ဇွန်ဘီတွေနေတဲ့ နိုင်ငံတော်
Dawei Watch
January 28, 2026အပိုင်း (၃) ငါတို့မြို့ကို ငါတို့ပိုင်တယ် မြို့ကြီး၏ လုံခြုံရေး အဆင့်တို့မြှင့်လိုက်သည်။ တော်လှန်ရေး တပ်ဖွဲ့များသည် မြို့နှင့် အနီးဆုံးနေရာအထိ ထိုးစစ်ဆင် သိမ်းပိုက်လာနိုင်မှုကို မြို့အာဏာကို မတရားရယူထားသော အာဏာရှင်တို့မှာ ခေါင်းမီးတောက် ဖြေရှင်းရမည့် ပြဿနာဖြစ်ပေသည်။ “ငြိမ်ဝပ်ပိပြားရေး” ဟူသော ခေါင်းစဉ်ဖြင့် ဇွန်ဘီအဖြစ် သွပ်သွင်းခံခဲ့ရသော မြို့သူမြို့သားများသည် ပွဲတော်ရက်များတွင် အေးအေးဆေးဆေး ကခုန်နေခွင့် ရခဲ့သော်လည်း လက်ရှိအချိန်တွင် အာဏာရူးများက ဇွန်ဘီများကို သက်ရှိဒိုင်းလွှားများဖြင့်ရည်ရွယ်ပြီး ပြုလုပ်ခဲ့ခြင်းသာဖြစ်ကြောင်း သိသိသာသာ ထင်ရှားသော လုပ်ရပ်များကို ပေါ်ပေါ်ထင်ထင် ဆောင်ရွက်လာကြသည်။ ယခင်မြို့တွင်း၏ လမ်းမများထက်တွင် ဇွန်ဘီတွေ၏ ကခုန်ခြင်း ပွဲလမ်းသဘင်များဖြင့် စည်ကားနေသော်လည်း နေ့ခင်းဖက်မှာမူ မြို့ကြီးမှာ ဖုန်အလှိမ့်လှိမ့်ဖြင့်သာ ခြောက်ကပ် တိတ်ဆိတ်လျက်ရှိသည်။ ထိုလမ်းမများတွင်း မရိုးနိုင်အောင် မြင်တွေ့ရသော မြင်ကွင်းမှာ မြို့ထဲမှ […]


