မောတောင်မှာ အခုဘာဖြစ်နေလဲ
Dawei Watch
November 12, 2025“ကောင်းကင်ယံမှ မီးတဝင်းဝင်းနဲ့ မြင်နေရတယ်။ဗုံးကြဲတဲ့အသံတွေ ကြားနေရတယ်ပေါ့နော်” ထိုင်း-မြန်မာ မောတောင်နယ်စပ်ကုန်သွယ်ရေးမြို့မှာ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။ စစ်အာဏာရှင်တပ်ထိန်းချုပ်ထားတဲ့ မောတောင်မြို့ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာက ဒီနေ့အထိ တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။ စစ်အာဏာရှင်တပ်က မောတောင်မြို့ကို လေယာဉ်နဲ့ အကြိမ်ပေါင်းများစွာ ဗုံးကြဲနေသလို လက်နက်ကြီးနဲ့လည်း ပစ်ခတ်နေပါတယ်။ နယ်စပ်မြို့ မောတောင်တိုက်ပွဲအခြေအနေကို မြေပြင်မှာ သတင်းရယူနေတဲ့ Dawei Watch သတင်းထောက်နဲ့ တိုက်ရိုက်မေးမြန်း တင်ဆက်လိုက်ပါတယ်။


