ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

ဒီအပတ်အတွက် အကောင်းဆုံးပွဲစဉ်များ ရွေးချယ်သုံးသပ်ခြင်း

diz_admin

January 21, 2023

အခုတစ်ပတ်မှာလည်း ပွဲကြီးပွဲကောင်းတွေ အများအပြား ရှိလို့နေပါတယ်။ ပရိသတ်တွေရဲ့အာရုံကို ထိပ်ဆုံးကနေ ဖမ်းစားထားတာကတော့ အာဆင်နယ်-မန်ယူ၊ လီဗာပူး-ချယ်လ်ဆီး အစရှိတဲ့ ပွဲစဉ်တွေပါပဲ။ လိဂ်အားလုံးဟာ အတိမ်းအစောင်းမခံ မခံတော့တဲ့ ကာလဆီကို ဝင်ရောက်လာခဲ့ပြီဖြစ်လို့ တစ်ချက်မှားတဲ့အသင်းက ဒုက္ခများတော့မှာပါ။ ဒီတစ်ပတ် ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်တွေထဲက အကောင်းဆုံးဖြစ်နိုင်ချေရှိတဲ့ ပွဲစဉ် ၄ ပွဲကိုရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

diz_admin

January 21, 2023

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇန်နဝါရီ ၁၆ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ် (ဇန်နဝါရီလ ၂၀)

diz_admin

January 20, 2023

တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ် (ဇန်နဝါရီလ ၂၀) ယနေ့(ဇန်နဝါရီ ၂၀) တနင်္သာရီသတင်း အစီအစဉ်မှာတော့-သရက်ချောင်းမြို့နယ်က ဥယျာဉ်ခြံထဲသွားတဲ့ မြေးအဖွားနှစ်ဦး မိုင်းထိတဲ့အကြောင်း– ပုလောမြို့နားက ရှပ်ပုံရွာမှာ နေအိမ်၄ လုံးမီးရှို့ခံရတဲ့အကြောင်း-ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ဟောင်း ပိုင်တဲ့ ဆီအုန်းစက်ရုံအဟောင်း မီးလောင်တဲ့အကြောင်း-စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လောင်းလုံးမှာ ဆန္ဒပြတဲ့အ‌ေကြာင်း-ထိုင်းဆိပ်ကမ်းက ဆီတင်သင်္ဘောပေါက်ကွဲရာမှာ သေဆုံးခဲ့တဲ့ မြန်မာခုနစ်ဦးအတွက်လျော်ကြေးအဖြစ် ဘတ်ငါးသန်းခွဲကျော်ရခဲ့တဲ့အကြောင်းစတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။

အာဆင်နယ် ချန်ပီယံဖြစ်ဖို့ ရေးထားတဲ့ ဇာတ်ညွှန်းတစ်ပုဒ်များ ဖြစ်နေလေသလား

diz_admin

January 20, 2023

အာဆင်နယ်ကို ဒီနှစ်မှာ ဒီလောက်အထိ ကောင်းမွန်လာ၊ တိုးတက်လာလိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့်မထားခဲ့ပါဘူး။ အခုတော့ အာဆင်နယ်ဟာ အတိုင်းအတာတစ်ရပ်အထိ ဖြစ်သွားခဲ့ပါပြီ။ တွန်းတင်လိုက်ရင် တက်သွားနိုင်တယ်ဆိုတဲ့အနေအထားမျိုးဆီ ရောက်ရှိလာခဲ့ပါပြီ။ ဒါကြောင့်လည်း အာဆင်နယ် ချန်ပီယံဖြစ်ရမယ်ဆိုတဲ့ အော်ပရာတစ်ပုဒ် အထမြောက်ဖို့ နီးစပ်သထက် နီးစပ်လာတာပါ။ ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြဖြစ်ခဲ့သူ အာတီတာရဲ့လက်ထဲကို ချန်ပီယံဆုဖလား ရောက်သွားခဲ့ရင် တပည့်ကနေ ဆရာကို အနိုင်ယူသွားတယ်ဆိုတဲ့ ဇာတ်လမ်းနဲ့အတူ ပရီးမီးယားလိဂ်က စိတ်ဝင်စားဖွယ် အားပြိုင်မှုတွေနဲ့ အမြဲပဲ ပြည့်နှက်လို့နေတဲ့နေရာဆိုတာမျိုးတွေ ဖြစ်လာပါပြီ။

မြိတ်မြို့က အလွမ်းရောင်သက် ဇေတဝန်

Dawei Watch

January 15, 2023

မြိတ်မြို့နားမှာရှိပြီး ရေလမ်း၊ ကုန်းလမ်းတို့နဲ့ သွားရောက်ဖူးမြှော်လေ့လာနိုင်တဲ့ သမိုင်းဝင် ‘ဇေတဝန်စေတီ’ နဲ့ ‘ဇေတဝန်တောင်’ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ လှပတဲ့ ရှုမျှော်ခင်းတွေကို ခံစားကြည့်ရှုရင်း ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူကိုလည်း လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ ရွေးချယ်တင်ဆက်ပေးလိုက်ရပါတယ်။