BREAKING
May 17, 2025

ရုပ်သံ

ဒီနေ့ထိုးရမယ့် One Friday Fights 76 ပြိုင်ပွဲကြီးမှာ မြန်မာဖိုက်တာ ၅ ယောက်လုံး ရလဒ်ကောင်းနိုင်ပါ့မလား

Dawei Watch

August 23, 2024

ဒီနေ့မှာဆိုရင် မြန်မာဖိုက်တာ ၅ ယောက် ပါဝင်ယှဉ်ပြိုင်ခွင့်ရထားတဲ့ One Friday Fights 76 ပြိုင်ပွဲကြီး ရောက်ရှိလာတော့မှာပါ။ အခု ပြိုင်ပွဲကြီးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဆီက လမ်းပီးနီး အားကစားကွင်းကြီးထဲမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။ ဒါဟာ မြန်မာဖိုက်တာ လက်ဝှေ့သမားတွေအတွက် One Friday Fights တွေမှာ စံချိန်တင်အရေအတွက်နဲ့ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိတာပါပဲ။ မြန်မာဖိုက်တာ သန့်ဇင် ဆိုရင် ဒုတိယခေါင်ပွဲအထိတောင် တက်ထိုးခွင့်ရထားပါတယ်။ ဒီပြိုင်ပွဲကြီးမှာသာ မြန်မာဖိုက်တာ လက်ဝှေ့သမားတွေ တက်ညီလက်ညီ အစွမ်းပြလိုက်နိုင်မယ်ဆိုရင်တော့ နောက်ထပ် မြန်မာလက်ဝှေ့သမားတွေအတွက် One Friday Fights မှာ လမ်းစတွေ ထွက်ပေါ်လာတော့မှာပဲဖြစ်ပါတယ်။ မြန်မာဖိုက်တာ ၅ ယောက်ထဲက ၃ ယောက်ဟာ ထိုင်းဖိုက်တာတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ၂ ယောက်ကတော့ […]

ဩဂုတ်လ ၂၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

August 22, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ထိုင်း ကော့ဖငန်းကျွန်းမှာ ကုန်စုံဆိုင်ပိုင်ရှင်အပါအဝင် မြန်မာသုံးဦးဖမ်းဆီးခံရ

Dawei Watch

August 22, 2024

ထိုင်း ကော့ဖငန်းကျွန်းမှာ ကုန်စုံဆိုင်ပိုင်ရှင်အပါအဝင် မြန်မာသုံးဦးဖမ်းဆီးခံရ

အင်္ဂလန်ချန်ပီယံရှစ်မှာ ခြေချခွင့်ရတဲ့အထိ အောင်မြင်သွားတဲ့ ပထမဆုံး အင်ဒိုနီးရှားဘောလုံးသမား

Dawei Watch

August 22, 2024

မြန်မာနဲ့ပြိုင်ဘက်တွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား တို့ကတော့ ဘောလုံးဘက်မှာ တိုးတက်သထက် တိုးတက်လာခဲ့ပါပြီ။ အင်ဒိုနီးရှားဆိုရင်လည်း ဥရောပဘောလုံးလောကမှာ ခြေချခွင့်ရရှိတဲ့ကစားသမား ရှိလာခဲ့ပြီဖြစ်လို့ ဒါဟာ လမ်းသစ်တစ်ခု ပွင့်သွားတာလို့ ပြောနိုင်ပါတယ်။ အာရှရဲ့ထိပ်တန်းလိဂ်တွေမှာတောင် အရှေ့တောင်အာရှကစားသမားတွေ နေရာတစ်ခုရနိုင်ဖို့ မလွယ်ကူသေးချိန်မှာ ဥရောပလိဂ်တွေက မျက်စိကျပြီး ခေါ်ယူသွားတယ်ဆိုရင် ဒီကစားသမားရဲ့အရည်အသွေးကို တွက်ဆနိုင်ပါပြီ။ အင်ဒိုနီးရှားဘောလုံးသမားတွေထဲကနေပြီး အင်္ဂလန်ချန်ပီယံရှစ်မှာ ကစားခွင့်ရဖို့ ကံထူးသွားခဲ့သူက မာဆီလီနို ဖာဒီနန် ပါပဲ။ မာဆီလီနို ဖာဒီနန် ဟာ အသက် ၁၉ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ “မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့”ဆိုတဲ့စကားဟာ စကားအဖြစ် ပြောရုံ၊ ဆိုင်းဘုတ်မှာ ရေးပြီး ဆိုင်းဘုတ်ထောင်ထားရုံနဲ့ အကောင်အထည် ပေါ်မလာနိုင်ပါဘူး။ တကယ်လုပ်ရင် အဟုတ်ဖြစ်တယ်ဆိုတဲ့စိတ်နဲ့ မဆုတ်မနစ် ကြိုးစားမှပဲ အခုလို အရာထင်ထင် ဖြစ်လာနိုင်တာပါ။ […]