ငရုပ်သီးခြောက်နှင့် ဆန်ဈေးတက်လာသည့် ထားဝယ်ဈေးကွက်
Dawei Watch
June 2, 2023ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်နှင့် ငရုပ်သီးခြောက် ဈေးထပ်တက်လာပြီး စားအုန်းဆီ၊ ငါးနှင့် ပုစွန်ဈေးတို့ ကျဆင်းလာသည်။ မေလ ၁၉ ရက်မှ ဇွန်လ ၂ရက်နေ့အထိ နှစ်ပတ်အတွင်း ထားဝယ်ဈေးကွက်တွင် ငရုတ်သီးခြောက်တစ်ပိဿာ ကျပ်နှစ်ထောင်ခန့်ဈေးတက်လာသည်ကို တွေ့ရသည်။ မေလ ၁၉ ရက်က ထားဝယ်ဈေးကွက်တွင် ရွှေအပ်ခြောက်တစ်ပိဿာ ၁၃၅၀ဝကျပ်ဖြစ်ပြီး မေလ ၂၆ ရက်နေ့တွင် ၁၄၅၀ဝကျပ်၊ ဇွန်လ ၂ ရက်နေ့တွင် တစ်ပိဿာ ၁၅၅၀ဝကျပ် ဖြစ်သွားသည်။ ငရုတ်သီးခြောက်ဈေးတက်သော်လည်း စားအုန်းဆီဈေးမှာ အနည်းငယ်ကျဆင်းလာသည်ကို တွေ့ရသည်။ ယခင်အပတ်က စားအုန်းဆီ ၁၀ ပိဿာဝင် ပုံးဝါတစ်ပုံးကို ၆၆၅၀ဝကျပ်မှ ယခုအပတ်တွင် တစ်ပုံးကို ၆၆၀၀ဝကျပ်ဖြစ်လာသဖြင့် တစ်ပုံးကို ၅၀ဝကျပ် ဈေးကျလာသည်။ ဆန်ဈေးမှာမူ နှစ်ပတ်ဆက်တိုက်ဈေးတက်နေပြီး မေလ ၁၉ ရက်က […]