ရွှေတစ်ကျပ်သား ကျပ်သုံးသောင်းကျ (စက်တင်ဘာ ၁၃)
Dawei Watch
September 13, 2023ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သုံးသောင်း ဈေးကျသွားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ငါးသိန်းငါးသောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း ပြန်ကျသွားပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၆ ကျပ်နီးပါး ပေါက်ဈေးရှိနေသည်။

 
                     
                     
                     
                     
                     
                     
                     
                    
