BREAKING
May 15, 2025

ရုပ်သံ

Podcast: ပြည်တွင်းရွှေ့ပြောင်းလူငယ်များနှင့် အလုပ်အကိုင်အခွင့်အလမ်း

Dawei Watch

July 1, 2024

မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းခဲ့တာ အခုဆိုရင် ရက်ပေါင်း ၁၃၀၀ နီးပါးရှိလာပါပြီ။ အလုပ်အကိုင်ရှားပါးမှု၊ ပဋိပက္ခတွေနဲ့ စစ်ကောင်စီရဲ့ ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်မှုတွေကြောင့် လူငယ်လူရွယ်တွေဟာ ဒေသကိုစွန့်ခွာနေကြရတာပါ။ တနင်္သာရီတိုင်းရဲ့ စစ်ရေးအခြေအနေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာနေသလို စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေ အပါအဝင် အမျိုးမျိုးသော တင်းကျပ်မှုတွေကြောင့် လူငယ်၊လူရွယ်အများစု ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့နေကြရပါတယ်။ ဒါပေမဲ့လည်း အခက်အခဲမျိုးစုံကို ဆက်လက်ရင်ဆိုင်နေကြရဆဲပါ။ ဒါကြောင့် ဒီအခက်အခဲတွေကို ဘယ်လိုရင်ဆိုင် ကျော်လွှားကြမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

မြန်မာ့ရေးရာ

Dawei Watch

June 30, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဇွန်လ ၂၃ ရက်နေ့ကနေ ဇွန်လ ၂၉ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

ပြည်တွင်းရွှေ့ပြောင်းလူငယ်များနှင့် အလုပ်အကိုင်အခွင့်အလမ်း

Dawei Watch

June 29, 2024

မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းခဲ့တာ အခုဆိုရင် ရက်ပေါင်း ၁၃၀၀ နီးပါးရှိလာပါပြီ။   အလုပ်အကိုင်ရှားပါးမှု၊ ပဋိပက္ခတွေနဲ့ စစ်ကောင်စီရဲ့ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်မှုတွေကြောင့် လူငယ်လူရွယ်တွေဟာ ဒေသကိုစွန့်ခွာနေကြရတာပါ။   တနင်္သာရီတိုင်းရဲ့ စစ်ရေးအခြေအနေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာနေသလို စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေ အပါအဝင် အမျိုးမျိုးသော တင်းကျပ်မှုတွေကြောင့် လူငယ်၊လူရွယ်အများစု ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့နေကြရပါတယ်။   ဒါပေမဲ့လည်း အခက်အခဲမျိုးစုံကို ဆက်လက်ရင်ဆိုင်နေကြရဆဲပါ။   ဒါကြောင့် ဒီအခက်အခဲတွေကို ဘယ်လိုရင်ဆိုင် ကျော်လွှားကြမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဇွန်လ ၂၃ ရက်ကနေ ၂၉ ရက်နေ့အထိ )

Dawei Watch

June 29, 2024

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

အီတလီနဲ့ ဂျာမနီပဲ ကွာတားဖိုင်နယ်ကို တက်လှမ်းသွားလိမ့်မယ်

Dawei Watch

June 29, 2024

ယူရို ၂၀၂၄ ပြိုင်ပွဲကြီးရဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေကို အစပြုပါပြီ။ ဒီညမှာတော့ နာမည်ကြီးအသင်းတွေဖြစ်ကြတဲ့ လက်ရှိချန်ပီယံ အီတလီ၊ အိမ်ရှင် ဂျာမနီတို့ရဲ့ ပွဲတွေကို စတင်ရှုစားရတော့မှာပါ။ ဂျာမနီနဲ့ ဒိန်းမတ် ပွဲစဉ်ကတော့ ပိုပြီး အကြိတ်အနယ်ဖြစ်လာဖို့ ရှိနေပါတယ်။ အဲ့ဒီပွဲစဉ်ဟာ စိတ်မကျေပွဲသဘောမျိုးတောင် ဖြစ်လာပါလိမ့်မယ်။ အီတလီနဲ့ ဆွစ်ဇာလန်တို့ရဲ့ ပွဲစဉ်ကို မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ယှဉ်ပြိုင်ဖို့ ရှိနေပြီး ဂျာမနီနဲ့ ဒိန်းမတ်တို့ရဲ့ ပွဲစဉ်ကိုတော့ ညသန်းခေါင်ယံကျော်လို့ နောက်တစ်နေ့မနက်ကို ကူးတဲ့ မနက် ၁ နာရီခွဲမှာ ကျင်းပမှာပါ။ ဘယ်အသင်းတွေက ရလဒ်ကောင်းတွေ ရယူပြီး နောက်တစ်ဆင့်ဆီကို ဆက်လက် တက်လှမ်းသွားလေမလဲ။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

Dawei Watch

June 29, 2024

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇွန်လ ၂၂ ရက်နေ့ကနေ ဇွန်လ ၂၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။ ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

ဇွန်လ ၂၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

June 28, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေ ထိတွေ့ပစ်ခတ်မှုဖြစ်တဲ့သတင်း – ကော့သောင်းမှာ MPT ဖုန်းလိုင်းပြတ်တောက်မှု တစ်ပတ်ကျော်ကြာလာတဲ့အကြောင်း – ရေးမြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရတဲ့သတင်း – ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ တရားမဝင် ဝင်လာတဲ့ မြန်မာ ၂၅ ဦး ဖမ်းဆီးခံရတဲ့သတင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဇွန်လ ၂၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

June 27, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ထားဝယ်မြို့ပေါ်စာသင်ကျောင်းအနီးမှာ ဗုံးတွေ့လို့ ရှင်းလင်းလိုက်တဲ့အကြောင်း – ထောင်ချီရှိတဲ့ ရာဖူးရွာစစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေလိုအပ်နေတဲ့အခြေအနေ – ရေဖြူမြို့နယ်က ဇာဒီရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ရက်ဆက်ပစ်ခတ်နေသလို အင်တာနက်လည်း ဖြတ်တောက်ခံထားရတာ – မွန်ပြည်နယ် ကျိုက်ထိုဒေသခံတွေလည်း စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ထွက်ပြေးနေကြရပါတယ်။ – ထားဝယ်မြို့မှာ ရွှေရောင်းသူထက် ပေါင်တဲ့သူက ပိုများလာနေတဲ့အကြောင်း – ရှမ်းမြောက်တကျော့ပြန်တိုက်ပွဲမှာ စစ်ကောင်စီတပ်စခန်း ၂၄ ခုကို သိမ်းယူထားတယ်လို့ တအာင်းတပ်က ထုတ်ပြန်လိုက်တာ – နောင်ချိုမြို့ကို အပြည့်အဝထိန်းချုပ်ထားတယ်လို့ မန္တ‌လေး PDF က ထုတ်ပြန်လိုက်တဲ့အကြောင်း – ရှမ်းမြောက် တကျော့ပြန်တိုက်ပွဲတွေပြင်းထန်လာနေချိန် […]