BREAKING
May 1, 2025

ပညာေရး

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆို ခွင့်ကတ်ပြား ထုတ်မပေးပါက အရေးယူမည်

diz_admin

March 5, 2020

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် လျှောက်ထားသူ အားလုံးကို ဖြေဆိုခွင့် ကတ်ပြား ထုတ်မပေးပါက အရေးယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က ဖေဖော်ဝါရီ ဒုတိယအပတ်က တက္ကသိုလ်ဝင်တန်း ကြီးကြပ်ရေးမှူး သင်တန်းတွင် ကျောင်းအုပ်ကြီး များကို သတိပေးထားသည်ဟု တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်က မင်္ဂလာဒုံမြို့နယ် အောင်ဆန်းသူရိယလှသောင်းကျောင်းတွင် အောင်နိုင်ခြေမရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အပြင်ဖြေလုပ်ပစ် လိုက်သဖြင့် ယင်းကျောင်း၏ အောင်ချက် ရာခိုင်နှုန်းမှာ ထောင်တက်သွားပြီး ရန်ကုန်တိုင်းတွင် အောင်ချက်အကောင်း ဆုံးဆုကို ရရှိခဲ့သည်ဟု အထက်ပါဌာနမှ တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြော သည်။ ယင်းသို့သောဖြစ်စဉ်များရှိသဖြင့် ဖေဖော်ဝါရီလတွင်ပြုလုပ်သည့် တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ ကြီးကြပ်ရေးမှူးသင်တန်း တွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးညွှန့် က ကျောင်းအုပ်ကြီးများကို ထပ်မံ သတိပေးခဲ့ခြင်းဖြစ်သည်ဟု […]

မြို့မယဉ်ငေး သာသနာ့ရိပ်သာတွင် ကွန်ပျူတာသင်တန်းသား ခေါ်ယူ

diz_admin

March 3, 2020

ထားဝယ် မြို့မယဉ်ငေးသာသနာ့ ရိပ်သာတွင် ကွန်ပျူတာသင်တန်းပေးရန် အတွက် သင်တန်းသား ခေါ်ယူနေပြီဖြစ်ကြောင်း ကွန်ပျူတာနှင့် နိုင်ငံခြားဘာသာ စကားစင်တာ Center For Computer and Foreign Languages(CCFL) ထံမှ သိရသည်။ သင်တန်းကို မတ်လ ၁၁ ရက်တွင် ထားဝယ် မြို့မယဉ်ငေးသာသနာ့ရိပ်သာ၊ ဗုဒ္ဓကောလိပ်ရုံးခန်း အပေါ်ထပ်တွင် ဖွင့်လှစ်မှာဖြစ်ပြီး ဖေဖော်ဝါရီ တတိယ အပတ်မှစ၍ သင်တန်းသားခေါ်ယူနေပြီ ဖြစ်ကြောင်း CCFL မှ မန်နေဂျင်းဒါရိုက်တာ ကိုနေရာမင်းခန့်က ပြောသည်။ အသက် ၁၄ နှစ်နှင့် အထက်ရှိသူများ လျှောက်ထားနိုင်ပြီး မတ်လ ၃ ရက်တွင် သင်တန်း Fသမာ ဖြည့်ကာ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ မိုးမြင့်

ကိုယ်ပိုင်ကျောင်းကြီးကြပ်အုပ်ချုပ်သူ၏ ပညာအရည်အချင်း သတ်မှတ်ချက် ထုတ်ပြန်

diz_admin

March 3, 2020

ကိုယ်ပိုင်ကျောင်းများတွင် ကြီးကြပ် အုပ်ချုပ်သူခန့်ထားရာတွင် အခြေခံ ပညာဦးစီးဌာနက ခန့်ထားသော မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် အလိုက် ကျောင်းအုပ်ကြီးများ၏ ပညာအရည်အချင်းသတ်မှတ်ချက် အတိုင်း ခန့်အပ်ရမည်ဖြစ်ကြောင်း တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။ ယင်းသို့ ခန့်အပ်ရန်အတွက် အခြေခံ ပညာဦးစီးဌာနက ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ညွှန်ကြားထား ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ကိုယ်ပိုင်ကျောင်း ကြီးကြပ်အုပ်ချုပ် သူခန့်ထားရာတွင် အနည်းဆုံးအဆင့် BE.d ပညာရေးဘွဲ့ရရှိထားသူ၊ အငြိမ်းစား အထက်တန်းကျောင်းအုပ်၊ အလယ်တန်း ကျောင်းအုပ် ဆရာ၊ ဆရာမများနှင့် ပညာရေးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူးများ စသဖြင့် ပညာရေးဘွဲ့ရရှိ ထားသူများကို ခန့်ထားနိုင်ကြောင်း တိုင်းပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်စိုးက ဆိုသည်။ တနင်္သာရီတိုင်းမှ ကိုယ်ပိုင်ကျောင်းများမှာ စတင်တည်ထောင်စဉ်ကတည်းကပင် တိုင်းပညာရေးမှူးရုံးမှ […]

လက်ကိုင်ဖုန်းအသုံးပြု အခြေခံ ရုပ်သံသတင်းစာပညာ သင်တန်း

diz_admin

February 29, 2020

ဒေသတွင်း အရေးအရာကိစ္စများနဲ့ ပတ်သက်ပြီး မတူညီတဲ့ ပုံစံ၊ မတူညီတဲ့ စွမ်းဆောင်ရည်တွေနဲ့ ပါဝင်ပူးပေါင်းလုပ်ကိုင်လိုသူများအတွက် ရည်ရွယ်ပြီး တနင်္သာရီ အပတ်စဉ်က လက်ကိုင်ဖုန်းအသုံးပြု အခြေခံ ရုပ်သံသတင်းစာပညာ သင်တန်းတစ်ခု ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒေသတွင်း အပြောင်းအလဲများအတွက် လူထုသတင်းသမား(Citizen Journalist – CJ)အဖြစ် တစ်ထောင့်တစ်နေရာမှ ပါဝင် အားဖြည့်ချင်သူများ၊ သတင်းစာပညာဖြင့် သက်မွေးဝမ်းကျောင်း ပြုလိုသူများအတွက် အထူးသင့်လျော်တဲ့ သင်တန်း ဖြစ်ပါတယ်။ ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ် ၊ လောင်းလုံးမြို့နယ် နှင့် သရက်ချောင်းမြို့နယ်အတွင်း နေထိုင်သည့် အသက် ၃၀ နှစ်ထက် မကြီးသူ မည်သူမဆို လျှောက်ထားနိုင်ပါတယ်။ သင်တန်းကြေးက အခမဲ့ဖြစ်ပြီး နယ်ဝေးက တက်ရောက်သူများအတွက် တည်ခိုနေထိုင်ရေး စားရေးသောက်ရေးအတွက်လည်းတနင်္သာရီ အပတ်စဉ် ကုန်ကျခံပါတယ်။ သင်တန်းတက်ရောက်လိုသူများသည် အောက်ဖော်ပြပါ […]

ပညာရေး အဆောက်အအုံ လေးရာနီးပါး ဆောက်လုပ်ရန် တင်ပြထား

diz_admin

February 25, 2020

လာမည့်ဘဏ္ဍာရေးနှစ်တွင် တိုင်းအတွင်း စာသင်ကျောင်းနှင့် ဝန်ထမ်းအိမ်ရာ လေးရာနီးပါး အသစ်ဆောက်လုပ်ရန် ပညာရေးဝန်ကြီးဌာနသို့ အဆို ပြုတင်ပြထားကြောင်း တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။ ပညာရေး အဆောက်အအုံများတွင် အန္တရာယ်ရှိသည့် ကျောင်းဆောင်၊ ကျောင်းသားဦးရေ တိုးလာသည့် ကျောင်းဆောင်၊ ဝန်ထမ်းအိမ်ရာ၊ သိပ္ပံခန်းနှင့် ကျောင်းစာ ကြည့်တိုက်တို့ ပါဝင်ကြောင်း တိုင်းပညာ ရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ “တင်ပြတာတော့ များတယ်။ ပြည် ထောင်စုက ဘယ်လောက်ထိ ခွင့်ပြုမယ်မှန်း မသိသေးဘူး”ဟု ဒေါ်မြင့်စိန်က ဆိုသည်။ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်တွင်ရှိသည့် လွှတ်တော်အမတ် စသည်တို့ ပါဝင် ဖွဲ့စည်းထားသော ရွေးချယ်ရေးကော်မတီမှ တင်ပြလာသည့် ဦးစားပေးကျောင်းများကို ပညာရေးဝန်ကြီးဌာနသို့ တင်ပြပေးသည်ဟု ၎င်းက ပြောသည်။ ယင်းအဆောက်အအုံများအတွက် ကျပ်သန်း နှစ်သောင်းကျော် […]

ထိုင်းနိုင်ငံတွင် အပိတ်ခံလိုက်ရသည့် မြန်မာရွှေ့ပြောင်းကျောင်းမှ ကျောင်းသားများ ကော့သောင်းတွင် စာမေးပွဲဖြေမည်

diz_admin

February 25, 2020

ပြီးခဲသည့် နှစ်လယ်ပိုင်းကတည်း က ထိုင်းအာဏာပိုင်များက ပိတ်သိမ်း ထားသော မြန်မာရွှေ့ပြောင်းကျောင်းမှ ကျောင်းသူကျောင်းသားများ စာမေးပွဲဖြေ ရန် ဖေဖော်ဝါရီလ ၁၉ ရက်က ကော့သောင်း မြို့ကို ရောက်ရှိလာကြောင်း ယင်းမြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။ မြန်မာ- ထိုင်းနယ်စပ်မြို့ဖြစ်သည့် ထိုင်းနိုင်ငံ ရနောင်းမြို့ ရနောင်းဌာနီ ဘုန်းတော်ကြီးသင်ကျောင်းမှ စတုတ္ထတန်းနှင့် အဋ္ဌမတန်းကျောင်းသူ၊ ကျောင်းသား စုစုပေါင်း တစ်ရာကျော်(၁၀၈ ဦး) ဝင် ရောက်လာခြင်းဖြစ်ကြောင်း ကော့သောင်း မြို့နယ် ပညာရေးမှူး ဒေါ်သန်းစိုးက ပြောသည်။ ယခင်နှစ်များက ရနောင်းမြို့ရှိ မြန်မာ ဘုန်းတော်ကြီးကျောင်းများတွင် ပညာ သင်ယူနေသည့် ရွှေ့ပြောင်းကျောင်းသား များသည် ကော့သောင်းမြို့မှ ဆရာ၊ ဆရာမ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံက ထုတ်သည့် မေးခွန်းများကို ရနောင်း မြို့တွင်ပင် […]

ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားတစ်စု ငါးခြောက်လှန်းစက် စမ်းသပ်တီထွင်

diz_admin

February 20, 2020

ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားလူငယ်တစ်စုက ဒေသတွင်း အသုံးပြုနိုင်မည့် Dry Machine ဟုခေါ်သော ငါးခြောက်လှန်းစက်ကို စမ်းသပ်တီထွင်ခဲ့ကြောင်း ယင်းစီမံကိန်း တွင် ပါဝင်သည့် ကိုအောင်ခန့်ကိုက ပြောသည်။ ဇန်နဝါရီလက ပြုလုပ်သည့် ကျောင်း Project Show တစ်ခုတွင် သူငယ်ချင်း ၈ ယောက်ဖြင့် Dry Machine ဟု ခေါ်သော ငါးခြောက်လှန်းစက်ကို ပြုလုပ် ပြသခဲ့ခြင်းဖြစ်သည်ဟု ကိုအောင်ခန့်ကို က ပြောသည်။ ငါးခြောက်လှန်းရာတွင် နေရောင် ရှိသည့် နေ့ဘက်တွင်သာလှန်းနိုင်ပြီး ညဘက်တွင်ပါ လှန်းနိုင်ရန် လျှပ်စစ်မီး ကို အသုံးပြုကာ ငါးခြောက်လှန်းသည့် စက်ကို တီထွင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ “လက်ရှိမှာဆိုတော့ အထက်မြန်မာ ပြည်က ရင်းနှီးမြှုပ်နှံသူတွေနဲ့ စကား ပြောဆိုထားတာတွေရှိတယ်။ သူတို့ အနေနဲ့ […]

အမှိုက်ခွဲပစ်သည့် ပစ္စည်းအပါအဝင် နည်းပညာထုတ်ကုန် သုံးဆယ်နီးပါး ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ ပြသ

diz_admin

February 20, 2020

ထားဝယ်ကွန်ပျူတာ တက္ကသိုလ်တွင် ကျင်းပသည့် နည်းပညာထုတ်ကုန်ပြပွဲတွင် အမှိုက်ခွဲခြားပစ်သည့် ထုတ်ကုန်ပစ္စည်း အပါအဝင် ထုတ်ကုန်၂၇ မျိုးကို ယင်းတက္ကသိုလ်ကျောင်းသားများက ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၅ ရက်အထိ နှစ်ရက်တာ ခင်းကျင်း ပြသခဲ့သည်။ ရော်ဘာစက်ရုံများတွင် အသုံးပြုရမည့် Inventory Management System၊ ဒေသတွင်း ခရီးသွားလုပ်ငန်း များတွင် အသုံးဝင်သည့် ravel with me ၊ ကျောင်းများတွင် အသုံးဝင်သည့် Student Management System for Private School စသည့် ဝက်ဘ်fဆိုက် ခြောက်ခုကို ပြသခဲ့သည်။ ယင်းအပြင် ထားဝယ်ဒေသအတွင်း ရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ရဲစခန်းများ စသည်တို့ကို အလွယ်တကူ သွားလာ ဆက်သွယ်နိုင်မည့် Dawei Directory၊ […]