ပုံပြင်
diz_admin
February 18, 2021“မေမေ ပုံပြောပြနော်။ သမီး မအိပ် ချင်သေးလို့” ဟော ထုံးစံအတိုင်း စလာပြီ။ ကြီးကောင်ဝင်လာတာတောင် ပုံပြင် နားထောင်ချင်စိတ် မပျောက်သေး။ “ပုံပြင်တော်တော်များများက သမီး နားထောင်ပြီးသား ဖြစ်နေပြီလေ။” “မေကလဲ ခါတိုင်းလိုပဲ လက်တန်း စဉ်းစားပြီး ဟိုစပ်ဒီစပ်ပြောပြလေ”“အေးပါ အေးပါ” ဟိုးတစ်ခါတုန်းက စိမ်းလန်းစိုပြည်ပြီး သီးပင်စားပင်တွေလည်း ပေါကြွယ်ဝတဲ့ တောင်ခြေရွာလေးတစ်ရွာ ရှိသတဲ့။ ရွာသူရွာသားတွေကလည်း ရှိသမျှနဲ့ ရောင့်ရဲတင်းတိမ်ကြပြီး ပျော်ပျော်ပါးပါး နေတတ်ကြသတဲ့။ တစ်ရက်တော့ တောင်ပေါ်တောနက်ထဲက ဘီလူးမိစ္ဆာတစ်ကောင်ဟာ ရွာထဲ ကို ဝင်လာ၊ ရွာလယ်ဇရပ်ကို ခြေကုပ် ယူပြီး လူသားကော တိရစ္ဆာန်ပါမကျန် ဖမ်းဆီးစားသောက်ဝါးမျို ဖို့ကြံသတဲ့။ ဘီလူးကြီးက ဝရဇိန် လက်နက်ငါးမျိုး ကိုပါ ပိုင်ဆိုင်တာ သိကြတော့ ရွာသား တွေဟာ အင်မတန် […]