ဆန်ဈေးတက်လာသည့် ထားဝယ်ဈေးကွက်
Dawei Watch
October 19, 2024ထားဝယ်ဈေးကွက်တွင် ယခုအပတ် ဆန်ဈေး တက်လာသည်ကိုတွေ့ရသည်။ ယခင်အပတ်က ဆန်ကြမ်းတစ်အိတ် ၈၄၀၀၀ ကျပ်မှ ယနေ့ ၈၈၀၀၀ ကျပ်နှင့် ပေါ်ဆန်းဆန်တစ်အိတ်လျှင် ၁၇၁၀၀၀ ကျပ်မှ ၁၇၆၅၀၀ ကျပ်သို့ ဈေးနှုန်းမြင့်တက်လာသည်ကို တွေ့ရသည်။ တစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် ၄၀၀၀ကျပ်၊ဆန်ချောတစ်ပိတ်လျှင် ၅၅၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။ စားသုံးဆီဈေးမှာ ပြည်တွင်းထုတ်စားသုံးဆီ ဈေးကျပြီး ပြည်ပမှတင်သွင်းသည့်စားသုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိသည်။ ထိုင်းနိုင်ငံမှတင်သွင်းသည့် ပုစွန်နှစ်ကောင် အမှတ်တံဆိပ် စားသုံးဆီမှာ ယခင်အပတ်က ၁ လီတာ ၇၂၀၀ ကျပ်မှ ယနေ့ ၇၄၀၀ကျပ်ဖြစ်လာသည်။ တစ်ပတ်အတွင်း ပြည်တွင်းထုတ်ဆီ ၁ ပိဿာလျှင် ၅၅၀ကျပ် ဈေးပြန်ကျလာပြီး ပြည်ပမှတင်သွားသည့်ဆီမှာ ၁ လီတာ ၂၀၀ကျပ် ဈေးပြန်တက်သွားသည်။ ယင်းအပြင် ကြက်သွန်ဖြူ ကျူကုတ် နှင့် ရွှေအပ်ငရုတ်ခြောက်ဈေးနှုန်းများလည်း […]


