BREAKING
May 14, 2025

ရုပ်သံ

ပဋိပက္ခဒေသများနှင့် အစားအသောက်ဖူလုံရေး

Dawei Watch

June 4, 2024

တနင်္သာရီတိုင်းမှာ စစ်ရေးတွေပြင်းထန်လာတာကြောင့် တော်လှန်ရေးအဖွဲ့တွေ အားကောင်းတဲ့ ဒေသတွေကို စစ်ကောင်စီက စားနပ်ရိက္ခာ ဖြတ်တောက်ပိတ်ဆို့ထားပါတယ်။ ထားဝယ်နဲ့ မြိတ်ခရိုင်ထဲက မြို့နယ်လေးခုမှာ စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ခံထားရတာ နှစ်နဲ့ချီ ရှိနေပါပြီ။ တိုင်းအတွင်းမှာ စစ်ဘေးရှောင်ဦးရေကလည်း ခြောက်သောင်းနီးပါး ရှိနေပါတယ်။ တော်လှန်ရေးအားကောင်းလာလို့ စစ်ရေးတွေ ပိုမိုပြင်းထန်လာဖို့ရှိတာကြောင့် စားနပ်ရိက္ခာဖြတ်တောက်ပိတ်ဆို့မှုတွေ ပိုမိုလုပ်လာနိုင်ဖွယ်လည်း ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ အသက်ရှင်ရပ်တည်နိုင်ဖို့ စားနပ်ရိက္ခာဖူလုံရေး ဘယ်လို လုပ်ဆောင်ကြမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

မိုင်းနဲ့ အန္တရာယ်ရှိတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကို ဘယ်လိုနေရာတွေမှာ တွေ့ရတတ်လဲ

Dawei Watch

June 4, 2024

အသုံးပြုပြီးမပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းဆိုတာ ပေါက်ကွဲစေဖို့ ရည်ရွယ်ပြီး ပစ်ခတ်လိုက်ပေမယ့် မပေါက်ကွဲသေးဘဲ ကျန်နေတဲ့ စစ်လက်နက်ပစ္စည်းတွေ ဖြစ်ပါတယ်။ မိုင်းနဲ့ အခြားမပေါက်ကွဲသေးတဲ့ စက်ကျန်လက်နက်ပစ္စည်းရှိနေတဲ့ နေရာတွေကို သတိထားရှောင်ကျဉ်သင့်ပါတယ်။

အလွန်အမင်း တန်ဖိုးကျသွားသည့် ငွေစက္ကူများ

Dawei Watch

June 2, 2024

ပေါင်မုန့်တစ်လုံးရဖို့ ငွေစက္ကူ တစ်အိတ်နဲ့ သယ်သွားဝယ်ရခဲ့တာမျိုး ကမ္ဘာ့ သမိုင်းစဉ် တစ်လျှောက် ကြုံဖူး ခဲ့ကြပါတယ်။ အထူးသဖြင့်တော့ စစ်ပွဲတွေအကြားမှာ ကြုံလေ့ရှိတာမျိုးပါ။ အစိုးရ ဒါမှမဟုတ် အုပ်စိုးသူတွေက ဘဏ္ဍာငွေကြေး အလွန်အကျွံသုံးစွဲတာ။ (ရတာထက် သုံးတာ အဆမတန် ပိုများနေတာ)၊ စစ်အသုံးစရိတ်၊ အကျင့်ပျက်ချစားမှုနဲ့ ငွေစက္ကူ အလွန်အကျွံ ရိုက်ထုတ်မှုတွေဟာ ငွေကြေး အလွန်အမင်း ဖောင်းပွမှုရဲ့ တရားခံတွေ ပါပဲ။ ပညာရပ်ဆိုင်ရာအရတော့ လစဉ် လစဉ် စျေးတွေ ၅၀ ရာခိုင်နှုန်းနဲ့ အထက် ဆက်တိုက် တက်နေတာမျိုးကို ငွေကြေး အလွန်အမင်းဖောင်းပွမှု အဖြစ်ယူပါတယ်။ သမိုင်းစဉ်တစ်လျှောက် ကြည့်လိုက်ရင် ဇင်ဘာဘွေတစ်နိုင်ငံတည်း ကြုံခဲ့ရတာ မဟုတ်ပါဘူး။ အချို့သော ဆိုးဝါးတဲ့ သမိုင်းတွေကို ထုတ်နုတ်ကြည့်ရအောင်ပါ။ Stacker.com ပါ Amanda […]

ဗထူးနေ့အခမ်းအနား ကျင်းပ

Dawei Watch

June 2, 2024

ဗထူးကျဆုံးခြင်း ၇၉ နှစ်မြောက်နေ့နဲ့ ဗထူးနေ့အခမ်းအနားကို ဗိုလ်မှူးကြီးဗထူးရဲ့ မွေးရပ်ဇာတိ လောင်းလုံးမြို့နယ် လေးသွန်းခံကျေးရွာက ဗထူးမော်ကွန်းဥယျာဉ်တွင်းမှာ ဒီနေ့ (ဇွန်လ ၂ ရက်နေ့) ကျင်းပခဲ့ပါတယ်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

Dawei Watch

June 1, 2024

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မေလ ၂၅ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။ ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

Dawei Watch

May 25, 2024

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မေလ ၁၈ ရက်နေ့ကနေ မေလ ၂၄ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။ ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

အက်ဖ်အေဖလား ချန်ပီယံက မန်စီးတီးလား၊ မန်ယူလား

Dawei Watch

May 25, 2024

ဒီနှစ်ရဲ့အက်ဖ်အေဖလားဗိုလ်လုပွဲမှာလည်း မန်စီးတီးနဲ့ မန်ယူတို့ ထိပ်တိုက်ဆုံကြပါပြီ။ မနှစ်တုန်းကလည်း အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ဒီနှစ်သင်းပဲ တွေ့ဆုံခဲ့ပြီး မန်စီးတီးက ချန်ပီယံဖြစ်သွားခဲ့ပါတယ်။ အခုနှစ်ရဲ့ပရီးမီးယားလိဂ်ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း မန်စီးတီးကချည်းပဲ နှစ်ကျော့လုံး အနိုင်ရထားပါတယ်။ အက်ဖ်အေဖလားပြိုင်ပွဲမှာ မန်စီးတီးပဲ ၂ နှစ်ဆက် ချန်ပီယံဖြစ်သွားလေမလား။

စစ်ဘေးရှောင်တို့အတွက် ကျန်းမာရေး

Dawei Watch

May 21, 2024

တနင်္သာရီတိုင်းအတွင်း ယခုဧပြီလတွင် စစ်ဘေးရှောင် ခြောက်သောင်းနီးပါးရှိပြီး ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများက အများစုဖြစ်ပါသည်။ စစ်ဘေးရှောင်များမှာ နေရေး၊စားရေး အခက်အခဲများအပြင် ရာသီအလိုက် မတူညီသည့် ကျန်းမာရေးပြဿနာများကို ရင်ဆိုင်နေကြရသည်။ ယင်းကြောင့် စစ်ဘေးရှောင်များ ကြုံတွေ့နေရသည့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို ဖော်ပြလိုက်ပါသည်။