BREAKING
May 12, 2025

ရုပ်သံ

မျောက်မျက်နှာ ဒရာကူလာ သစ်ခွပန်းတွေ ပွင့်လန်းရာမြေ

Dawei Watch

October 24, 2023

ဒီတစ်ပတ်ရဲ့ထူးထွေဆန်းပြား အစီအစဉ်မှာတော့ မျောက်မျက်နှာ ဒရာကူလာ သစ်ခွပန်းတွေအကြောင်းကို တင်ဆက်ပေးသွားပါမယ်။ ဒီသစ်ခွပန်းတွေရဲ့ထူးခြားချက်က ပန်းပွင့်ဟာ မျောက်တစ်ကောင်ရဲ့မျက်နှာနဲ့ လုံးဝကို ဆင်တူနေတာပါပဲ။ ဒါကြောင့်လည်း ဒီသစ်ခွပန်းတွေကို ဒရာကူလာ ဆီမီနာ(သို့မဟုတ်)မျောက်သစ်ခွ(သို့မဟုတ်)မျောက်နဲ့တူတဲ့ ဒရာကူလာသစ်ခွလို့ ခေါ်ကြတာပါ။ ဒီသစ်ခွတွေဟာ အချိန်မရွေး ရာသီမရွေး ပွင့်လန်းတတ်ပြီး ပွင့်ပြီဆိုရင်လည်း အရေအတွက်များများနဲ့ ဝေဝေဆာဆာ ပွင့်တတ်လေ့ရှိတယ်လို့ ဆိုပါတယ်။ အစောပိုင်းတုန်းက ဒီသစ်ခွတွေကို မတ်စ်ဒီဗာလီယာ မျိုးရင်းအုပ်စုထဲဆီ ထည့်သွင်းထားပြီး နောက်ပိုင်းမှာတော့ ဒရတ်ကူလာမျိုးရင်းအုပ်စုထဲဆီ ပြောင်းလဲထည့်သွင်းလိုက်တယ်လို့ သိရပါတယ်။ ထူးခြားလှတဲ့ မျောက်မျက်နှာ ဒရာကူလာ သစ်ခွပန်းတွေရဲ့အကြောင်းကို Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

အကျဉ်းသားတွေကို လူချင်းတွေ့ခွင့် ရတော့မယ်

Dawei Watch

October 23, 2023

ကိုဗစ်အကြောင်းပြပြီးပိတ်ထားတဲ့ လူတွေ့ထောင်ဝင်စာကို မနက်ဖြန်ကစပြီး စစ်ကောင်စီက ပြန်လည်ခွင့်ပြုတော့မှာပါ။ အကျဉ်းသားတစ်ဦးကို တစ်လတစ်ကြိမ် လူတွေ့ထောင်ဝင်စာတွေ့ခွင့်ရမှာဖြစ်ပါတယ်။ ဘယ်လိုစည်းကမ်းကန့်သတ်ချက်တွေနဲ့ ခွင့်ပြုမှာပါလဲ။

အောက်တိုဘာလ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

October 23, 2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

မြန်မာ့ရေးရာ

Dawei Watch

October 22, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ အောက်တိုဘာလ ၁၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ တစ်ပတ်တာ အတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

ရင်ခုန်ခံစား Dawei Watch ပရီးမီးယားလိဂ်သုံးသပ်ချက်များ

Dawei Watch

October 21, 2023

ပရီးမီးယားလိဂ် ပွဲစဉ် ၉ ကစားပါတော့မယ်။ ဒီတစ်ပတ်က ပွဲကြီးပွဲကောင်းတွေ များနေပါတယ်။ ပရိသတ်တွေအနေနဲ့ ပထမဆုံးအဖြစ် မာဆေးဆိုက်ဒါဘီပွဲစဉ်ကို ရှုစားရမှာပါ။ အဲဗာတန်ဟာ ဘယ်လိုအခြေအနေမျိုးကိုပဲရောက်ရောက် လီဗာပူးကိုဆိုရင် အခက်တွေ့အောင် လုပ်တတ်လို့ ပွဲကောင်းတစ်ပွဲဖြစ်လာဦးမှာပါပဲ။ လန်ဒန်မြို့ခံပြိုင်ဘက်တွေဖြစ်ကြတဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ အကဲစမ်းမယ့်ပွဲကလည်း စိတ်ဝင်စားစရာဖြစ်လို့နေပါတယ်။ ဒီတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေရဲ့ပွဲစဉ်တွေကို Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း (အောက်တိုဘာလ ‌၁၅ ရက်ကနေ ၂၁ ရက်နေ့အထိ)

Dawei Watch

October 21, 2023

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

Dawei Watch

October 21, 2023

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ အောက်တိုဘာလ ‌၁၄ ရက်ကနေ ၂၀ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။ ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

October 20, 2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။