BREAKING
May 12, 2025

ရုပ်သံသတင်း

မီးရှို့ခံလိုက်ရတဲ့ ဗိုလ်မှူးဗထူးရွာ

Dawei Watch

January 2, 2024

ဗိုလ်မှူးကြီးဗထူးရဲ့‌မွေးရပ်ဇာတိ လေးသွန်းခံရွာက အိမ်အချို့ကို  စစ်ကောင်စီတပ်က ၂၀၂၃ ခုနစ် ဒီဇင်ဘာလ ၂၈ ရက်​နေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီအ​ကြောင်းကို တင်ဆက်​ပေးလိုက်ပါတယ်။

စိတ်ဒဏ်ရာများအလွန်

Dawei Watch

December 22, 2023

မျှော်လင့်နေဆဲ အိမ်ပြန်ချန် (Episode 3) မြန်မာနိုင်ငံတွင်းက တိုက်ပွဲတွေကြောင့် နေရပ်စွန်ခွာ ထွက်ပြေးလာသူတွေ ဘယ်လိုစိတ်ဒဏ်ရာတွေနဲ့ ဘဝကို ဖြတ်သန်းနေကြရပါသလဲ။ စိတ်ဒဏ်ရာတွေသက်သာစေဖို့ ဘယ်လိုနည်းလမ်းတွေရှိပါသလဲ။ စိတ်ပညာရှင်က ဘယ်လိုတွေအကြံပြုမလဲ ဆိုတာတွေကို နားဆင်နိုင်ပါပြီ။

စစ်ရှောင်စခန်းမှာ ရက်များစွာ

Dawei Watch

December 21, 2023

မျှော်လင့်နေဆဲ အိမ်ပြန်ချိန် (Episode 2) မြန်မာနိုင်ငံရဲ့ စနစ်ဆိုးကြောင့် ကိုယ့်မွေးရပ်မြေကို စွန့်ခွာပြီး ရက်ပေါင်းတစ်သောင်းကျော် စစ်ဘေးရှောင်နေရသူ တစ်ဦး။ သူဘာတွေကြုံတွေ့ခဲ့ရလဲ။ ဘယ်လိုစိတ်ဓာတ်ရာတွေရရှိခဲ့လဲ။ အဆိုးရွားဆုံး နေ့ရက်တွေကို ဘယ်လို ဖြတ်ကျော်ခဲ့လဲဆိုတာကို ဒီအစီအစည်မှာ နားဆင်ရမှာပါ။

အမှောင်ဆုံးနေရက်များ

Dawei Watch

December 20, 2023

မျှော်လင့်နေဆဲ အိမ်ပြန်ချိန် (Episode 1) ဆယ်ကျော်သက်အရွယ်ဆိုတာ ကြီးကျယ်ခမ်းနားတဲ့ ဘဝရည်မှန်းချက် တွေရှိသလို ဒီရည်မှန်းချက်တွေကို အရောက်လှမ်းမယ့် ခွန်အားတွေအပြည့် ရှိတဲ့အရွယ်ပါပဲ။ ဒီလိုအရွယ်ကောင်းမှာ မမျှော်လင့်တဲ့ တိုင်းပြည်ရဲ့ စနစ်ဆိုးကြောင့် စစ်ရှောင်စခန်းကို ထွက်ပြေးရောက်ရှိသွားချိန်မှာတော့ ဘာတွေကြုံတွေ့ခံစားရမလဲ။ ဘယ်လိုရင်ဆိုင် ကျော်လွှားခဲ့ရလဲ။ ဒီနေ့အစီအစဉ်မှာတော့ စစ်ရှောင်စခန်းကို အသက် ၁၄ နှစ်အရွယ်မှာ မမျှော်လင့်ဘဲ ရောက်သွားခဲ့သူ တစ်ယောက်အကြောင်းကို တင်ဆက်ထားပါတယ်။

ထားဝယ်မှာ ၁၁ နာရီအတွင်း နှစ်နေရာဆက်တိုက်မီးလောင်

Dawei Watch

December 19, 2023

ထားဝယ်မြို့ နယ်မှာ ဒီဇင်ဘာလ၁၈ ရက်နေ့ည ၁၀ နာရီကနေစပြီး ၁၁ နာရီအတွင်း နှစ်နေရာဆက်တိုက် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ လျှပ်စစ်မီးအပူလွန်ကဲရာကနေ ဖြစ်ပေါ်တဲ့ ဒီမီးလောင်မှုအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

နေ့ဘက် ကျင်းပတဲ့ ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ

Dawei Watch

November 26, 2023

ထားဝယ်မြို့မှာ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲကို ဒီနေ့(နိုဝင်ဘာ ၂၆)နံနက်ပိုင်းက မြို့တွင်းအပူဇော်ခံ လှည့်လည်ခဲ့ပါတယ်။ ဒေသတွင်းအစည်ကားဆုံး ပွဲတော်တစ်ခုဖြစ်ခဲ့တဲ့ ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲက ပုံမှန်ဆို ညဘက်မှသာ လှည့်လည်ပွဲကျင်းပခဲ့သလို အလွန်စည်ကားတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ အရင်နှစ်တွေလို အခြေအနေမျိုးမရှိခဲ့ပါဘူး။ ဒီနေ့ကျင်းပခဲ့တဲ့ ထားဝယ်နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ အခြေအနေကို တင်ဆက်ပေးလိုက်ပါတယ်။

နေရောင်ကို ၆၅ ရက် မြင်ခွင့်မရှိတဲ့ ကမ္ဘာပေါ်က မြို့တစ်မြို့

Dawei Watch

November 21, 2023

ကမ္ဘာပေါ်မှာ နေရောင်ခြည်ကို ၆၅ ရက်ကြာ မြင်ခွင့်မရှိတဲ့ မြို့လေးတစ်မြို့ ရှိပါတယ်။ အမှောင်လွှမ်းတဲ့ ကမ္ဘာကြီးလို့ ပြောရမယ့်နေရာလေးပေါ့။ အဲ့ဒီနေရာမှာ နေထိုင်တဲ့ လူသားတွေဟာ နေရောင်ခြည်ကို ပြန်လည်မြင်တွေ့ခွင့်ရဖို့အတွက် ၂ လကျော်ကြာ စောင့်ဆိုင်းရလေ့ရှိပါတယ်။ ကမ္ဘာမြေကြီးဟာ ထူးခြားဆန်းကြယ်လှပါတယ်။ လူသားတွေ လိုက်မမီနိုင်လောက်တဲ့ ထူးခြားဆန်းကြယ်မှုတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့နေရာတွေ အများအပြား ရှိလို့နေပါတယ်။ တစ်ခါတလေကျတော့လည်း အခုလို နေရောင်ခြည် မမြင်ရတဲ့ ၆၅ ရက်ကို အဲ့ဒီဒေသမှာ နေထိုင်သူတွေ ဘယ်လိုနည်းနဲ့ ရှင်သန်ဖြတ်သန်းကြသလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကမ္ဘာကြီးပေါ်မှာ နေရောင်ခြည်ကို ၆၅ ရက်ကြာ မြင်တွေ့ခွင့်မရှိတဲ့မြို့လေးဆီကို ဒီဗီဒီယိုဖိုင်လေးနဲ့အတူ အလည်သွားကြည့်ကြပါစို့။

စောင်းတန်းလှေကားထစ်လေးများ

Dawei Watch

November 18, 2023

စေတီကြီးရှိရာ ရင်ပြင်တော်သို့ တက်ကြသည်။ မြင်ကွင်းကားလှပါဘိ။ ကလိန်အောင်ရွာကလေးမှာ တောအုပ်အကြား မထင်ရှား။ တနင်္သာရီရိုးမမှ မြစ်ဖျားခံလာသော ထားဝယ်မြစ်၏ မြစ်ဖျား၊ ကလိန်အောင်ချောင်း နှင့် သံတံတားကြီးကို မြင်ရသည်။ တောတောင်များကား စိမ်းလန်းလှပလွန်းလှပါ၏။ စေတီတော်ကြီးကား သပ္ပါယ်စွာ စံနေတော်မူသည်။ ထားဝယ်မြို့မှသည် ၄၅ မိုင်ခန့် ဝေးသည့် ကလိန်အောင်ရွာကလေး၏ တစ်ဖက်ကမ်း တောင်ပေါ်တွင် တည်ရှိသည့် ဆံတော်ရှင် စေတီသို့ ဘုရားဖူးခရီးသွားခဲ့သည့် အတိတ်မြင်ကွင်းကို ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။