BREAKING
May 16, 2025

ရုပ်သံ

တနင်္သာရီနဲ့ ဘုတ်ပြင်းကြားက မြိတ်-ကော့သောင်းလမ်းပိုင်း ဖြတ်သန်းခွင့်ပိတ်ထား

Dawei Watch

August 12, 2024

တနင်္သာရီနဲ့ ဘုတ်ပြင်းကြားက မြိတ်-ကော့သောင်းလမ်းပိုင်း ဖြတ်သန်းခွင့်ပိတ်ထား

မြန်မာ့ရေးရာ

Dawei Watch

August 11, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဩဂုတ်လ ၄ ရက်နေ့ကနေ ဩဂုတ်လ ၁၀ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဩဂုတ်လ ၄ ရက်ကနေ ၁၀ ရက်နေ့)

Dawei Watch

August 11, 2024

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

The Sheronies of Tavoy – ထားဝယ်နှင်းဆီ [အခန်း (၁၉) ဇာတ်သိမ်း]

Dawei Watch

August 10, 2024

ထားဝယ်ဒေသမှ လွတ်မြောက်ရေး ခရီးရှည်တက်ပွဲ။ အင်အား ၇၀၀ ကျော်ပါ လူတန်းရှည်ကြီး။ စစ်တပ်က တောက်လျှောက် လိုက်လံပိတ်ဆို့သည်။ နီနီရိန်က ဘာဘိုင်သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရင်း သူ့နောက်မှ လူအုပ်ကြီးကို တစ်ချက် ကြည့်လိုက်သည်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

Dawei Watch

August 10, 2024

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဩဂုတ်လ ၃ ရက်နေ့ကနေ ဩဂုတ်လ ၉ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။ ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရာသီသစ်ကို ကြိုဆိုမယ့် ကွန်မြူနတီဒိုင်းပွဲ လာပြီ

Dawei Watch

August 10, 2024

ဒီနေ့မှာ ကွန်မြူတီဒိုင်းလုပွဲကြီးကို ယှဉ်ပြိုင်ရပါတော့မယ်။ ကွန်မြူနတီဒိုင်းလုပွဲကြီး ရောက်ရှိလာတယ်ဆိုတာဟာ ပရီးမီးယားလိဂ်ဘောလုံးရာသီသစ် စတင်ဖို့အတွက် သီတင်းပတ် တစ်ပတ်ပဲ လိုတော့တယ်လို့ သံချောင်းခေါက်လိုက်တာပါပဲ။ ဒီနှစ်ရဲ့ကွန်မြူနတီဒိုင်းလုပွဲက မန်ချက်စတာဒါဘီပွဲစဉ်ဖြစ်နေလို့ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ မန်ယူဟာ မန်စီးတီးကို အနိုင်ယူပြနိုင်လေမလား ဒါမှမဟုတ်ဘဲ ပရီးမီးယားလိဂ် လေးရာသီဆက်ချန်ပီယံ မန်စီးတီးကပဲ ကွန်မြူနတီဒိုင်းဆုရှင်ဖြစ်သွားလေမလားဆိုတာကို စောင့်ကြည့်ကြရတော့မှာပါပဲ။ ဒီည မြန်မာစံတော်ချိန် ည ၈ နာရီခွဲမှာ ယှဉ်ပြိုင်ကစားမယ့် ဒီပွဲစဉ်ဟာ ပရိသတ်တွေကိုလည်း ရင်ခုန်သံမြန်စေပါလိမ့်မယ်။

ဩဂုတ်လ ၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

August 9, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – တနင်္သာရီမြို့နယ်က ရေဘေးနဲ့စစ်ဘေးသင့်ပြည်သူတွေကို ကူဖို့အတွက် ရိက္ခာလှေကမ်းပိန်းမှာ ပါဝင်ကြဖို့ တိုက်တွန်တဲ့အကြောင်း – ညောင်ပင်ကွင်းတံတားက စစ်ကောင်စီစစ်ဆေးရေးဂိတ် တစ်ရက်ထဲ နှစ်ကြိမ်တိုက်ခိုက်ခံရတဲ့ အခြေအနေ – မြန်မာကျပ်ငွေတန်းဖိုး စံချိန်တင်ကျဆင်းနေပြီး ကျပ်တစ်သိန်းကို ဘတ် ၆၀၀ အောက်ကို ရောက်ရှိလာတာ – ဒရုန်းနဲ့တိုက်ခိုက်လို့ စစ်ကောင်စီရဟတ်ယာဉ် ထိခိုက်မှုရုပ်သံကို NUG က ထုတ်ပြန်လိုက်တဲါအကြောင်း – လုပ်အားခ ဘတ် ၁၅ သိန်းကျော်မရလို့ မြန်မာအလုပ်သမားတွေက ထိုင်းအလုပ်ရှင်ကို အမှုဖွင့်လိုက်တာ -ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲအနိုင်ရဖျက်သိမ်းခံပါတီဟာ နာမည်အသစ်နဲ့ ပါတီထက်ထောင်လိုက်တဲ့အခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ […]

တနင်္သာရီတိုင်းက ရိက္ခာလှေကမ်ပိန်း

Dawei Watch

August 9, 2024

ရေဘေးနှင့်စစ်ဘေးဒဏ်ကို ခါးစည်းခံစားခဲ့ရသည့် တနင်္သာရီမြို့နယ်က ထောင်ချီသည့်ဒေသခံများမှာ အကူအညီများစွာ လိုအပ်လျက်ရှိသည်။ ဇူလိုင်လ တတိယအပတ်ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီမြို့နယ်တွင် နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွာဆုံးရေကြီးမှုကို ကြုံတွေ့ခဲ့ရသည်။ ရေဘေးဖြင့် နပန်းလုံးနေရသည့်အခိုက်တွင်ပင် စစ်ကောင်စီစစ်ကြောင်းများ ကျေးရွာ‌များအတွင်း ဝင်ရောက်စစ်ကြောင်းထိုးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့၍ စစ်ဘေးဒဏ်ကိုပါ ခံစားခဲ့ရပြန်သည်။ လက်ရှိတွင် ရေပြန်ကျသွားပြီဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဒေသခံများမှာ စားနပ်ရိက္ခာလိုအပ်ချက်၊ သန့်ရှင်းသည့် သောက်သုံးရေလိုအပ်ချက် စသဖြင့် လိုအပ်ချက်ပေါင်းမြောက်များစွာဖြင့် ရင်ဆိုင်နေကြရသည်။ အိုးအိမ်စွန့်ခွာပြီး ဒုက္ခရောက်နေကြရသည့် တနင်္သာရီမြို့နယ်မှ ဒေသခံများအတွက် ရည်ရွယ်ပြီး စစ်ဘေးရှောင်ကူရေးအဖွဲ့ငါးဖွဲ့က ရိက္ခာလှေကမ်ပိန်းအစီအစဉ်ကို ပြုလုပ်လျက်ရှိသည်။ ယင်းကြောင့် တနင်္သာရီမြို့နယ်က ရေဘေးနှင့် စစ်ဘေးဒဏ်သင့် ပြည်သူများ၏ အခြေအနေနှင့် ကမ်ပိန်းအခြေအနေတို့ကို မေးမြန်းဖော်ပြလိုက်ပါသည်။ (ကူညီလိုပါက https://www.facebook.com/share/dRroApM6g41SXgoz/?mibextid=qi2Omg မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်)