ကြက်သွန်နီဈေးဆက်တိုက်ကျပြီး ဆန်ဈေးငြိမ်နေသည့် ထားဝယ်ဈေးကွက်
diz_admin
February 3, 2023ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီဈေး ဆက်တိုက်ကျဆင်းနေသည်။ ဇန်နဝါရီလ ပထမပတ်က ကြက်သွန်နီတစ်ပိဿာ ၃၅၀၀ ကျပ်မှ ယခု ဖေဖော်ဝါရီလ ပထမပတ်တွင် တစ်ပိဿာ ၂၀၀ဝကျပ်သာ ကျန်တော့သည်။ ဈေးကွက်ထဲသို့ ကြက်သွန်နီအသစ် ပုံမှန်ဝင်နေသည့်အတွက်ကြောင့် ဈေးနှုန်းဆက်တိုက်ကျဆင်းနေခြင်းဖြစ်သည်။ ကြက်သွန်နီဈေး ကျနေစဉ် ကြက်သွန်ဖြူဈေးမှာ သုံးပတ်ဆက်တိုက် အတက်ဈေးဖြစ်မာနေသည်။ ဇန်နဝါရီလ ၂၀ မှ ၂၇ ရက်အထိ ထားဝယ်ဈေးကွက်ထဲတွင် ကြက်သွန်ဖြူတစ်ပိဿာ ၆၈၀ဝကျပ်ရှိရာ ယနေ့ဖေဖော်ဝါရီလ ၃ ရက်တွင် တစ်ပိဿာ ၇၀၀၀ ကျပ်ဖြစ်သွားသည်။ ကြက်သွန်ဖြူအသစ် ထွက်ရှိမလာသေးသည့်အတွက်ကြောင့် အတက်ဈေးဖြင့် မာနေဦးမည်ဖြစ်ကြောင်း ထားဝယ်ကုန်သည်များထံမှ သိရသည်။ ဆန်ဈေးမှာ ဇန်နဝါရီလ နောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလပထမပတ်အတွင်း ဈေးနှုန်းအတက်ကျမရှိဘဲ တည်ငြိမ်နေသည်။ ဆန်ကြမ်းအကယ်ဒမီ ၂၄ ပြည် တစ်အိတ်ကို ဇန်နဝါရီလ ၂၇ […]


