အတက်ကြမ်းခဲ့သည့် မြိတ်ကုန်စည်များ စျေးငြိမ်နေ
diz_admin
March 31, 2023အတက်ကြမ်းခဲ့သည့် မြိတ်မြို့ရှိ ကုန်စည်ဈေးကွက်တွင် ယခုအပတ် ဈေးနှုန်းများ တည်ငြိမ်လျက်ရှိသည်။ ယခင်အပတ်က ၂၄ ပြည်ပါ ဆန်ကြမ်းတစ်အိတ်လျှင် ယခင်အပတ်က ၆၅၀၀၀ ကျပ်နှင့် ရွှေဘိုပေါ်ဆန်မွှေးတစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်နှုန်းရှိခဲ့သည်။ အဆိုပါ ဆန်များအပါအဝင် အခြားဆန်အမျိုးအစားတို့ ဈေးနှုန်းပြောင်းလဲမှု မရှိဘဲ တည်ငြိမ်နေခြင်း ဖြစ်သည်။ သို့သော် ဆယ်ပိဿာပါ စားအုံးဆီပုံးဝါတစ်ပုံးလျှင် ယခင်အပတ်က ၆၅၀၀၀ ကျပ်မှ ယခုအပတ်တွင် ၆၄၅၀၀ ကျပ်နှုန်းရှိနေသည်။ အခြေခံစားသောက်ကုန်အများစု၏ ဈေးနှုန်းများ တည်ငြိမ်နေခြင်းဖြစ်သည်။ လောင်စာဆီတွင် လူသုံးများသည့် ၉၂ အောက်တိန်း ဓာတ်ဆီတစ်လီတာလျှင် ၂၃၇၅ ကျပ်နှုန်းဖြင့် မတ်လ တစ်လလုံးနီးပါး ဈေးနှုန်းတည်ငြိမ်နေသည်။


