တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (ဧပြီလ ၃ ရက်)
diz_admin
April 3, 2023Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါDawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့
ကုလားကျားပွဲကို ၁၉၂၁ ခုနှစ်တွင် ပုလောမြို့၌ စတင်ကပြခဲ့ကြသည်။ ပုလောတွင် ကပြသည့် ကျားအကမှာ မြိတ်မြို့မှ ဂေါ်ရင်ဂျီကုလားများကသည့် အကနှင့်ဆင်တူသဖြင့် မြိတ်မှတစ်ဆင့် ပုလောသို့ရောက်လာသည်ဟု ယူဆကြသည်။ ယင်းကုလားကျားအကမှာ ယခုအခါတွင် တနင်္သာရီ၊ ပုလောနှင့် မြိတ် ၃ မြို့တွင်သာ ဆက်လက်ကပြ ကြတော့သည်။ တနင်္သာရီတိုင်း၏ အဖိုးတန်လှသော ရိုးရာဓလေ့များနှင့် သမိုင်းအချက်အလက်များကို ဖော်ပြနေသည့် ‘ဓလေ့ သမိုင်း’ အစီအစဉ်ကို တင်ဆက်လိုက်ပါသည်။ တောင်ပိုင်းသားတို့၏ ရိုးရာဓလေ့နှင့် သမိုင်းများကို Dawei Watch ၏ YouTube တွင်လည်း တစ်စုတစ်စည်းတည်း ရှာဖွေကြည့်ရှုနိုင်ပါပြီ။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိတ်သတ်တွေ သိရှိစေဖို့ မြန်မာ့ရေးရာအစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ မတ်လ ၂၆ ရက်ကနေ ဧပြီလ ၁ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
မကြာခင်ကာလမှာ ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲရှိပါတယ်။ ထိုင်းရွှေးကောက်ပွဲ ကော်မရှင်က မေလ ၁၄ ရက်မှာ ပြုလုပ်မယ်လို့ ကြေညာထားပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သန်းနဲ့ချီရှိနေပါတယ်။ ဒီလိုရွှေ့ပြောင်းအလုပ်သမားတွေကို ရွေးကောက်ပွဲတွေမှာ အသုံးချတာမျိုးတွေ ယခင်ကာလတွေတုန်းက ရှိခဲ့ဖူးပါတယ်။ ဒီလိုအခြေအနေတွေ ထပ်ရှိလာနိုင်လား၊ ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲကာလတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဘာတွေလိုက်နာ ရှောင်ရှားသင့်လဲဆိုတာကို ဒီစကားဝိုင်းကနေ သိမြင်နိုင်မှာ ဖြစ်ပါတယ်။ စကားဝိုင်းကိုတော့ ဦးထူးချစ် (FED)၊ ဦးခိုင်ကြီး (AAC)နဲ့ ကိုအောင်အောင် (ရခိုင်အလုပ်သမားများအဖွဲ့)တို့က ဦးဆောင်ဆွေးနွေးထားကြပါတယ်။ (Migrant Times မှရယူဖော်ပြသည်)
Dawei Watch က တင်ဆက်ပေးနေတဲ့ ရင်ခုန်ခံစား တစ်ပတ်တာအားကစားရဲ့ပွဲကြိုကဏ္ဍအစီအစဉ်ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက နိုင်ငံတကာပွဲစဉ်တွေ ရှိနေတဲ့အတွက် လိဂ်ပွဲစဉ်တွေ ရပ်နားထားခဲ့ပါတယ်။ အခုတစ်ပတ်မှာတော့ ပရိသတ်မျှော်လင့်နေတဲ့ လိဂ်ပွဲစဉ်တွေ ပြန်လည်ဝင်ရောက်လို့ လာခဲ့ပါပြီ။ ဒါပေမဲ့ အသင်းတိုင်းဆီက အဓိကပွဲထွက်ကစားသမားတွေဟာ နိုင်ငံတကာပွဲစဉ်တွေ ကစားခဲ့ရတဲ့အတွက် ပွဲပန်းနေတာကို သတိပြုရပါလိမ့်မယ်။ အခုတစ်ပတ်မှာ ဘယ်အသင်းတွေ ရလဒ်ကောင်း ရသွားလေမလဲ၊ ဘယ်လိုပွဲစဉ်ကောင်းတွေ ရှိနေသလဲဆိုတာကို Dawei Watch က ရွေးချယ်သုံးသပ် တင်ဆက်ပေးလိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မတ် ၂၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့