေအပြင် ဓလေ့ သမိုင်း အစီအစဉ်တွေကို ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်ပါရစေ။ ဒီအစီစဉ်လေးကို လူများများသိရှိဖို့ မျှဝေပေးကြပါလည်း တိုက်တွန်းအပ်ပါတယ်။ အောက်ဖော်ပြပါ လင့်တွေကနေ နားဆင်နိုင်ပါပြီ။
Dawei Watch ရဲ့ ‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ်ကို စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက သတင်းအကြောင်းအရာတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Dawei Watch Podcast အစီအစဉ်မှာတော့ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်သတင်းတွေ၊ အားကစားသုံးသပ်ချက်တွေအပြင် ဓလေ့ သမိုင်း အစီအစဉ်တွေကို ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်ပါရစေ။ ဒီအစီစဉ်လေးကို လူများများသိရှိဖို့ မျှဝေပေးကြပါလည်း တိုက်တွန်းအပ်ပါတယ်။ အောက်ဖော်ပြပါ လင့်တွေကနေ နားဆင်နိုင်ပါပြီ။
မြိတ်မြို့ ဘလောက်စုရပ်ကွက်နေ ဦးသန်းဇော်ဦးက ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေစပြီး အုန်းဆံမျှင်ကနေ အလှပန်းအိုးကို တီထွင်ထုတ်လုပ်နေတာပါ။ ဦးသန်းဇော်ဦးဟာ ၂၀၁၇ တုန်းကလည်း တစ်ခါသုံးထမင်းဘူး၊ တစ်ခါသုံး ပန်းကန်တွေကို ကွမ်းသီးဖတ် (ဒေသအခေါ် ဘုတ်ဖတ်)ကို အသုံးပြုပြီးတော့ ထုတ်လုပ်ခဲ့တာကြောင့် စွန့်ဦးတီထွင်သူအဖြစ် လူသိများသူတစ်ဦးပါ။ သူ့ရဲ့ ဆန်းသစ်မှု တစ်ခုဖြစ်တဲ့ အုန်းဆံမျှင်အလှပန်းအိုးတွေ အကြောင်းကို မေးမြန်းတင်ဆက်လိုက်ပါတယ်။
လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲအချိန်ကိုရောက်ရင် ONE FIGHT NIGHT-6 ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးပွဲစဉ်ကို ကြည့်ရှုရပါတော့မယ်။ အဲ့ဒီပြိုင်ပွဲမှာ မြန်မာပရိသတ်တွေ စိတ်အဝင်စားဆုံးအဖြစ် ရှိနေတာကတော့ ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား အောင်လအန်ဆန်းရဲ့ပွဲစဉ်ပါပဲ။ အောင်လအန်ဆန်းဟာ ဒီတစ်ကြိမ်မှာတော့ ထူးထူးခြားခြား CATCHWEIGHT တန်းပွဲစဉ်အဖြစ် ထိုးသတ်သွားမှာပါ။ ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ဘရာဇီးကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဂီလ်ဘာတို ဂယ်လ်ဗာအို ဖြစ်ပါတယ်။ အစောပိုင်း ပွဲစဉ်ထုတ်ပြန်ချိန်တုန်းက အောင်လအန်ဆန်း ထိုးသတ်ရမယ့်ပြိုင်ဘက်အဖြစ် ထွက်ပေါ်လာခဲ့သူက တရုတ်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဖန်ရောင်း ပါ။ ပြိုင်ပွဲထိုးသတ်ဖို့ ၁၀ ရက်အလိုကိုရောက်မှ ဖန်ရောင်းက Covid-19 ကူးစက်တာ ခံထားရတဲ့အတွက် အောင်လအန်ဆန်းရဲ့ ပြိုင်ဘက်က အပြောင်းအလဲဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။ အခု ရင်ဆိုင်ရမယ့် ဂယ်လ်ဗာအို […]