ကြက်သွန်ဖြူ (ကြူကုတ်) ဈေးကျပြီး ဆန်အချို့စျေးတက်သည့် ထားဝယ်ဈေးကွက်
Dawei Watch
February 14, 2026ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်ဖြူ (ကြူကုတ်) ဈေးကျလာသည်။ ပြီးခဲ့သည့် သီတင်းပတ် ဖေဖော်ဝါရီလ ၈ ရက်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ဖေဖော်ဝါရီလ ၁၄ ရက်တွင် တစ်ပိဿာ ၁၂၅၀၀ကျပ်သို့ ဈေးကျသွားသည်။ တစ်ပတ်အတွင်း ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ငါးရာကျပ် ဈေးကျလာခြင်းဖြစ်သည်။ ကြက်သွန်နီ အပါအဝင် ဆီနှင့် အခြား စားဖိုဆောင်သီးနှံများမှာ ဈေးငြိမ်နေသည်။ သို့သော် ထားဝယ်ဈေးကွက်တွင် တိုင်းပြင်ပမှ တင်သွင်းသည့် ဆန်အမျိုးအစားအချို့မှာ ယခုသီတင်းပတ်အတွင်း ပြတ်လတ်နေသောကြောင့် ဒေသထွက် ဆန်အမျိုးအစား အချို့ ဈေးမြင့်တက်နေသည်။


