ထားဝယ်တွင် သွေးလွန်တုပ်ကွေးကြောင့် ကလေးတစ်ဦးသေဆုံး
Dawei Watch
May 10, 2025ထားဝယ်မြို့တွင် သွေးလွန်တုန်ကွေးရောဂါကြောင့် ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း မြို့ခံများနှင့် ကူညီဆောင်ရွက်ပေးသူများထံမှ စုံစမ်းသိရှိရသည်။ သွေးလွန်တုပ်ကွေးဖြစ်နေသည့် ထားဝယ်မြို့၊ တလိုင်းမရပ်ကွက်မှ အသက် ၆ နှစ်အရွယ် မိန်းကလေးမှာ ထားဝယ်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရင်း မေလ ၉ ရက်နေ့ ညက သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။ ယင်းအပြင် ပုဂ္ဂလိ ဆေးရုံနှင့် အစိုးရဆေးရုံများတွင်လည်း ဖျားနာရောဂါ လက္ခဏာအပြင် သွေးလွန်တုပ်ကွေး လက္ခဏာတွေ့ရှိသည့် လူနာများရှိနေကြောင်း ဆေးရုံ နှင့်နီးစပ်သူများထံမှစုံစမ်းသိရှိရသည်။ “အဖြစ်များတဲ့အချိန်တော့ မဟုတ်သေးဘူး ပုံမှန်ပါပဲ။တကယ်တော့ ၆ လပိုင်း လလယ်လောက်ဆို ပိုများတတ်ပါတယ်”ဟု ဆေးရုံနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ ယခု မေလပထမပတ်အတွင်း ထားဝယ်မြို့ပေါ်ရှိ ကညုံ ၊တလိုင်းမ၊ တလိုင်းထိန်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေး လက္ခဏာတွေ့ရှိသည် လူနာ များတွေ့ရှိရခြင်းကြောင့် မြို့ခံပရဟိတအသင်းက ခြင်ဆေးဖြန်းပေးကြောင်း […]