ထူးထွေဆန်းပြား ထူးခြားမှတ်တမ်းတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီး
Dawei Watch
September 27, 2023Dawei Watch ရဲ့အစီအစဉ်သစ်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။ ထူးဆန်းထွေလာတွေ၊ အံ့အားသင့်ဖွယ်ရာ၊ လူမသိသူမသိ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ဖြစ်ရပ်တွေ၊ အံ့ဖွယ်စံချိန်တွေ၊ ထူးခြားမှတ်တမ်းတွေ၊ ထူးခြားပုဂ္ဂိုလ်တွေ၊ မယုံကြည်နိုင်ဖွယ်ရာအဖြစ်အပျက်တွေအကြောင်းကို တင်ဆက်ပေးသွားမှာပါ။ ဒီတစ်ပတ်မှာတော့ အကြောင်းအရာ ၃ ခုကို ရွေးချယ်ထားပါတယ်။ အဲ့ဒါတွေကတော့ – (၁) အာဆင်နယ်ရဲ့သမိုင်းဝင်ဘောလုံးကွင်းကြီး ဟိုက်ဘူရီရဲ့မြေနေရာ ဘာဖြစ်သွားပြီလဲ (၂)နိုင်ငံမဲ့တွေအဖြစ် ရပ်တည်ပြီး ရေထဲမှာပဲ ရေပျော်တွေ ရေဂျစ်ပစီတွေအဖြစ် ဖြတ်သန်းနေတဲ့ ထူးထူးဆန်းဆန်း လူသားမျိုးနွယ်စု (၃)ဘောလိဝုဒ်လောကမှာ ရုံတင်ဝင်ငွေပမာဏ ရူပီးသန်းတစ်သောင်းကျော် ရရှိတဲ့ ပထမဆုံးဇာတ်ကား စတဲ့အကြောင်းအရာတွေပါပဲ။ စိတ်ဝင်စားစရာကောင်းလွန်းလှတဲ့ အကြောင်းအရာတွေကို အခုပဲ ခံစားကြည့်ရှုလိုက်ပါဦး။


