ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

diz_admin

January 26, 2023

ယနေ့(ဇန်နဝါရီ ၂၆) တနင်္သာရီသတင်း အစီအစဉ်မှာတော့ -ဒေသခံတွေ အဓိကအားထားပြီး သွားလာ‌အသုံးပြုနေရတဲ့ ဆိုင်ကယ်စီးနင်းခွင့်ကို စစ်ကောင်စီက ပိတ်လိုက်တဲ့အကြောင်း – တနင်္သာရီမြို့နယ်မှာ တိုက်ပွဲဆက်ဖြစ်နေလို့ ညဖက်မသွားလာကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်တဲ့အကြောင်း -ကော့သောင်းမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ဇနီးတို့ သေနတ်နဲ့ပစ်ခံရတဲ့ အခြေအနေ -ကျောက်နီမော်ရွာက အမျိုးသမီးနှစ်ဦး မနေ့က ပြန်လွတ်လာတဲ့အကြောင်း -ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်မှာ မြန်မာ တက္ကသိုလ်ကျောင်းသားတစ်ဦး ငါးလွှာက ပြုတ်ကျပြီး သေဆုံးတဲ့အကြောင်း -ဈေးကောင်းရနေတဲ့ ကင်းမွန်ဟာ ရေခူသားပေါက်တွေကြောင့် အရနည်းနေတဲ့အကြောင်းစတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။

တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ် (ဇန်နဝါရီလ ၂၅)

diz_admin

January 25, 2023

ယနေ့(ဇန်နဝါရီ ၂၅) တနင်္သာရီသတင်း အစီအစဉ်မှာတော့ စတဲ့သတင်းအကြောင်းအရာများစွာကို နားဆင်ရမှာဖြစ်ပါတယ်။

ပုဂေါ်ဇွန်းရွာတွင် ဆီအုန်းခြံမီးလောင်

diz_admin

January 25, 2023

ရေဖြူမြို့နယ် ပုဂေါဇွန်းရွာအပြင်ဘက်က ဆီအုန်းခြံ ဒီနေ့နံနက် ၁၁ နာရီလောက်က စပြီးမီးလောင်နေတာပါ။ ခြံထဲက နေအိမ်တွေလည်း မီးလောင်ခဲ့ပါတယ်။ နေ့လယ် ၁၂ နာရီဝန်းကျင်အထိ နေအိမ်သုံးလုံးနဲ့ မွေးမြူရေးခြံတစ်ခု မီးလောင်သွားပါပြီ။ဆီအုန်းတော တစ်ဝိုက်မှာ မွေးမြူရေးခြံအချို့အပါအဝင် နေအိမ်ငယ် အလုံးငါးဆယ်ထက်မနည်း ရှိနေပါတယ်။ ရေဖြူမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံပရဟိတအသင်းအဖွဲ့တွေနဲ့ ရွာသူရွာသားတွေ ပူပေါင်း ငြှိမ်းသတ်နေကြပါတယ်။ နေ့လယ် ၁ နာရီအထိ မီးလောင်နေဆဲပဲ ရှိပါသေးတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ် (ဇန်နဝါရီလ ၂၃)

diz_admin

January 23, 2023

ယနေ့(ဇန်နဝါရီ ၂၃) တနင်္သာရီသတင်း အစီအစဉ်မှာတော့ – စစ်ကောင်စီက ထားဝယ်ထီးခီးလမ်းကိုပိတ်လိုက်တဲ့အကြောင်း -ပုလောမြို့အဝင်မှာ စစ်ဆေးရေးဂိတ်တိုးလိုက်တဲ့အခြေအနေ -ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟန်ဆောင်ပြီး ပြည်သူတွေဆီခြိမ်းခြောက်ငွေတောင်းတာ – ကော့သောင်း မီးသတ်ဦးစီးဌာနရုံးထဲ ပေါက်ကွဲမှူဖြစ်တဲ့အကြောင်း – ထားဝယ်ကြက်ခြေနီအသင်း အရေးပေါ်လူနာပြန်သယ်ပေးတော့မယ်ဆိုတာနဲ့ – ရွှေဈေးကွက်အခြေအနေ စတဲ့အကြောင်းအရာတွေကိုနားဆင်ရမှာပါ

လောင်းလုံးမြို့နယ်ထဲက သာဂရမြို့ဟောင်း

Dawei Watch

January 22, 2023

ဆရာကြီးဒေါက်တာသန်းထွန်းက ထားဝယ်(သာဂရ)မြို့ရိုးတွေကို လေ့လာကြည့်ရင် အခြားမြို့တွေနဲ့ ပြောင်းပြန်ဖြစ်နေတယ်။ သာဂရမြို့ဟောင်းရဲ့ အပြင်မြို့ရိုးတွေက အတွင်းမြို့ရိုးထက်ပိုရှေးကျတယ် လိုဆိုပါတယ်။ စိတ်ဝင်စားဖွယ် အချက်အလက်များစွာကို ဖော်ထုတ်တင်ပြထားတဲ့ သာဂရမြို့ဟောင်း အကြောင်းကို တင်ဆက်လိုက်ပါတယ်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဇန်နဝါရီလ ၁၆ ရက်ကနေ ၂၂ ရက်နေ့အထိ)

diz_admin

January 22, 2023

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

ပိတ်လှောင်ခံထားရတဲ့ မြန်မာ ၇ ဦး ဘယ်လိုကယ်တင်ခဲ့ရလဲ

diz_admin

January 21, 2023

မြန်မာနိုင်ငံသား ၇ ဦးကို ဘန်ကောက်က အခန်းကျဉ်းလေးထဲမှာ ပိတ်လှောင်ထားခဲ့တဲ့ ဖြစ်စဉ်ကို သိရှိခဲ့ပြီးနောက်မှာတော့ ကယ်တင်ဖို့အတွက် ကြိုးစားခဲ့ကြပါတယ်။ ပိတ်လှောင်ထားတဲ့ မြန်မာ ၇ ဦးကို ကယ်တင်နိုင်ဖို့ ဘယ်လိုတွေလုပ်ဆောင်ခဲ့ရလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။