ညနေခင်း ရပ်ကွက်သပိတ်
diz_admin
May 30, 2021ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်မှာ မေလ ၂၉ ရက် ညနေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်မှာ မေလ ၂၉ ရက် ညနေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြိုနယ်ထဲက မဲမော်၊ ညင်းမော်၊ ကဒက်ကြီးစတဲ့ ကျေးရွာသပိတ်စစ်ကြောင်းများဟာ မေလ ၃၀ ရက်နေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်။
ထားဝယ်မှာ အဖမ်းအဆီးတွေများနေသည့်ကြားက တပ်ပေါင်းစုသပိတ်စစ်ကြောင်းနှင့် လူငယ်ရေးရာသပိတ်စစ်ကြောင်းသည် မေလ ၃၀ ရက် မွန်းလွဲပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။
လောင်းလုံးမြိုနယ်ရှိ ညင်းမော်ရွာသပိတ်စစ်ကြောင်းဟာ မေလ ၂၉ ရက် မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်ကို နေ့တိုင်းနီးပါးဆန့်ကျင်နေတာလည်း ဖြစ်ပါတယ်။
လောင်းလုံးမြို့နယ်ထဲက ကညုံကျွန်း၊ကထောင်းနီ၊လေးသွန်းခံ၊ဂေါ့အင်း စတဲ့ကျေးရွာတွေမှာ မေလ ၂၈ ရက်နေ့ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
အရေးတော်ပုံကာလအတွင်း ကျဆုံးခဲ့ရသူတွေအတွက်ဆုတောင်းခြင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို လောင်းလုံးမြိုနယ် စစ်ပြဲရွာနဲ့ရေဖြူ ကျေးရွာတွေမှာ မေလ ၂၈ ရက် ညနေက ပြုလုပ်ခဲ့ပါတယ်။
လောင်းလုံးမြိုနယ်ထဲက နခံတော၊ ဝေဒီ၊မဲမော်၊ မြခါးပတ် စတဲ့ကျေးရွာတွေမှာ မေလ ၂၈ ရက်ညက စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ပါတယ်
ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ မေလ ၂၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။ ကံပေါက်ဒေသရဲ့ ၁၁၀ ရက်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့နေ့လည်း ဖြစ်ပါတယ်။