လောင်းလုံးတောင်မင်းပြောင်ရွာတွင် လက်နက်ကြီးကျည်ကျပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ၊ မြို့အဝင်ဂိတ်များ ပိတ်ထား၍ ဆေးကုသခွင့်မရသေး
Dawei Watch
December 28, 2025လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင်ကျေးရွာအတွင်း စစ်အာဏာရှင်တပ်၏ လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ အပြင်ဘက်ရှိ လောင်းလုံးမြို့နယ်မြောင်ပိုင်းနှင့် တောင်ဘက်ပိုင်းတို့ကို စစ်အာဏာရှင်တပ်က လက်နက်ကြီးများဖြစ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြိုခံအချို့ကပြောသည်။ လက်နက်ကြီးကျည်ဆန် တစ်လုံးမှာ လောင်းလုံး မြောက်ပိုင်းကျေးရွာတစ်ရွာ ဖြစ်သည့် တောင်မင်းပြောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး ကျည်စထိမှန်သွားခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “တောင်မင်းပြောင်ကျောင်းသစ် ဘုန်းကြီးကျောင်းနားကျတယ်။ ရာဘာပင်ကို ထိပြီး လာစင်တာ ဗိုက်မှာထိသွားတယ်။ ထိတာက မိန်းမကြီး”ဟု ၎င်းကပြောသည်။ စစ်ကော်မရှင်မှ ယနေ့ ထားဝယ်မြို့အဝင်အထွက်ဂိတ်များအားလုံးပိတ်ပြီး ထားဝယ်မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနေခြင်းကြောင့် လက်နက်ကြီးကျည်စထိမှန်သည့်အဆိုပါအမျိုးသမီးမှာ ယနေ့ နေ့လယ် ပိုင်းအထိ ထားဝယ်မြို့သို့သွားရောက်ပြီး ဆေးဝါးကုသခံယူခွင့်မရရှိသေးပေ။ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကော်မရှင်မှ ရွေးကောက်ပွဲအပိုင်း ၁ အဖြစ် […]


