ထားဝယ်ဒေသကို ဗုံးကြဲပြီးနောက် စစ်ခေါင်းဆောင် ထားဝယ်မြို့ကိုရောက်လာ
Dawei Watch
September 18, 2025ထားဝယ်ဒေသကို ဗုံးကြဲပြီးနောက် စစ်ခေါင်းဆောင် ထားဝယ်မြို့ကိုရောက်လာ
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါထားဝယ်ဒေသကို ဗုံးကြဲပြီးနောက် စစ်ခေါင်းဆောင် ထားဝယ်မြို့ကိုရောက်လာ
ဘန်ကောက်နဲ့ ထိုင်းမြောက်ပိုင်းခရိုင်တွေကို လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဇုန်အဖြစ် သတ်မှတ်
၂ နှစ်ကျော်လောက် စစ်ရှောင်နေရတဲ့ ညင်းထွေးရွာက စစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေ
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့(စက်တင်ဘာ ၁၈)ထားဝယ်မြို့သို့ ရောက်ရှိနေပြီး မြို့အနှံ့လုံခြုံရေး အလွန်တင်းကျပ်ထားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ စစ်ခေါင်းဆောင်မှာ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှတစ်ဆင့် ထားဝယ်လေဆိပ်သို့ တိုက်ရိုက်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့ ဆယ်နာရီကျော်အချိန် မေးမြန်းချက်အရ စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် မြို့တော်ခန်းမဖွင့်ပွဲသို့ တက်ရောက်နေသည်ဟုသိရပြီး ထိုမှတဆင့် ထားဝယ်ဘုရားကြီး(ရွှေတောင်စားစေတီ) သို့သွားမည်ဖြစ်ကာ၊ ထားဝယ်ကွန်ပျူတာတက္ကသိုလ်လည်း သွားရောက်ဖွယ်ရှိကြောင်းသိရသည်။ မြို့ထဲတွင်မူ အဓိကလမ်းမကြီးများ၊ လမ်းဆုံများနှင့် လမ်းသွယ်၊ လမ်းကြားပါမကျန် တစ်မြို့လုံးအနှံ့ လုံခြုံရေးတင်းကျပ်ထားသည့်အပြင် ကမ်းနားလမ်း၊ လေယာဉ်ကွင်းလမ်း၊ ထားဝယ်ဘုရားကြီး(ရွှေတောင်စားစေတီ)သွားလမ်း များကိုလည်း ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ထားကြောင်း မြို့ခံအချို့က ပြောသည်။ ထားဝယ်မြို့ ဘက်မှ ရေဖြူမြို့ ၊ ကလိန်အောင်၊ကံပေါက်ဘက်သို့ သွားသည့် လမ်းပိုင်းရှိ အိမ်ရှေ့ပြင်ဂိတ်ကိုလည်း ပိတ်ထားကြောင်း ကလိန်အောင်မြို့ နှင့် ကံပေါက် ဒေသတို့မှ ခရီးသည်တင်ယာဥ်မောင်းများ […]
ထားဝယ်မြို့တော်ခန်းမဖွင့်ဖို့ ရက်ပိုင်းအလိုမှာ ကျေးရွာအများအပြားကို စစ်အာဏာရှင်က လေယာဉ်နဲ့ဗုံးကြဲ
တနင်္သာရီရှိ စစ်အာဏာရှင်တပ် ရေကြောင်းစစ်ဆေးရေးဂိတ်တွေမှာ ကုန်စည်စစ်ဆေးမှု ပိုတင်းကျပ်
ကော့သောင်း-ရန်ကုန် လေယာဉ်လက်မှတ်ဈေး ကျပ်နှစ်သိန်းနီးပါး ခုန်တက်
ကော့သောင်းမှာ ရေလမ်းကလာတဲ့ စစ်အာဏာရှင်တပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ