BREAKING
May 14, 2025

ရုပ်သံ

မန်ယူလမ်းမကြီးထဲ ၂ နှစ်တစ်ခါ ပေါ်လာတတ်တဲ့တစ္ဆေကျိန်စာဟာ နောက်တစ်ကြိမ် နောက်တစ်ခါလား

Dawei Watch

October 4, 2023

ဖာဂူဆန်ခေတ်လွန်ကာလဟာ မန်ယူအတွက် ကြမ်းတမ်းလွန်းခြင်းမက ကြမ်းတမ်းလွန်းလှပါတယ်။ ပရီးမီးယားလိဂ် ဆုဖလားက အသင်းရဲ့ဆုဖလားပြခန်းဆီ မျက်စိလည် လမ်းမှားပြီးတောင် ရောက်မလာတော့သလို ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစာ ရနိုင်ဖို့အရေးကလည်း အသည်းအသန် ကစားရတဲ့အနေအထားမျိုး ဖြစ်သွားခဲ့ပါပြီ။ ယာယီခန့်အပ်ခဲ့တဲ့ ရွိုင်ယန်ဂစ်၊ မိုက်ကယ်ကာရစ်နဲ့ ရန်ဂနစ်ခ် အစရှိတဲ့ နည်းပြတွေကို ဖယ်ထုတ်လိုက်မယ်ဆိုရင် ဖာဂူဆန်ခေတ်လွန်ကာလထဲမှာ မန်ယူကို အမြဲတမ်းနည်းပြအဖြစ် ဦးဆောင်ခွင့်ရခဲ့သူတွေက ဒေးဗစ်မိုယက်စ်၊ လူးဝစ္စဗန်ဟားလ်၊ မော်ရင်ညို၊ ဆိုးလ်းရှားနဲ့ အီရစ်ခ်တန်းဟတ်ဂ်တို့ ရှိနေတာကို တွေ့ရပါလိမ့်မယ်။ ခက်နေတာက အိုးလ်ထရက်ဖို့ဒ် အိပ်မက်ကဇာတ်ရုံကြီးထဲမှာ ၂ နှစ် တစ်ခါ ပုံမှန်ခြောက်လှန့်တတ်တဲ့ တစ္ဆေကြီးတစ်ကောင် ရှိနေတာပါပဲ။ ဒီတစ္ဆေကြီးတွေဟာ အရပ်စကားနဲ့ပြောရမယ်ဆိုရင် နည်းပြတွေကို စားလေ့ရှိပါတယ်။ ဒီတစ်ခါရော တစ္ဆေကြီး ပြန်လည်နိုးထပြီး အီရစ်ခ်တန်းဟတ်ဂ်ကို စားပစ်လိုက်လေတော့မလားကို စောင့်ကြည့်ကြရမှာပါပဲ။

အောက်တိုဘာလ ၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

October 3, 2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

အောက်တိုဘာလ ၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

October 2, 2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

တနင်္သာရီရိုးရာ “ခေါသရပ်” ရှင်းတမ်း

Dawei Watch

October 2, 2023

‘မိုးတပြက်၊ နေတပြက်၊ ငါးထမင်းတက်ချိန်၊ ပုဇွန်တက်ချိန်’ ဖြစ်သော ယခုလို ကန်ရာသီ (တနည်းအားဖြင့်) တော်သလင်းလရောက်သည့်အခါတိုင်းတွင် – ‘ဖူးပွင့်ထုံ တောအထပ် အလှရယ် မှန်းပါလို့၊ ထူးတင့်စုံ ခေါသရပ်ညငယ်ကို လွမ်းလှချည်လေး..။’ ဆိုသည့်အတိုင်းပင် တနင်္သာရီ‌ဒေသဖွား တနင်္သာရီလူမျိုးသာမှန်ရင်- ဘယ်နေရာရောက်နေနေ “ခေါသရပ်နေ့လေး”ကို မှန်းဆ သတိရမိကြသည်ကတော့ ရိုးရာ ရာသီစာအလွမ်းတစ်ခုလိုပင်ဖြစ်သည်။ ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် တနင်္သာရီတိုင်းသားများအတွက် အမှတ်ရစရာ ‘ခေါသရပ်’ အကြောင်းကို တင်ဆက်ပေးလိုက်ပါသည်။

မြန်မာ့ရေးရာ

Dawei Watch

October 1, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ စက်တင်ဘာလ ၂၄ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း (စက်တင်ဘာလ ‌၂၄ ရက်ကနေ ၃၀ ရက်နေ့အထိ)

Dawei Watch

September 30, 2023

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

မန်ယူ ပြန်လာနေပါပြီ….. ​နိုင်ပွဲ​တွေ ဆက်​နေမလား

Dawei Watch

September 30, 2023

ဒီနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၇ ရဲ့ပွဲစဉ်တွေ စတင်ယှဉ်ပြိုင်ပါတော့မယ်။ ပရီးမီးယားလိဂ်အသင်းကြီးတွေဟာ အခုဆိုရင် ပွဲကျပ်တွေကို ဆက်တိုက်ဆိုသလိုပဲ ဖြတ်သန်းနေရပါပြီ။ ဥရောပပွဲစဉ်တွေ၊ ခရာဘောင်းဖလားပွဲတွေ၊ ပရီးမီးယားလိဂ်ပွဲတွေကို မရပ်မနား ကစားရင်း အသင်းကြီးတွေဟာ ပွဲဆက်တွေ များသထက် များလာခဲ့ပါပြီ။ ရှေ့လာမယ့် သီတင်းပတ်မှာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်ဖရင့်လိဂ်ပွဲစဉ်တွေက ဥရောပပြိုင်ပွဲဝင်ခွင့်ရ အသင်းတွေကို ပြန်လည်စောင့်ကြိုနေလို့ ပွဲပန်းမှုတွေက ပိုများလာတော့မှာပါ။ ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းကြီးတွေ ရလဒ်ကောင်းနိုင်ပါ့မလားဆိုတာကို သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

Dawei Watch

September 30, 2023

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ စက်တင်ဘာလ ၂၃ ရက်နေ့ကနေ စက်တင်ဘာလ ၂၉ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။ ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။