တစ်ပတ်အတွင်း တနင်္သာရီသတင်း (မေလ ၈ ရက်ကနေ ၁၃ ရက်နေ့အထိ)
Dawei Watch
May 13, 2023တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါတနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
အခုဆိုရင် ပရီးမီးယားလိဂ်ဘောလုံးရာသီကြီး ပြီးဆုံးဖို့က ပွဲစဉ် သုံးပွဲသာ လိုပါတော့တယ်။ ချန်ပီယံပြေးလမ်း အားပြိုင်ပွဲ၊ ဥရောပဝင်ခွင့်တစ်နေရာစာ အားပြိုင်ပွဲနဲ့ တန်းဆင်းဇုန်တိုက်ပွဲတွေက တစ်ပတ်ထက် တစ်ပတ် ပိုလို့ပိုလို့ အားကောင်းလာခဲ့ပါပြီ။ အခုတစ်ပတ်ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းသာ ရလဒ်ဆိုးခဲ့ရင် ဆောက်သမ်တန်ဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းပြီး ချန်ပီယံရှစ်ဆီ သွားရောက်ကစားရမယ့်အသင်းအဖြစ် စာရင်းဝင်သွားတော့မှာပါ။ အခုတစ်ပတ် ယှဉ်ပြိုင်ရမယ့်ပွဲစဉ်တွေထဲ အကောင်းဆုံးဖြစ်နိုင်ခြေရှိတဲ့ ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မေလ ၆ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
နာဂစ်မုန်တိုင်းအလွန် အကြီးဆုံးဆိုင်ကလုန်းမုန်တိုင်းဖြစ်တဲ့ မိုခါမုန်တိုင်းက မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ကို ဖြတ်သန်းဝင်ရောက်သွားခဲ့ပါတယ်။ မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်းတိုင်းဒဏ်ခံခဲ့ရသူ ငါးသန်းခွဲနီးပါးလောက်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာမှုဆိုင်ရာ ညှိုနှိုင်းရေးရုံးက ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ဒေသအတော်များများ ပျက်စီးခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ မုန်တိုင်းမတိုင်မီ၊ တိုက်နေတဲ့အချိန်နဲ့ မုန်တိုင်အလွန်ကာလတွေမှာ ရခိုင်ပြည်သူတွေ ဘယ်လိုရင်ဆိုင်ခဲ့ရလဲဆိုတာကို ရသေ့တောင်မြို့က ဒေသခံတစ်ဦးကို Dawei Watch က ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မိုခါမုန်တိုင်းမှာ မေလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ကြား စစ်တွေမြို့နားမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုး/ဇလဌာနများက ခန့်မှန်းထားသည်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်က ကွေးတီယိုဆိုင်မှာ လုပ်ကိုင်နေတဲ့ အသက် ၁၆ နှစ်အရွယ် မြန်မာမိန်းကလေးကို ထိုင်းအလုပ်ရှင်က မုဒိမ်းကျင့်ပြီး ၇လကြာ ပိတ်လှောင်ထားခဲ့ပါတယ်။ ပိတ်လှောင်ထားတဲ့ ကာလမှာလည်း အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ မြန်မာမိန်းကလေး ထွက်ပြေး လွတ်မြောက်လာပြီးနောက်မှာ အလုပ်ရှင်ကို အရေးယူအပြစ်ပေးနိုင်ဖို့ တရားဥပဒေလမ်းကြောင်းကနေ ခက်ခက်ခဲခဲ ကြိုးပမ်းနေရပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။