ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကပ်ရောဂါဆိုင်ရာ

ရေဖြူသုံးလောင်းပြိုင်သတ်မှု တရားခံ မိပြီ

diz_admin

June 26, 2020

ရေဖြူမြို့နယ်က သုံးလောင်းပြိုင်လူသတ်မှုဖြစ်ရတဲ့ အကြောင်းအရင်းက မူးယစ်ဆေးဝါးကိစ္စနဲ့ ဆက်နွယ်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။မူးယစ်ဆေးလာဝယ်ချိန်မှာ ငွေမပြည့်လို့ လက်ကိုင်ဖုန်းကို အပေါင်အဖြစ်ထားပြီး ပြန်တောင်းရာကနေ အသက်တစ်နှစ်အရွယ် ကလေးတစ်ယောက်အပါအဝင် မိသားစုသုံးဦးစလုံးကို သတ်သွားခဲ့တာလို့ ဆိုပါတယ်။လူသတ်ရတဲ့ အကြောင်းတွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ ရှင်းလင်းချက်တွေကို Dawei Watch ရုပ်သံက တင်ဆက်ထားပါတယ်။

အခန်း(၆)၊ ပိရစ်မစ်ဆောက်သူများ

diz_admin

June 25, 2020

ဒေါက်တာမြင့်ဇော် ရေးသားထားတဲ့ “ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ” စာအုပ်ထဲမှ “အခန်း(၆)၊ ပိရစ်မစ်ဆောက်သူများ ” ကို တင်ဆက်လိုက်ပါသည်။စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖိုးဇော်(ထားဝယ်) ဖတ်ကြားပြီး Dawei Watch Studio တွင် အသံသွင်းယူထားသည်။

ကိုဗစ်ကာလအတွင်း ရေးဆွဲခဲ့သော ထားဝယ်သား ပန်းချီဆရာတစ်ဦး၏ ပန်းချီကားများ

diz_admin

June 25, 2020

ကိုဗစ်ကာလအတွင်း ရေးဆွဲခဲ့သော ထားဝယ်သား ပန်းချီဆရာတစ်ဦး၏ ပန်းချီကားများ————————————–ထားဝယ်သား ပန်းချီဆရာ အောင်ကျော်မျိုး ကိုဗစ်ကာလထဲမှာ ရေးဆွဲထားတဲ့ ပန်းချီကားတွေကို ထားဝယ်မြို့ ကမ်းနားဈေးအနီးက Dawei Art Space ပြခန်းမှာ ဇူလိုင်လကုန်အထိ ပြသသွားမှာဖြစ်ပါတယ်။ခင်းကျင်းပြသနေတဲ့ ပန်းချီကားစုစုပေါင်းလေးဆယ်ကျော်ရှိပြီးတော့ ထားဝယ်မြို့က ရှေးဟောင်းအဆောက်အအုံတွေကို ရေးဆွဲထားတာဖြစ်ပါတယ်။Dawei Watch

ဗီဇာသက်တမ်း ကုန်ဆုံးပြီး ဘယ်လအထိ ထိုင်းမှာနေထိုင်ခွင့် ပေးထားလဲ

diz_admin

June 24, 2020

Covid-19 ကာလအတွင်း ထိုင်းမှာ ဆက်လက်ပြီး အလုပ်လုပ်ကိုင်နိုင်ရန်နှင့် နေထိုင်ခွင့်သက်တမ်း သတ်မှတ် ဖြေလျှော့မှုများနဲ့ ပတ်သက်ပြီး ဇွန်လ ၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမြန်မာအလုပ်သမားသံအရာရှိရုံးများကို ကိုးကားဖော်ပြလိုက်ပါတယ်။

အခန်း(၄)၊ အသည်းကွဲ မြန်မာပြည်

diz_admin

June 24, 2020

ဒေါက်တာမြင့်ဇော် ရေးသားထားတဲ့ “ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ” စာအုပ်ထဲမှ “အခန်း(၄)၊ အသည်းကွဲ မြန်မာပြည် ” ကို တင်ဆက်လိုက်ပါသည်။စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖိုးဇော်(ထားဝယ်) ဖတ်ကြားပြီး Dawei Watch Studio တွင် အသံသွင်းယူထားသည်။” အခန်း(၅) ” ကို ဆက်လက်တင်ဆက်ပါမည်။

အခန်း(၃)၊ဒီကို ဘယ်လိုရောက်လာခဲ့သလဲ

diz_admin

June 24, 2020

ဒေါက်တာမြင့်ဇော် ရေးသားထားတဲ့ “ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ” စာအုပ်ထဲမှ “အခန်း(၃)၊ဒီကို ဘယ်လိုရောက်လာခဲ့သလဲ ” ကို တင်ဆက်လိုက်ပါသည်။စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖိုးဇော်(ထားဝယ်) ဖတ်ကြားပြီး Dawei Watch Studio တွင် အသံသွင်းယူထားသည်။” အခန်း(၄) ” ကို ဆက်လက်တင်ဆက်ပါမည်။

တာဝန်နှင့် စိုးရိမ်စိတ်ကြားက ဓာတ်ခွဲခန်းဝန်ထမ်းများ

diz_admin

June 23, 2020

ဓာတ်ခွဲခန်းဝန်ထမ်းအဖြစ် တာဝန်ကျပြီး ငါးလခန့်အကြာတွင် တစ်ကမ္ဘာလုံး အုတ်အော်သောင်းနင်းဖြစ်နေသည့် ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲနမူနာ ယူရမည်ဆိုသည့်တာဝန်က ဒေါ်သန္တာဌေး ခေါင်းပေါ်ကျလာခဲ့သည်။ မြိတ်ဆေးရုံ ဓာတ်ခွဲဌာနတွင် သင်တန်းတက်စဉ်အခါက ဆရာဝန်များ၏ သရုပ်ပြမူ၊ စာတွေ့သင်ကြားမူတို့အရ ဓာတ်ခွဲနမူနာယူနည်းကို သင်ကြားခဲ့ပြီး ဖြစ်သော်လည်း လက်တွေ့ အတွေ့အကြုံမူ သူမတွင် မရှိသေး။ ပုံမှန်အားဖြင့် ကိုဗစ်ကဲ့သို့သော ရောဂါကြီးများ၏ ဓာတ်ခွဲနမူနာကို ဒေါ်သန္တာဌေးတို့ကဲ့သို့ ဓာတ်ခွဲခန်း ကျွမ်းကျင်(၄) ဝန်ထမ်းတို့ ယူလေ့မရှိဘဲ ဆရာဝန်များကသာ ယူလေ့ရှိသည်။ ဓာတ်ခွဲခန်းကျွမ်းကျင်ဝန်ထမ်းတို့သည် ငှက်ဖျား၊ တီဘီ၊ ဆီးချို စသည့် ရောဂါများ၏ ဓာတ်ခွဲနမူနာများကိုသာ ကိုယ်တိုင်ယူပြီး စစ်ဆေးကြခြင်း ဖြစ်သည်။ သို့သော် ကိုဗစ်ကပ်ရောဂါ ဖြစ်လာသည့်အချိန်တွင်မူ အချို့သော ကိစ္စရပ်များသည် သမားရိုးကျ လုပ်ရိုးလုပ်စဉ်အတိုင်း မဟုတ်ဘဲ ပြောင်းလဲလုပ်ကိုင် ခဲ့ကြရသည်။ အသက် […]

ကိုဗစ်အရေး တိုင်းအစိုးရနှင့် ရပ်ကျေး အချိတ်အဆက်

diz_admin

June 23, 2020

ကိုဗစ်ကပ်ဘေးကာလတစ်လျှောက်တွင် တိုင်းအစိုးရက အမိန့်ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်များကို အခြေခံပြီး လုပ်ဆောင်ရမည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များအကြားတွင် နားလည်မှုလွဲမှား လုပ်ဆောင်မှုများလည်း ကြုံတွေ့ခဲ့ရသည်။ တိုင်းနှင့်ပြည်နယ်များမှ လာရောက်သူမျာကို စောင့်ကြည့်စခန်းတွင် နေထိုင်စေမည့်အချက်မှစ၍ အခြားအချက်အချို့တွင်လည်း တိုင်းအစိုးရနှင့် မြေပြင်တွင် လုပ်ဆောင်နေသူတို့ တစ်သားတည်း မကျသည့် အနေအထားမျိုးလည်း ရှိခဲ့သည်။ ထို့အပြင် တရားမဝင်နယ်စပ်ဝင်ပေါက်မှ ဝင်လာသူများအရေးကိစ္စတွင်လည်း တိုင်းအစိုးရနှင့် ဗဟိုတို့အကြား မူဝါဒမရှင်းလင်းသည့် အခြေအနေမျိုးရှိသဖြင့် ပြည်ထောင်စုကို ပြန်လည်မေးမြန်း ထားရသည့် ဖြစ်စဉ်များလည်း ရှိနေသည်။ လက်ရှိတွင် တိုင်းအစိုးရက ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ထားသည့် အမိန့်ကြေညာချက်အပေါ်တွင်လည်း ရပ်ကျေးအဆင့်နှင့် တိုင်းအစိုးရအကြား အချိတ်အဆက်အားနည်းတာ တွေ့ရသည်။ အမိန့်ကြေညာချက်တွင် ရန်ကုန်တိုင်းအတွင်းရှိ အင်းစိန်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်မှ လာရောက်သူများက စောင့်ကြည့်စခန်းတွင် […]