ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါအခုတစ်ပတ်မှာတော့ Dawei Watch ပရိတ်သတ်တွေအတွက် တစ်ပတ်တာ အားကစားသတင်းတွေထဲက စိတ်ဝင်စားစရာအကြောင်းအရာတွေကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ် အက်ဖ်အေဖလားကွာတားဖိုင်နယ်မှာ ဘယ်အသင်းနဲ့ ဘယ်အသင်း ထိပ်တိုက်တွေ့သွားသလဲ၊ မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က ကက်စ်မဲရိုးနဲ့ပတ်သက်ပြီး ဘာတွေပြောသွားခဲ့သလဲ၊ ကမ္ဘာကျော်ဂန္ထဝင် ဘယ်ဘောလုံးသမားကြီး ကွယ်လွန်သွားခဲ့သလဲ၊ စီရော်နယ်ကို အားပေးစကားပြောလိုက်တဲ့ ကမ္ဘာကျော်အနုပညာရှင်က ဘယ်သူလဲ၊ ချယ်လ်ဆီးနည်းပြသစ်အဖြစ် ဘယ်သူ့ကို ပြန်မြင်တွေ့ခွင့်ရနိုင်ခြေရှိနေလဲ စတဲ့ သတင်းတွေကို အခုကဏ္ဍမှာ စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
ကမ္ဘာတစ်ဝန်း ပလစ်စတစ် အမှိုက် မက်ထရစ်တန် ပေါင်း သန်းနဲ့ ချီ နှစ်စဉ် ထုတ်လွှတ်နေပါတယ်။ ကမ္ဘာကြီးရဲ့ ကြမ်းပြင် ၇၀ ရာခိုင်နှုန်းဟာ သမုဒ္ဒရာကြီး ဖြစ်ပါတယ်။ အဲဒီထဲက တစ်ဝက်လောက်က ပြန်သုံးနိုင်၊ ဖျက်ဆီးနိုင်၊ အမှိုက်ကျင်းမှာ စွန့်ပစ်နိုင်တာတွေပါ။ ဒါပေမဲ့ အတော်များများက ပင်လယ် သမုဒ္ဒရာထဲ စီးဝင်အဆုံးသတ်သွားကြပါတယ်။
– ပုလောမြို့နယ်ထဲ စက်သုံးဆီ ဝယ်ယူသယ်ဆောင်ခွင့်ကို စစ်ကောင်စီက ပိတ်ပင်ကန့်သတ်လိုက်တဲ့အကြောင်း – တနင်္သာရီမြို့မှာ ညအချိန် ဝင်ဖမ်းလို့ အရပ်သား ၁၀ကျော်အဖမ်းခံရတဲ့အကြောင်း – ပုလောမြို့နယ်ထဲ စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာပြီး ရွာသား ၃၀ကျော် အဖမ်းခံထားရတဲ့အခြေအနေ – လောင်းလုံးမှာ ကလေးတွေကို ပုံမှန်ကာကွယ်ဆေး မထိုးပေးတော့ဘဲ ရပ်နားလိုက်တဲ့အကြောင်း – ထားဝယ်တက္ကသိုလ်မှာ ၂နှစ်စာအတွက် ပေါင်းပြီး ဘွဲ့ယူသူ ရာဂဏန်းပဲရှိတဲ့အကြောင်း – ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာတွေဆီက ထိုင်းရဲငွေညှစ်တဲ့အကြောင်း – ရွှေနဲ့ဘတ် ယနေ့ပေါက်ဈေးအကြောင်း စတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများတွင် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဓလေ့များစွာရှိသည်။ ရိုးရာဓလေ့များမှာ စိတ်ဝင်စားဖွယ်ကောင်းလှပြီး မြတ်နိုးတန်ဖိုးထားဖွယ်များဖြစ်သည်။ သို့သော် မြို့ပြယဉ်ကျေးမှု လွှမ်းမိုးလာသည်နှင့်အမျှ ရိုးရာဓလေ့ အတော်များများမှာ ပျောက်ကွယ်နေပြီဖြစ်သည်။ မြိတ်ဒေသတွင်လည်း စိတ်ဝင်စားဖွယ် ရိုးရာဓလေ့များစွာရှိပြီး ယင်းဓလေ့များထဲမှ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ကွမ်းမာအုပ်စောင့် မင်္ဂလာအကြောင်းကို ယခုအပတ် Dawei Watch ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။