ကျပ်နှစ်သောင်းခွဲကျလာသည့် ရွှေဈေး (ဇူလိုင် ၃)
Dawei Watch
July 3, 2023ဇူလိုင်လ ၃၀ ရက်နှင့် ယနေ့ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်နှစ်သောင်းခွဲ ထပ်ကျလာသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်တစ်သိန်းရှစ်သောင်းငါးထောင်ကျပ် (3185000ကျပ်)ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း ကျရိပ်ပြလာပြီး ဓာတ်ဆီဈေးမှာ တက်လာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။


