သက်တံရောင် ငှက်ကလေး
Dawei Watch
May 10, 2025ရာသီဥတုက လေကလေး တဖြူးဖြူးနဲ့ ဆိုတော့ ကလေးတွေကြားမှာ ငှက်လွှတ်မယ်ဆိုတာက ခေတ်စားလာပြန်တယ်။ ဒါပေသိ ရွာထဲမှာ အရင်ကလို ရယ်ဒီမိတ် လုပ်ထားပြီးသား ရောင်စုံစွန် (ငှက်) တွေကို ဈေးဆိုင်တွေမှာ တင်ရောင်းတာမျိုးလည်း မရှိတော့ဘူး။ ပြီးတော့ ကလေးတွေကြားမှာသာ စွန်လွှတ်ချင်တယ် ဖြစ်နေတာ ဒီရာသီက စွန်လွှတ်ဖို့ ကောင်းတဲ့ရာသီလည်း မဟုတ်သလို ကလေးတွေကို စွန်လုပ်ပေးဖို့၊ စွန်လွှတ်သင်ဖို့ လူကြီးမိဘတွေကလည်း အားမနေကြပြန်ဘူး။ ဂျစ်ဂျစ်က သူ့အဖေကို ငှက်တခုချိုးပေးဖို့ ပူဆာတယ်။ ဖအေ လုပ်တဲ့သူကလည်း မအားတဲ့ကြားထဲက ဂျစ်ဂျစ် အတွက် ငှက်တခုချိုးပေးဖို့ ကရိကထများရပြန်တယ်။ ကိုအေးကတော့ သူ့သား မိတဆိုးလေး ဂျစ်ဂျစ် အပေါ် သိပ် စိတ်လက်ရှည်တာရယ်။ ဂျစ်ဂျစ်လို ဂျစ်ကန်ကန် ကလေးကြီးကို သူမို့စိတ်ရှည်တယ်။ ကလေးကြီးလို့ ဆိုရတာကလည်း […]