BREAKING
May 12, 2025

ရုပ်သံသတင်း

ဝကုန်းရွာကအိမ်တွေ မီးရှို့ခံရ

diz_admin

January 8, 2023

ထားဝယ်မြို့နယ်၊ ဝကုန်းရွာမှာ ဒီနေ့မနက်က နေအိမ်တွေမီးရှို့ခံနေရပါတယ်။ ဒီနေ့ညနေ ၃ နာရီအထိ ရရှိတဲ့စာရင်းအရ နေအိမ် ၁၅ လုံးမီးလောင်သွားပါတယ်။

ပုလောမြို့နယ်က နေအိမ်တွေ မီးရှို့ခံရ

diz_admin

January 6, 2023

ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်အကြား စစ်‌ရေးပြင်းထန်နေပါတယ်။ တိုက်ပွဲတွေနဲ့အတူ ဒေသခံတွေရဲ့ နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံနေရတာပါ။ ပုလောမြို့နယ်ထဲက နေအိမ် ၇၀ လောက် မီးရှို့ခံရပြီး နေအိမ်အချို့ ဖျက်ဆီးခံရတဲ့အကြောင်း တင်ဆက်လိုက်ပါတယ်။

ကိုယ့်ကိုယ်ကိုသတ်သေတာတွေ ဆက်တိုက်ဖြစ်နေတာ ဘာကြောင့်ပါလဲ..

diz_admin

January 6, 2023

အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ့်ကိုယ်ကိုသတ်သေတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။ တနင်္သာရီတိုင်းထဲမှာလည်း ဒီလိုသတ်သေတဲ့ ဖြစ်စဉ်တွေ ပိုများလာနေပါပြီ။ ကိုယ့်ကိုယ်ကိုသတ်သေသူတွေထဲမှာ အသက်ငယ်ရွယ်သူတွေပါသလိုပဲ အသက်ကြီးသူတွေလည်း ပါဝင်နေပါတယ်။ လူတွေဘာကြောင့် ဒီလိုမျိုး သတ်သေဖို့အထိ ဖြစ်လာရတာလဲ။ ဘယ်လိုအကြောင်းအရင်းတွေက တွန်းပို့နေတာလဲ။

လှေလုပ်သားတချို့ ဒဏ်ရာတဲ့ မြိတ်က ငါးဖမ်းလှေမီးလောင်မှု

diz_admin

December 31, 2022

မြိတ်မြို့ဆိပ်ကမ်းအနီး ပင်လယ်ပြင်မှာ ငါးဖမ်းလှေတစ်စီး ဒီကနေ့ နေ့လယ် ၁၂နာရီလောက်က မီးလောင်ခဲ့လို့ အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်ခဲ့ရပြီး မီးလောင်ဒဏ်ရာရသွားတဲ့ လှေလုပ်သားတွေကို ဆေးရုံသို့ ပို့ဆောင်ထားရပါတယ်။

စတေကာ မကပ်ပါက အရေးယူမည်ဆိုသည်မှာ ကောလာဟလဟု မီးသတ်တပ်ဖွဲ့ကြေညာ

diz_admin

December 28, 2022

ဆိုင်ကယ်ပေါ်တွင် ၁၉၁ နံပါတ်စတေကာ မကပ်ပါက ဒဏ်ရိုက်မည်ဆိုသည်မှာ ကောလာဟလ သတင်းသာဖြစ်ပြီး အရေးယူမည်မဟုတ်ကြောင်း တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာနရုံးက ယနေ့နံနက်မှစတင်ကာ အသံချဲ့စက်ဖြင့်အော်၍ ကြေညာနေရသည်။ ဆိုင်ကယ်ပေါ်တွင် ၁၉၁ နံပါတ် မတပ်ဆင်ပါက ဒဏ်ငွေအရိုက်ခံရမည်ဆိုသည့် ကောလာဟလသတင်းကြောင့် တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာနရုံးတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့က အရေးပေါ် ၁၉၁ ဖုန်းနံပါတ် စတေကာ တပ်ဆင်လိုသူများ တိုးဝှေ့လျက်ရှိသည်။ ဆိုင်ကယ်များတွင် အနီရောင် ၁၉၁ စတေကာများ တပ်ဆင်ထားမှု များပြားခြင်းကြောင့် လမ်းမများပေါ်တွင် အနီရောင်စတေကာကပ်ဆိုင်ကယ်များ သွားလာနေသည်မှာ အနီရောင်လှုပ်ရှားမှု တစ်ခုကဲ့သို့ ဖြစ်လာကြောင်း ဒေသခံများကဆိုသည်။

အိမ်လွမ်းဝေဒနာ၊ ပြီးတော့ မိုင်ပေါင်း ၅၀၀

diz_admin

December 23, 2022

ယခုအက်ဆေးလေးမှာ ၂၀၁၉ ဒီဇင်ဘာလ ၁၁ ရက်နေ့က Dawei Watch မီဒီယာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က တနင်္သာရီရိုးမထဲတွင် တည်ရှိနေသည့် ရွာတစ်ရွာ၏ ခရစ္စမတ် ပျော်ပွဲရွှင်ပွဲလေးကို အခြေတည်ကာ ရေးဖွဲ့ထားခြင်းဖြစ်သည်။ယခုတော့ အာဏာသိမ်းဖြစ်စဉ် နောက်ဆက်တွဲဂယက်ကြောင့် အိမ်နှင့်ဝေးကွာနေရသူ အများအပြားရှိနေသည်။ ဝေးကွာနေသည့် မိသားစုဝင်များ ပြန်လည်ဆုံတွေ့ပြီး ခရစ္စမတ်ပွဲလေး ကျင်းပနေကြသော ယခုလိုအချိန်တွင် မြန်မာနိုင်ငံသား အများစုမှာတော့ အဝေးတစ်နေရာတွင် အိမ်ပြန်ချင်စိတ်ကို မြိုသိပ်ရင်း ယုံကြည်ရာခရီး နှင်နေကြရပေသည်။ အိမ်လွမ်းနေရသူများအတွက် ဒီအက်ဆေးလေးကို အသံဆောင်းပါးအဖြစ် အသက်သွင်းပြီး ပြန်လည်တင်ဆက်လိုက်ရပါသည်။

ဥတုဒဏ်သင့် လယ်သမား

diz_admin

December 10, 2022

အမှည့်လွန်နေပြီဖြစ်တဲ့ စပါးတွေ အချိန်မီမရိတ်သိမ်းနိုင်ရင် ဆုံးရှုံးတာတွေ များနိုင်သလို အရည်အသွေးလည်း ကျဆင်းလေ့ရှိပါတယ်။ တနင်္သာရီတိုင်းမှာ ရွာသွန်းနေတဲ့ အခါမဲ့မိုးကြောင့် တောင်သူတွေ ဘာတွေကြုံတွေ့နေရလဲ

ဆားဖျက်မိုး

diz_admin

December 9, 2022

ဆောင်းအဝင်ဖြစ်ပေမယ့် မိုးကာလလို နိုဝင်ဘာလအတွင်း တနင်္သာရီတိုင်းမှာ မကြာခဏ မိုးသည်းထန်စွာ ရက်ရှည် ရွာတာတွေကြောင့် ဆားလုပ်တောင်သူတွေ အခက်အခဲ အကြီးအကျယ် ကြုံနေကြရပါတယ်။ ရေငန်မွေးလိုက် မိုးဖျက်လိုက်၊ ရေငန်မွေးလိုက် မိုးဖျက်လိုက်နဲ့ အစကနေ ပြန်ပြန်လုပ်နေရတာကြောင့် လုပ်ငန်းကြန့်ကြာသလို အလုပ်သမား စရိတ်တွေလည်း ပိုမိုကုန်ကျနေတယ်လို့ ဆိုပါတယ်။