ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

စိန်ခေါ်ပွဲ မထိုးသတ်ခင်မှာတင် စကားလုံးတိုက်ပွဲ ပြင်းထန်လာနေတဲ့ ဒေဝနဲ့ ပရွမ်းဆမ်းနန်

Dawei Watch

October 26, 2023

မြန်မာ့လက်ဝှေ့အလွတ်တန်းချန်ပီယံဟောင်း ဒေ့ဗ်လက်ပ်ဒက်ဗ်(ခ)ဒေဝ ဟာ လာမယ့်သီတင်းပတ် တစ်ပတ်ကျော်ကာလမှာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝဖြတ်သန်းမှုရဲ့နောက်ဆုံးပွဲစဉ်ကို ထိုးသတ်တော့မှာပါ။ ဒီပွဲစဉ်ကို အရှေ့တောင်အာရှရဲ့အကြီးကျယ်ဆုံးပွဲစဉ် ဖြစ်လာလိမ့်မယ်လို့တောင် ဒေဝက တင်စားရည်ညွှန်းထားပါတယ်။ ဒေဝဟာ မြန်မာနိုင်ငံတစ်ခုတည်းမှာတင် ကြည့်ရှုအားပေးသူ ပရိသတ်ပေါင်း သန်း ၃၀ လောက်အထိ ရှိနေသူပါ။ ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရွှေခါးပတ်ကိုဆိုရင် ဒေဝက ၆ ကြိမ်တောင် ရရှိခဲ့ဖူးပါတယ်။ ဒေဝရဲ့ကစားသမားဘဝဖြတ်သန်းမှု နောက်ဆုံးပွဲစဉ်မှာ ဒေဝကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်မယ့်သူက ကမ္ဘောဒီးယားအကျော်အမော် ပရွမ်းဆမ်းနန် ဖြစ်ပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့ကိုရောက်ရင် သူတို့နှစ်ယောက်ရဲ့အထူးစိန်ခေါ်ပွဲကို ရှုစားကြရတော့မှာပါ။ လတ်တလောမှာတော့ စိန်ခေါ်ပွဲအဖြစ် မယှဉ်ပြိုင်ခင်မှာတင်ပဲ ဒေဝနဲ့ ပရွမ်းဆမ်းနန်တို့အကြား စကားလုံးတိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုပဲ ပြင်းထန်နေပြီလို့နေပါပြီ။

အောက်တိုဘာလ ၂၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

October 25, 2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

အောက်တိုဘာလ ၂၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

October 24, 2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ထားဝယ်ဒေသက ဟိန္ဒူဘုရားပွဲ

Dawei Watch

October 24, 2023

ပွင့်လင်းရာသီရောက်ရင် ထားဝယ်ဒေသမှာ ပထမဆုံးကျင်းပလေ့ရှိတာက ဟိန္ဒူဘုရားပွဲတော်ဖြစ်ပါတယ်။ ထားဝယ်ဒေသမှာ ကျင်းပနေပြီဖြစ်တဲ့ ဟိန္ဒူဘုရားပွဲ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

မျောက်မျက်နှာ ဒရာကူလာ သစ်ခွပန်းတွေ ပွင့်လန်းရာမြေ

Dawei Watch

October 24, 2023

ဒီတစ်ပတ်ရဲ့ထူးထွေဆန်းပြား အစီအစဉ်မှာတော့ မျောက်မျက်နှာ ဒရာကူလာ သစ်ခွပန်းတွေအကြောင်းကို တင်ဆက်ပေးသွားပါမယ်။ ဒီသစ်ခွပန်းတွေရဲ့ထူးခြားချက်က ပန်းပွင့်ဟာ မျောက်တစ်ကောင်ရဲ့မျက်နှာနဲ့ လုံးဝကို ဆင်တူနေတာပါပဲ။ ဒါကြောင့်လည်း ဒီသစ်ခွပန်းတွေကို ဒရာကူလာ ဆီမီနာ(သို့မဟုတ်)မျောက်သစ်ခွ(သို့မဟုတ်)မျောက်နဲ့တူတဲ့ ဒရာကူလာသစ်ခွလို့ ခေါ်ကြတာပါ။ ဒီသစ်ခွတွေဟာ အချိန်မရွေး ရာသီမရွေး ပွင့်လန်းတတ်ပြီး ပွင့်ပြီဆိုရင်လည်း အရေအတွက်များများနဲ့ ဝေဝေဆာဆာ ပွင့်တတ်လေ့ရှိတယ်လို့ ဆိုပါတယ်။ အစောပိုင်းတုန်းက ဒီသစ်ခွတွေကို မတ်စ်ဒီဗာလီယာ မျိုးရင်းအုပ်စုထဲဆီ ထည့်သွင်းထားပြီး နောက်ပိုင်းမှာတော့ ဒရတ်ကူလာမျိုးရင်းအုပ်စုထဲဆီ ပြောင်းလဲထည့်သွင်းလိုက်တယ်လို့ သိရပါတယ်။ ထူးခြားလှတဲ့ မျောက်မျက်နှာ ဒရာကူလာ သစ်ခွပန်းတွေရဲ့အကြောင်းကို Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

အကျဉ်းသားတွေကို လူချင်းတွေ့ခွင့် ရတော့မယ်

Dawei Watch

October 23, 2023

ကိုဗစ်အကြောင်းပြပြီးပိတ်ထားတဲ့ လူတွေ့ထောင်ဝင်စာကို မနက်ဖြန်ကစပြီး စစ်ကောင်စီက ပြန်လည်ခွင့်ပြုတော့မှာပါ။ အကျဉ်းသားတစ်ဦးကို တစ်လတစ်ကြိမ် လူတွေ့ထောင်ဝင်စာတွေ့ခွင့်ရမှာဖြစ်ပါတယ်။ ဘယ်လိုစည်းကမ်းကန့်သတ်ချက်တွေနဲ့ ခွင့်ပြုမှာပါလဲ။

အောက်တိုဘာလ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

October 23, 2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

မြန်မာ့ရေးရာ

Dawei Watch

October 22, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ အောက်တိုဘာလ ၁၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ တစ်ပတ်တာ အတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။