ပြည်ပပြန် ဆောက်လုပ်ရေးကျွမ်းကျင်ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်း
diz_admin
July 6, 2020ပြည်ပမှပြန်လာသည့် ဆောက်လုပ်ရေးကျွမ်းကျင် ရွှေ့ပြောင်းလုပ်သားများ အလုပ်လာလျှောက်နိုင်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဆောက်လုပ် ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။ COVID-19 ကာလတွင် ပြည်ပနိုင်ငံအသီးသီးမှ ပြန်လာသည့် ဆောက်လုပ်ရေးကျွမ်းကျင်လုပ်သားများကို ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများရှိ လိုအပ်သောနေရာများတွင် အလုပ်ခန့် အပ်သွားမည်ဖြစ်ကြောင်း အထက်ပါ အသင်းဥက္ကဋ္ဌ ဦးကျော်မင်းမင်းလတ်က ပြောသည်။ “ဦးတည်တာကတော့ ပြန်တော်ပြန် တွေ ပြန်ဝင်လာသူတွေ အလုပ်လက်မဲ့ဖြစ် နေတဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင် အောင်ပေါ့။ နိုင်ငံတော်ဘက်ကလည်း ကိုဗစ်ကာလမှာ တော်တော်အခက်အခဲ ဖြစ်တယ်လေ။ ကိုယ့်နိုင်ငံပြန်လာတာ ကိုယ့်နိုင်ငံသားတွေပဲလေ။ သူတို့ အလုပ် လက်မဲ့မဖြစ်ရအောင် သူတို့ မိသားစုတွေ စား၊ ဝတ်၊ နေ၊ ရေး အဆင်ပြေအောင် ကျွန်တော်တို့ နိုင်တဲ့အပိုင်းက ဝင်ပြီးတော့ ကူညီပေးတဲ့ သဘောပါ” ဟု ဦးကျော်မင်းမင်းလတ်က […]