ထီးခီးစခန်းသိမ်းည
Dawei Watch
June 10, 2025ဒီနေ့မနက်ပဲ ဗောဓိစခန်း ကို သိမ်းလိုက်သည်။ အတွေးတွေက လွန်ခဲ့သော တစ်လကျော်က ဗောဓိ စခန်းအောက်ဘက် ထီးခီးစခန်းသိမ်းစဉ်က အခိုက်အတန့်များကို ပြန်ရောက်သွားသည်။ (၁) ညနုနုကို ဂီတာသံနုနုနဲ့ လိမ်းကျံနေကြတဲ့ နုနုဖတ်ဖတ် လူငယ်ရဲဘော်တစ်စု။ “ရှုံးနိမ့်မှုတွေ များစွာနှိပ်စက်နေ၊ သောကမီးတောက်ကြားမှာ လှောင်ပိတ်လို့ . . . ” တေးရေးဆရာ သွန်းပူ ရေးထားသည့် လေးဖြူဆိုထားသော “ယုံကြည်ရာ” သီချင်းကို ဝိုင်းဆိုညည်းသံတိုးတိုးက ဘေးနားက ရဲဘော်တွေအပါအဝင် ဝန်းကျင်တစ်ခုလုံးကို စိမ့်ဝင်လွှမ်းခြုံ။ ၂၀၂၅ ခုနှစ် မေလ ၉ ရက်နေ့ ညဦး ၇ နာရီ ၅၁ မိနစ်။ နေရာက ထိုင်း-မြန်မာနယ်စပ် ထားဝယ်ခရိုင် ထီးခီးရွာနှင့် ၂ မိုင်အကွာ ကားလမ်းဘေးတစ်နေရာ။ “ဒါတွေ […]