ဒီတစ်ပတ်မှာတော့ Jaane Jaan ဆိုတဲ့ဇာတ်ကားကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးချင်မိပါတယ်။ အရမ်းကို ကောင်းမွန်တဲ့ဇာတ်ကားလေးပါ။ နာမည်ကြီး ဂျပန်ဝတ္ထုကို အခြေခံပြီး ရိုက်ကူးလိုက်တဲ့ဇာတ်ကားဖြစ်ပါတယ်။ အခု မတိုင်ခင်မှာကတည်းက တရုတ်နဲ့ ကိုရီးယားတို့မှာ ဒီဝတ္ထုကိုအခြေခံတဲ့ဇာတ်ကားတွေ ထွက်ရှိခဲ့ပြီးပါပြီ။ ဒါပေမဲ့ အကြံတူရင် နောက်လူ သာစမြဲလို့ ပြောရမလားပါပဲ။ အိန္ဒိယဟာ တရုတ်နဲ့ ကိုရီးယားတို့ထက် နောက်ကျမှ ရိုက်ကူးပြီး နောက်ဆုံးပိတ်မှာ အိတ်နဲ့ လွယ်သွားနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းက သေသပ်ကောင်းမွန်လွန်းတဲ့အပြင် တွေးစရာတွေ အများကြီးကိုလည်း ပေးသွားခဲ့ပါတယ်။ ဇာတ်လမ်းက အမှုတစ်ခု၊ အိမ်နီးနားချင်း နှစ်ဦး၊ အမှုကို အသည်းအသန်လိုက်နေတဲ့ ရဲအရာရှိတစ်ယောက်နဲ့ပဲ အားပြုထားတာပါ။ ကျန်တဲ့သရုပ်ဆောင်တွေ၊ ယုတ်စွအဆုံး အိမ်နီးချင်းတစ်ယောက်လည်းဖြစ် အမှုကျူးလွန်သူလည်းဖြစ်တဲ့သူရဲ့သမီးနေရာက သရုပ်ဆောင်တဲ့သူတောင် အရန်သဘောလောက်ပဲ ရှိခဲ့ပါတယ်။ ဇာတ်ကားရဲ့နာမည်က Jaane Jaan ပါ။ […]