တနင်္သာရီတိုင်းမှာ ရုရှားဘာသာစကားသင်တန်းဖွင့်ဖို့ တိုင်းစစ်ကောင်စီလုပ်ဆောင်
Dawei Watch
May 13, 2025တနင်္သာရီတိုင်းမှာ ရုရှားဘာသာစကားသင်တန်းဖွင့်ဖို့ တိုင်းစစ်ကောင်စီလုပ်ဆောင်
တနင်္သာရီတိုင်းမှာ ရုရှားဘာသာစကားသင်တန်းဖွင့်ဖို့ တိုင်းစစ်ကောင်စီလုပ်ဆောင်
ဒီပဲယင်းမှာ စာသင်ကျောင်းကိုဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် ၁၇ ဦးသေဆုံး
ထားဝယ်မှာ မွေးကင်းစကလေး ဆက်မမွေးလိုတဲ့အတွက် ပေးအပ်မှု ဆက်တိုက်ဖြစ်
ထိုင်းမှာ မြန်မာတစ်ဦးကို လူသတ်မှုနဲ့ ဝရမ်းထုတ်
ထားဝယ်မြို့ပေါ်မှာ သွေးလွန်တုပ်ကွေးအဖြစ်များနေလို့ ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်
ထားဝယ်မြို့နယ် ၊ ရှင်မုတ္ထီးရွာမှာ ကဆုန်လပြည့်ရောက်တိုင်း ကျင်းပလေ့ရှိတဲ့ ကျွဲခတ်ပွဲ ကို ဒီနေ့ (မေ ၁၁၊ ကဆုန်လပြည့်နေ့)မှာလည်း ပြုလုပ်ခဲ့ပါတယ်။ အရင်ကျင်းပသလို ရိုးရာနတ်နန်းတွေကို တစ်ရက်ကြို ဦးတိုက်ဂါရဝပြုတဲ့ အစီအစဥ် မပါဘဲ လပြည့်နေ့မှာ ရှင်မုတ္ထီးဘုရားကို လာဦးတိုက်ပြီး ရွာအတွင်းလှည့်လည်ခဲ့တာပါ။ ကျွဲခတ်ပွဲမှာ ထားဝယ်ရာဇဝင်လာ ကျွဲလေသားနဲ့ စက္ကပါလ အမည်ရ ကျွဲအရုပ်နှစ်ရုပ်အထဲကို လူဝင်ကပြရပြီး ကျွဲထိန်းသူတွေနဲ့ အတူ ကျွဲနှစ်ကောင်ခတ်တဲ့ဟန် ဖျော်ဖြေကြတာပါ။ ထားဝယ်ဒေသ ကဆုန်ညောင်ရေသွန်းပွဲတော်တွေမှာ ရှင်မုတ္ထီး ကျွဲခတ်ပွဲဟာလည်း လာရောက်လည်ပတ်သူ အများအပြားနဲ့ ကိုဗစ်မတိုင်မီက စည်ကားခဲ့တဲ့ ပွဲတော်တစ်ခုဖြစ်ခဲ့ပါတယ်။
လောင်းလုံးမြို့နယ်၊ ညင်းမော်ညောင်ရေသွန်းပွဲတော်တွင် ထည့်သွင်းကျင်းပလေ့ရှိပြီး လူသိများထင်ရှားသည့် ပွဲဇံလှည့်ပွဲကို ယခုနှစ်တွင် ပြန်လည်ထည့်သွင်း ကျင်းပခဲ့သည်။ ခေတ်ကိုထင်ဟပ်သရုပ်ဖော် ဖျော်ဖြေသော ပွဲဇံလှည့်ပွဲကို အာဏာသိမ်းပြီးချိန်မှ စတင်ကာ ထည့်သွင်းကျင်းပခြင်း မရှိတော့ဘဲ ယနေ့ကျင်းပသည့် ၆၉ ကြိမ်မြောက် ညင်းမော်ကျေးရွာ ညောင်ရေသွန်းပွဲတွင်မှ ပြန်လည်ထည့်သွင်း ကျင်းပခဲ့ခြင်းဖြစ်သည်။ ယနေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ စည်ကားစွာကျင်းပနေသည့် ညင်းမော်ကျေးရွာ ညောင်ရေသွန်းပွဲတော်တွင် ထည့်သွင်းကျင်းပနေသည့် ပွဲဇံလှည့်ပွဲမှာ အနီးနားဒေသခံများ တခုတ်တရလာရောက် ကြည့်ရှု့ကြသဖြင့် စည်ကားလေ့ရှိသည်။ ထားဝယ်ခရိုင်တွင် ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးဝင်းမှ ညောင်ရေသွန်းပွဲ၊ ထားဝယ်မြို့နယ် ရှင်မုတ္ထီးကျေးရွာမှ ကျွဲခတ်ပွဲ၊ ညင်းမော်ကျေးရွာ ပွဲဇံလှည့်ပွဲများမှာ ညောင်ရေသွန်းပွဲတော်ကာလတွင် ဒေသတွင်း အထူးထင်ရှားလူသိများသည်။
ဘန်ကောက်က မြန်မာ့ငလျင် မှတ်တမ်းဓာတ်ပုံပြပွဲ