သုံးဆယ်ခြောက်သိန်းခွဲနီးပါးဖြင့် ငြိမ်နေသည့် ရွှေဈေး (ဩဂုတ် ၁၁)
Dawei Watch
August 11, 2023ယမန်နေ့နှင့် ယနေ့ ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ အတက်အကျမရှိငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ခြောက်သိန်းလေးသောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်းငြိမ်နေပြီး ဓာတ်ဆီဈေးမှာ ထိုးတက်သွားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။


