တနင်္သာရီသတင်း အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၂၁ ရက်)
diz_admin
February 21, 2023ယနေ့(ဖေဖော်ဝါရီ ၂၁ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါယနေ့(ဖေဖော်ဝါရီ ၂၁ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့
ယနေ့(ဖေဖော်ဝါရီ ၂၀ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့
ဂဝံရုပ်ထုတွေ၊ ဂဝံကျောက်ထီးတွေ၊ ဂဝံဆင်းတုတော်တွေ စသဖြင့် တွေ့ရှိရတဲ့ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲက ဂဝံယဉ်ကျေးမှုအကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ထားပါတယ်။ Dawei Watch မီဒီယာရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ တနင်္သာရီတိုင်းက သမိုင်းဝင်အကြောင်းအရာတွေနဲ့ ဓလေ့တွေအကြောင်းကို အပတ်စဉ်ပုံမှန်တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
ဥရောပလိဂ်တွေဟာ ပြည်တွင်းလိဂ်၊ ရှုံးထွက်ဖလား၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်ဖရန့်လိဂ်တွေအကြား ပွဲဆက်တွေ များလာခဲ့ပါပြီ။ လက်ရှိကာလမှာ တန်းဆင်းဇုန်ပတ်ဝန်းကျင်ကို ရောက်နေတဲ့အသင်းတွေ၊ ဥရောပပြိုင်ပွဲ ပါဝင်ကစားခွင့် တစ်နေရာစာကို မျှော်လင့်နိုင်တဲ့ အလယ်အလတ်အသင်းတွေက အားထည့်ရုန်းကန်လာကြတဲ့အတွက် အသင်းကြီးတွေ အခက်တွေ့လာတာကို မြင်တွေ့နေရပါတယ်။ အခုတစ်ပတ် ဥရောပထိပ်သီးလိဂ်ပွဲစဉ်တွေကို လေ့လာကြည့်လိုက်ရင်လည်း အကြိတ်အနယ်ဖြစ်လောက်တဲ့ ပွဲကောင်းတွေ အများအပြား ပါဝင်နေတာကို မြင်တွေ့ကြရမှာပါ။ အဲ့ဒီပွဲစဉ်တွေထဲက ပရိသတ်တွေ စိတ်ဝင်စားမယ့် ပွဲစဉ်ကောင်းတွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။
ယနေ့(ဖေဖော်ဝါရီ ၁၇ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့
ကြားရက် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်ကို မန်စီးတီးက အနိုင်ယူလိုက်ပါတယ်။ ဒါဟာ ဒီနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ကြီးမားလွန်းလှတဲ့ အလှည့်အပြောင်းကြီးပါပဲ။ အာဆင်နယ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲဆက်တိုက် ခြေချော်ခဲ့ပါတယ်။ အကြောင်းရှိလို့ အကျိုးဖြစ်လာတယ် ဆိုတဲ့အတိုင်းပါပဲ။ နောက်ဆုံးမှာတော့ မန်စီးတီးက အာဆင်နယ်ကို ရမှတ်တူ၊ သွင်းဂိုး ကွာဟချက်နဲ့ အသာစီးယူပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ ရောက်သွားခဲ့ပါတော့တယ်။ ဒါပေမဲ့ အာဆင်နယ်အတွက် အနည်းငယ် ခုသာခံသာရှိနေတာက လက်ထဲမှာ ကစားရဖို့ ပွဲစဉ်တစ်ပွဲ ကျန်နေသေးတာပါပဲ။ အဲ့ဒါကို ထိထိရောက်ရောက် အသုံးချနိုင်ခဲ့ရင်တော့ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာဆီကို အာဆင်နယ် ပြန်ရောက်လာမှာပဲဖြစ်ပါတယ်။ သေချာတာကတော့ အာဆင်နယ်ဟာ အမှောင်လွှမ်းထဲ ကမ္ဘာကြီးထဲကို သက်ဆင်းရောက်ရှိလို့နေပါပြီ။ ပျောက်သောလမ်းမှာ စမ်းတဝါး ဖြစ်နေရတဲ့ အခြေအနေဆိုးကနေပြီး အာဆင်နယ်ဟာ အမြန်ဆုံး ပြန်လည်ရုန်းထွက်နိုင်စွမ်းရှိပါ့မလား။