BREAKING
May 11, 2025

ရုပ်သံ

မြန်မာ့ရေးရာ

Dawei Watch

November 5, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ အောက်တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၄ ရက်နေ့အထိ တစ်ပတ်တာ အတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

စာချွန်တော် နှစ်ကာလများ

Dawei Watch

November 5, 2023

“စာပို့သမားရဲ့ စက်ဘီးဘဲလ်သံလေး ‘ကလင် ကလင်’ ဟာ နားဝင်ပီယံ။ ပို့စ်မင်းမြင်ရင် မငြိုမငြင်၊ ကြိုချင်ဆိုချင်။ စာအိတ်လေး တယုတယကိုင်ပြီး အိမ်ခန်းထဲပြေးဝင်၊ ကုတင်ပေါ်လှဲဖတ်ပြီး စိတ်ကူးယဉ်အိမ်မက် မက်ရတာ ဘာနဲ့မှမလဲချင်” ယခုခေတ်တွင် စက်ဘီးလေးနှင့် စာပို့သမားများ မရှိကြတော့။ စာတိုက်ကတစ်ဆင့် စာပို့ပြီး သတင်းစကား ပါးရသည့် ခေတ်မဟုတ်တော့ အင်တာနက်ခေတ်တွင် အားလုံးက မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ။ သို့သော် တစ်ခေတ်တစ်ခါက စာချွန်တော်များအကြောင်းမှာ အမှတ်ရစရာများလှသည်။ အတိတ်၏ လွမ်းမောဖွယ်များပင်။ ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် စာချွန်တော်များအကြောင်း ကိုဖော်ပြပေးလိုက်ပါသည်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း (အောက်တိုဘာလ ‌၂၉ ရက်ကနေ နိုဝင်ဘာလ ၄ ရက်နေ့အထိ)

Dawei Watch

November 4, 2023

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

Dawei Watch ရဲ့ ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ

Dawei Watch

November 4, 2023

အခုတစ်ပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၁) ယှဉ်ပြိုင်ကစားရတော့မှာပါ။ ပရီးမီးယားလိဂ် ပွဲစဉ်(၁၁)ရဲ့ပွဲစဉ်တွေထဲမှာ ပွဲကောင်းတွေ အများအပြား ပါဝင်လို့နေပါတယ်။ ပြိုင်ပွဲအရပ်ရပ် ၂ ပွဲဆဆက် ရှုံးနိမ့်ထားတဲ့ မန်ယူအတွက် ဖူလ်ဟမ်နဲ့ ကစားရမယ့်ပွဲစဉ်က ပွဲကျပ်နိုင်သလို နယူးကာဆယ်ရဲ့အိမ်ကွင်းဆီကို သွားရောက်ယှဉ်ပြိုင်ရဖို့ ရှိနေတဲ့ အာဆင်နယ်အတွက်လည်း စိန်ခေါ်မှုက ကြီးမားလွန်းနေမှာပါ။ လီဗာပူးနဲ့ မန်စီးတီးတို့ကတော့ အသင်းငယ်တွေနဲ့ရင်ဆိုင်ရဖို့ ရှိနေတာကြောင့် ပွဲချောင်နေပါတယ်။ စပါးနဲ့ ချယ်လ်ဆီးတို့ လန်ဒန်မြို့ခံအသင်းအချင်းချင်း ထိပ်တိုက်တွေ့နေတဲ့ပွဲကတော့ ဒီတစ်ပတ်ရဲ့ပွဲကြီးပွဲကောင်းဖြစ်လာမှာပါ။ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ရွေးချယ်ကောက်နုတ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

Dawei Watch

November 4, 2023

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ အောက်တိုဘာလ ၂၈ ရက်နေ့ကနေ နိုဝင်ဘာလ ၃ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။ ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

November 3, 2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

နိုဝင်ဘာလ ၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

November 2, 2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

တရားခွင်က နာသူရမ်း (သို့မဟုတ်) ဂန္ဒီကို နာသူရမ်းက ဘာကြောင့် လုပ်ကြံခဲ့တာလဲ

Dawei Watch

November 2, 2023

ဒီဇာတ်ကားကို ကြည့်ရှုပြီးရင် သေသေချာချာလေး သိမ်းဆည်းထားလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ တွဲဖက်ပြီး ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားဟာ သိပ်မကြာခင်မှာပဲ ထွက်လာဖို့ ရှိနေလို့ပါပဲ။ ဒီဇာတ်ကားဟာ ဂန္ဒီကို သေနတ်နဲ့ပစ်ခတ်လုပ်ကြံခဲ့တဲ့ နာသူရမ်းရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ဂန္ဒီအကြောင်း ရိုက်ကူးထားတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားကလည်း သိပ်မကြာခင်မှာ ထွက်လာဖို့ရှိနေလို့ ဒီဇာတ်ကားကို ကြည့်ရှုပြီးရင် သိမ်းဆည်းထားလိုက်ဖို့ ညွှန်းဆိုရတာပါ။ ပူနေးမြို့က ဟိန္ဒူအမျိုးသားရေးအစွန်းရောက် နာသူရမ်း ဟာ ဂန္ဒီကို သေနတ်နဲ့ သုံးချက်ဆင့်ပစ်ပြီး လုပ်ကြံခဲ့တာဖြစ်ပါတယ်။ တရားခွင်အကြောင်းကို ရိုက်ကူးပြထားတာက မပြည့်စုံဘူးဆိုပေမယ့် ဒီဇာတ်ကားကို ကြည့်လိုက်ရင် နာသူရမ်းဘက်က ခံယူချက်တွေကို မြင်ရပါလိမ့်မယ်။ ဒီနေရာမှာ ချီးကျူးမိတာကတော့ အိန္ဒိယရဲ့ရုပ်ရှင်လောကဟာ ဒီလိုဇာတ်လမ်းတွေကိုတောင် ပရိသတ်ဆီ တင်ဆက်ပြသဖို့ ခွင့်ပြုပေးနေပြီဆိုတာပါပဲ။ သူတို့ အရမ်းချစ်ရတဲ့ ဂန္ဒီကြီးကို လုပ်ကြံခဲ့သူတစ်ယောက်က တရားရုံးမှာ ဘယ်လိုထွက်ဆိုခဲ့တယ်ဆိုတာ၊ အဲ့ဒီလူရဲ့ခံစားချက်တွေ၊ […]