ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

အိမ်ပြန်ခွင့်ရဖို့ အစာငတ်ခံဆန္ဒပြနေကြတဲ့ ထိုင်းလဝကစခန်းထဲက မြန်မာတွေ

diz_admin

January 29, 2023

ပြစ်ဒဏ်ကျခံပြီးပေမယ့် မြန်မာနိုင်ငံသို့ ပြန်ခွင့်မရသေးဘဲ ဆက်လက်ထိန်းသိမ်းခံရပြီး အခန်းကျဉ်းကျဉ်းလေးထဲမှာ ပြွတ်သိပ်ထိုးပြီး ထိန်းသိမ်းခံနေရပါတယ်။ဒီလိုအခြေအနေမှာ အနေဆင်းရဲ အစားဆင်းရဲ ဒုက္ခကြီးစွာကြုံနေရသလို ဆေးကုခွင့်တောင်မရကြဘဲ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု များစွာနဲ့လည်း ကြုံနေရပါတယ်။ ငွေပေးနိုင်မှ အိမ်ပြန်ခွင့်ရမယ့် အခြေအနေဖြစ်နေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသားတွေ အစာငတ်ခံဆန္ဒပြတာ အခုဆို နှစ်ရက်ရှိလာပါပြီ။ တောင်းဆိုချက် မရမချင်း အစာငတ်ဆန္ဒပြမယ်လို့လည်း ဆိုထားပါတယ်။ လဝက စခန်းထဲ ထိန်းသိမ်းခံထားရတဲ့ မြန်မာတွေ အခြေအနေ ဘယ်လို ရှိပါသလဲဆိုတာ ထိန်းသိမ်းခံမြန်မာတွေ ကိုယ်တိုင်ရင်ဖွင့်ပြောဆိုထားပါတယ်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဇန်နဝါရီလ ၂၃ ရက်ကနေ ၂၉ ရက်နေ့အထိ)

diz_admin

January 29, 2023

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

၃ ကြိမ်တည်ထောင်ခဲ့တဲ့ သာဂရမြို့ဟောင်း

Dawei Watch

January 28, 2023

ဥသြစည်ဆိုတဲ့အတွက် သက္ကရာဇ် ၁၁၃ ခုနှစ် (ခရစ်နှစ်အရ ၇၅၁) မှာ ပထမအကြိမ်တည်ခဲ့တာပါ။ ဒါကြောင့် ပုဂံထက်စောတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဒီလိုသမိုင်းဝင် သာဂရမြို့ဟောင်းအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

တစ်ပတ်တာအတွက် အကောင်းဆုံးပွဲစဉ်များ ရွေးချယ်သုံးသပ်ခြင်း

diz_admin

January 28, 2023

အပတ်စဉ် တင်ဆက်ပေးနေကျဖြစ်တဲ့ တစ်ပတ်တာအတွက် အကောင်းဆုံးပွဲစဉ်များ ရွေးချယ်သုံးသပ်ပေးခြင်းကဏ္ဍက ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာလည်း Dawei Watch ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ ပွဲစဉ်ပေါင်းများစွာရှိတဲ့အနက်က အကောင်းဆုံးဖြစ်လာမယ့်ပွဲစဉ်တွေကို ရွေးချယ်ပြီး သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

diz_admin

January 28, 2023

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇန်နဝါရီ ၂၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

ယုံကြည်ချက်တွေကို မစွန့်လွှတ်ခဲ့တဲ့ အာဆင်နယ်အတွက် ဂန္ထဝင်ကျွန်း အစစ်အမှန် ရောက်လာချိန်တန်ပြီ

diz_admin

January 27, 2023

အာဆင်နယ်ဟာ ခရီးကြမ်းတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ အခုမှပဲ ငိုသံတွေဟာ ဝေးစပြုလာတာပါ။ အမှောင်ဖုံးနေတဲ့ သန်းခေါင်ယံကမ္ဘာကြီးဆိုတာကလည်း အာဆင်နယ်အတွက် အခုမှ အိပ်စက်စ ပြုလာခဲ့တာပါ။ အတူတူ မင်းနဲ့ငါ ဆိုတဲ့အတိုင်း ယုံကြည်ခြင်းရဲ့ကမ္ဘာဆီကို လျှောက်လှမ်းဖို့အတွက် အာတီတာနဲ့ အာဆင်နယ်တို့ဟာ အမှောင်ယံကာလထဲ လက်တွဲပြီး လျှောက်လှမ်းခဲ့ရတာပဲဖြစ်ပါတယ်။ အခုတော့ အာဆင်နယ်ဟာ ခေတ်သစ်တစ်ခုဆီကို ရောက်ရှိလို့လာခဲ့ပါပြီ။ ဒီလို ပြုပြင်ပြောင်းလဲနိုင်ခဲ့ခြင်းတွေအတွက် လုံးဝ အသိအမှတ်ပြု ချီးကျူးရမှာက အာတီတာ ပါပဲ။ သူဟာ တချို့သော ဆုံးဖြတ်ချက်တွေကို သူ့ရာထူးနဲ့အလဲအထပ်လုပ်ပြီးတော့တောင် ချမှတ်ခဲ့တာမျိုးတွေ ရှိပါတယ်။ အာဆင်နယ် ဖြစ်တည်လာပုံတွေက အတွေးပန်းချီကားတစ်ချပ်လို၊ ဒဏ္ဍာရီထဲကလို ထူးဆန်းလွန်းခြင်းမက ထူးဆန်းနေပါတယ်။ ဒဏ်ရာတွေရဲ့ဝေးရပ်ဆီ၊ ငိုသံတွေရဲ့ဝေးရပ်ဆီကို အာဆင်နယ် ရောက်လုနီးနေပါပြီ။ သေချာတာတစ်ခုကတော့ ဒဏ္ဍာရီကျွန်းသီချင်းကို ဖွင့်ပြီး နားသောတဆင်ကြည့်လိုက်ပါ။ အာဆင်နယ် ဖြတ်သန်းခဲ့ရတာတွေကို […]