ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကုန်ဈေးနှုန်း

ရွှေတစ်ကျပ်သား သုံးဆယ်ခြောက်သိန်းဝန်းကျင်ဖြင့် အရောင်းအဝယ်လုပ် (ဩဂုတ် ၂)

Dawei Watch

August 2, 2023

ယနေ့ရွှေဈေးမှာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေဆဲဖြစ်ပြီး တစ်ကျပ်သားလျှင် သုံးဆယ်ခြောက်သိန်း‌ဝန်းကျင်ဖြင့် အရောင်းအဝယ်လုပ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း သုံးဆယ်ငါးသိန်း ငါးသောင်းနှင့် သုံးဆယ်ခြောက်သိန်းကျပ်ကြား ဈေးဖွင့်‌ထားသည်။ ထိုင်းဘတ်ဈေးမှာ အနည်းငယ်ပြန်ကျနေပြီး ဓာတ်ဆီဈေးမှာ တက်ရိပ်ပြ‌နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား သုံးဆယ်ခြောက်သိန်းကျော်ဈေးဖွင့် (ဇူလိုင် ၃၁)

Dawei Watch

July 31, 2023

ယနေ့ရွှေဈေးမှာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေဆဲဖြစ်ပြီး တစ်ကျပ်သားလျှင် သုံးဆယ်ခြောက်သိန်း‌ကျော်ဖြင့် အရောင်းအဝယ်လုပ်နေကြသည်။ ထားဝယ်ဈေးကွက်အတွင်း သုံးဆယ်ခြောက်သိန်းနှင့် သုံးဆယ်ခြောက်သိန်းငါးသောင်းကျပ်ကြား ဈေးဖွင့်‌နေသည်။ ထိုင်းဘတ်ဈေးမှာ တောက်လျောက်တက်နေပြီး ဓာတ်ဆီဈေးလည်း တက်ရိပ်ပြ‌နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ဆန်၊ ဆီ ဈေးတက်နေသည့် ထားဝယ်ဈေးကွက်

Dawei Watch

July 28, 2023

ပြီးခဲ့သည့်အပတ်က တစ်ထောင်စ၊ နှစ်ထောင်စသာတက်သည့် ဆန်ဈေးသည် ဇူလိုင် ၂၁ ရက်နေ့မှ ၂၈ရက်အထိ တစ်ပတ်အတွင်း ဆန်တစ်အိတ်လျှင် ကျပ်နှစ်ထောင်မှ ကျပ်တစ်သောင်းကျော်အထိ အတက်ကြမ်းနေသည်။ အကယ်ဒမီဆန်ကြမ်းတစ်အိတ်၏ ဇူလိုင် ၂၁ရက်နေ့ ဈေးနှုန်းမှာ ၈၁၀၀ဝကျပ်ဖြစ်ပြီး ယနေ့ ဇူလိုင်လ ၂၈ရက်နေ့ ဈေးနှုန်းမှာ ၈၃၀၀ဝကျပ် ဖြစ်လာသည်။ ရွှေဘိုပေါ်ဆန်း (အောင်သီဟ) တစ်အိတ်လျှင် ၁၂၃၀၀ဝကျပ်မှ ၁၃၃၅၀၀ ကျပ်၊ ပေါ်ဆန်း (အကယ်ဒမီ အစိမ်းရောင်တံဆိပ်) တစ်အိတ်လျှင် ၁၀၂၀၀ဝကျပ်မှ ၁၀၅၀၀ဝကျပ်၊ ပေါ်ဆန်း (အကယ်ဒမီ အနီရောင်တံဆိပ်) ဆန်တစ်အိတ်လျှင် ၉၈၀၀၀ ကျပ်မှ ၁၀၁၀၀ဝကျပ်အဖြစ် အသီးသီး ဈေးတက်သွား သည်။ ယင်းအပြင် ဇူလိုင်လ ပထမအပတ်ကစပြီး ငြိမ်နေသည့် စားသုံးဆီမှာလည်း ဈေးအနည်းငယ်လှုပ်ခတ်လာသည်။ ဇူလိုင်လ ၇ ရက်ကစပြီး […]

ရွှေတစ်ကျပ်သား သုံးဆယ်ငါးသိန်းခွဲ ဝန်းကျင်ဈေးပေါက် (ဇူလိုင် ၂၈)

Dawei Watch

July 28, 2023

ယနေ့ရွှေဈေးမှာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေဆဲဖြစ်ပြီး တစ်ကျပ်သားလျှင် သုံးဆယ်ငါးသိန်းငါး‌‌ သောင်းဝန်းကျင်ဖြင့် အရောင်းအဝယ်လုပ်နေကြသည်။ ထိုင်းဘတ်ဈေးမှာ ငြိမ်နေပြီး ဓာတ်ဆီဈေးမှာ တက်လာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်ဆဲ ရွှေဈေး (ဇူလိုင် ၂၇)

Dawei Watch

July 27, 2023

ယနေ့ရွှေဈေးမှာ တိတိကျကျ ဖွင့်နိုင်ခြင်းမရှိဘဲ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေဆဲဖြစ်သည်။ ယနေ့ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်‌‌ငါးသိန်းနှင့် သုံးဆယ်ငါးသိန်းငါးသောင်းကြား ဈေးဖြင့် အရောင်းအဝယ်လုပ်နေသည်။ ထိုင်းဘတ်ဈေးမှာ ပြန်တက်လာပြီး ဓာတ်ဆီဈေးမှာ အနည်းငယ်ကျလာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

သုံးဆယ်ငါးသိန်းဝန်းကျင်ဖြင့် ကြိုက်ရောင်းကြိုက်ဝယ် ရွှေဈေး (ဇူလိုင် ၂၆)

Dawei Watch

July 26, 2023

နှစ်သောင်းတန်ငွေစက္ကူထုတ်ဝေမည့်ဂယက်ကြောင့် ယနေ့အထိ ရွှေဈေးတိတိကျကျ ဖွင့်နိုင်ခြင်းမရှိဘဲ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေဆဲဖြစ်သည်။ ယနေ့ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်‌‌ငါးသိန်းကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။ ထိုင်းဘတ်‌‌နှင့် ဓာတ်ဆီဈေးမှာ အနည်းငယ်ပြန်ကျလာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ကြိုက်ရောင်းကြိုက်ဝယ် ရွှေဈေး (ဇူလိုင် ၂၅)

Dawei Watch

July 25, 2023

ကျပ်နှစ်သောင်းတန် ထုတ်ဝေမည့် ဂယက်ကြောင့် ယနေ့အထိ ရွှေဈေးဖွင့်နိုင်ခြင်း မရှိသေးဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဖြင့်သာ အရောင်းအဝယ်လုပ်နေကြသည်။ ယနေ့ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သုံးဆယ်‌‌ငါးသိန်းနှင့် သုံးဆယ်ခြောက်သိန်းကြားဖြင့် အရောင်းအဝယ် လုပ်နေကြောင်း သိရသည်။ ယမန်နေ့ကမူ သုံးဆယ်ခုနှစ်သိန်းနှင့် သုံးဆယ်ခြောက်သိန်းကြား ဖြင့်အရောင်းအဝယ် ဖြစ်ခဲ့သည်။ ထိုင်းဘတ်‌‌နှင့် ဓာတ်ဆီဈေးလည်း ဆက်တိုက်တက်နေသည်။

ဈေးမဖွင့်သည့် ရွှေဈေးကွက်နှင့် ခုန်တက်သည့် ဘတ်ဈေး (ဇူလိုင် ၂၄)

Dawei Watch

July 24, 2023

စစ်ကောင်စီက ယခုလကုန်တွင် ထုတ်ဝေမည်ဟု ကြေညာလိုက်သည့် ကျပ်နှစ်သောင်းတန် ငွေစက္ကူဂယက်ကြောင့် ရွှေစျေးနှင့် ဘတ်စျေးများ ခုန်တက်သွားပြီး ရွှေဆိုင်များက ဈေးမဖွင့်ဘဲ အခြေအနေ စောင့်ကြည့်နေကြသည်။ ယမန်နေ့ကမူ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သုံးဆယ်‌‌ငါးသိန်း အထိတိုးပြီး ဈေးဖွင့်ခဲ့သော်လည်း ရွှေဆိုင်များက အရောင်းရပ်ထားကြသည်။ ထိုင်းဘတ်‌ဈေးမှာ ခုန်တက်သွားပြီး ဓာတ်ဆီဈေးလည်း ဆက်တိုက်တက်နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက် ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။