ရေယာဉ်မှတ်ပုံတင်ရရှိပါက ကမ်းနီးငါးဖမ်းလိုင်စင် ထုတ်ပေးမည်
diz_admin
May 25, 2020ရေယာဉ်မှတ်ပုံတင် (ခရိုင်ဂရန်) ရရှိပါက တနင်္သာရီတိုင်းအတွင်း ကမ်းနီးငါးဖမ်းလိုင်စင် မရှိသဖြင့် လုပ်ငန်းမစတင်နိုင်သေးသော လုပ်ငန်းရှင်များကို ကမ်းနီးငါးဖမ်းလိုင်စင် ထုတ်ပေးမည်ဖြစ်ကြောင်း တိုင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ပြောသည်။ မေလ ၁၉ ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် လောင်းလုံးမြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးမေးမြန်းသော ကမ်းနီးငါးဖမ်းလိုင်စင်ကို မည်သည့်အချိန်တွင် မည်ကဲ့သို့ထုတ်ပေးမည်ကို သိရှိလိုကြောင်းမေးခွန်းကို ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ အလျား ပေလေးဆယ်အောက်၊ စက်အား မြင်းကောင်ရေ ၅၀ အောက်၊ ငါးတန်အောက် အရွယ်အစားရှိသော ကမ်းနီးငါးဖမ်းလှေငယ်များအတွက် ရေယာဉ်မှတ်ပုံတင် (ခရိုင်ဂရန်) အား သက်ဆိုင်ရာခရိုင်ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် လျှောက်ထားရမည်ဖြစ်ကြောင်း ဦးမြင့်စန်းက ပြောသည်။ ယင်းမှတ်ပုံတင် ရရှိပြီးသော ကမ်းနီးငါးဖမ်းလှေငယ်များအား ငါးလုပ်ငန်းဦးစီးဌာနမှ ကမ်းနီးငါးဖမ်းလိုင်စင်ကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဦးမြင့်စန်းက ပြောသည်။ […]