BREAKING
May 13, 2025

ရုပ်သံသတင်း

၀မ်းရေးခက်တဲ့ သဘင်သည်တို့ဘဝ

diz_admin

December 15, 2021

ပရိသတ်တွေကို ရယ်တစ်လှည့် ငိုတစ်ခါ အသုံးတော်ခံလေ့ရှိတဲ့ ဇာတ်သဘင်သည်တွေဟာ ဘဝရှင်သန်ရပ်တည်ရေးအတွက် အခက်ခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။ ကိုဗစ်ကပ်ဘေးစဖြစ်ချိန်ကတည်းက ဇာတ်ကခွင့်မရတော့တဲ့ သူတို့တစ်တွေဟာ ရရာအလုပ်လုပ်ရင်း ဝမ်းစာရေးအတွက် ရုန်းကန်ခဲ့ကြရပါတယ်။ အခုဆိုရင် ဝမ်းစာရေးအပြင် ကျောတစ်ခင်းစာ နေစရာအတွက်ပါ စိတ်ပူပန်နေရပါတယ်။ ကိုဗစ်ကပ်ဘေးအပြင် စစ်အာဏာသိမ်း ဂယက်တွေအကြား သဘင်သည်တွေ ဘယ်လိုရှင်သန်ရုန်းကန်နေရတယ်ဆိုတာကို Dawei Watch က တင်ဆက်ထားပါတယ်။

စစ်တပ်ထုတ်ကုန် သပိတ်မှောက်ရန် ဆန္ဒပြ

diz_admin

December 8, 2021

စစ်တပ်ထုတ်ကုန်များ မသုံးဘဲ ဆန့်ကျင်ရေး လောင်းလုံးမြို့နယ်လုံး ဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂနှင့် လူငယ်များက သပိတ်မှောက်ခဲ့ကြသည်။ Dawei Watch ရဲ့ Youtube တွင်လည်း ဝင်ကြည့်နိုင်ပါတယ်။

လောင်းလုံးညသပိတ်

diz_admin

December 7, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် တွင် ဒီဇင်ဘာလ ၇ ရက်ညက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့သည်။ လောင်းလုံးမြို့နယ်ရှိ တောင်ကြော အချို့တွင် စစ်ကောင်စီတပ်က တောနင်းစစ်ကြောင်း ထိုးနေသည့် ကြားမှ ထိုသို့ သပိတ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လောင်းလုံး ညသပိတ်

diz_admin

December 7, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၆) ညတွင် ‘ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ’ ကြွေးကြော်သံဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ကြသည်။ ရန်ကုန်သပိတ်စစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က အကြမ်းဖက် ဖြိုခွင်းခံလိုက် သဖြင့် ယနေ့တွင်ပင် လောင်းလုံးမြို့နယ် အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများ နှင့် လူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသေးသည်။

ရန်ကုန် သပိတ်ဖြိုခွင်းခံရပြီးနောက် ထားဝယ်တွင် ဆန္ဒပြ

diz_admin

December 5, 2021

ရန်ကုန်သပိတ်စစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ်တွင် အကြမ်းဖက် ဖြိုခွင်းခံလိုက်သည့် ယနေ့တွင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများက ဒီဇင်ဘာ ၅ ရက်နေ့ ညတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ ကြည့်မြင်တိုင် ဖြိုခွင်းမှုတွင် ကျဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြသော တော်လှန်ရေးရဲဘော်များအား ဂုဏ်ပြုသောအားဖြင့် ‘ရန်ကုန်သွေးတွေ မြေခနေပြီ၊ တပြည်လုံးသွေးတွေ ဆူပွက်ကြဟေ့’ ကြွေးကြော်သံဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။ Dawei Watch ရဲ့Youtube တွင်လည်း ဝင်ကြည့်နိုင်ပါတယ်။

ရွေးကောက်ပွဲ တစ်နှစ်ပြည့် တနင်္သာရီ

diz_admin

November 8, 2021

ခေတ်သစ်မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့ အဆင့်တစ်ဆင့် ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခဲ့တာ ဒီနေ့ တစ်နှစ်ပြည့်ပါပြီ။ ဒီရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက အစိုးရ ဖွဲ့နိုင်တဲ့အထိ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ တနင်္သာရီတိုင်းမှာလည်း လွှတ်တော် နေရာ ၄၃ နေရာစလုံး ရာနှုန်းပြည့် အနိုင်ရခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးအကြား တနင်္သာရီတိုင်းမှာ မဲပေးသူ ရာခိုင်နှုန်း ၆၆.၅ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲရလဒ် ကို မျက်ကွယ်ပြုပြီး စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပါတယ်။ အဲဒီနောက် ကိုးလကျော်အကြာအတွင်း အမျိုးမျိုးသော အာဏာသိမ်းဆန့်ကျင်မှုတွေ နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေဆဲပါ။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကလည်း ၂၀၂၀ ရွေးကောက်ပွဲအပြီး တစ်နှစ်အကြာ မရေရာမှုတွေနဲ့ ဆက်သွားနေရဆဲပါ။ အဲဒီအကြောင်း ရုပ်သံကို […]

ကျီးလန့်စာစား တောင်ပျောက်တိုက်နယ်

diz_admin

November 5, 2021

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းကြောင်း ပိတ်ဆို့ထားတာ တစ်လကျော်လာပါပြီ။ ဒေသခံတွေလည်း စားနပ်ရိက္ခာ အခက်အခဲဖြစ်လာနေပါပြီ။တောင်ပျောက်တိုက်နယ် အဝင်အထွက်ဖြစ်သည့် သဲချောင်းကြီးရွာနှင့် စုံစင်ဖျားရွာ အဝင် အထွက်လမ်းပေါက်နှစ်ခုလုံးကို စစ်ကောင်စီတပ်ဖွဲ့များက လမ်းကြောင်းပိတ်ဆို့ထားလိုက်ပါတယ်။ ဖြတ်သန်းသွားလာသူများကို တားဆီးစစ်ဆေးတာ၊ စားနပ်ရိက္ခာသယ်ယူမှုကိုလည်း ကန့်သတ်ထားတာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေ ကဆိုပါတယ်။ အဲဒီအကြောင်း ရုပ်သံကို Dawei Watch ရဲ့ Youtube တွင် ဝင်ကြည့်နိုင်ပါတယ်။